Wednesday, March 24, 2010

အရောင်လေးတွေ အကြောင်းပါ ၁


အရောင်များကို ဆန်းစစ်ခြင်း


အရောင်လို့ဆိုတာနဲ့ ကျွန်တော်တို့တစ်တွေ မျက်လုံးထဲ တန်းပြီး မြင်တာပါပဲ။အမြင်အာရုံနဲ့ ခံစားလို့ရတဲ့အရာမျိုးဆိုတော့ အမြင်အာရုံမရှိတဲ့ သူတွေအဖို့တော့ သေချာစဉ်းစား
ကြည့်မယ်ဆိုရင် အရောင်များနဲ့ကင်းဝေးရတာ ဘယ်လောက်တောင် ဆုံးရှုံးရတယ် ဆိုတာ တွေးမိရင်တောင် ရင်မောစရာတော်တော်ကောင်းပါတယ်။ဒီတော့ အဲဒီကံကောင်းမှုလေးကို
တန်ဖိုးရှိစွာ ခံစားတတ်ဖို့က အရောင်လေးတွေရဲ့  အကြောင်းကို သဘောပေါက်နားလည်ထားမယ်ဆိုရင် နားမလည်ဘဲ..ဒီအတိုင်းခံစားနေသူအဖို့ အမြင်အာရုံ မရှိတဲ့ သူနဲ့မခြားသလို
ခံစားမိနေတာကို မြင်တွေ့လာမှာ မလွဲပါဘူး။…အ၀ါ ၊ အနီ ၊ အပြာ ဆိုတဲ့  ပင်မအရောင် ၃ ရောင် က စပြောရမှာပါပဲ။ အ၀ါ(အနွေး) ၊ အနီ ( အပူ) ၊ အပြာ (အအေး) ပေါ့.။
 (primary color) ဒီ ပင်မ အရောင် ၃ ရောင်ကနေ ပေါင်းစပ်ပြီး နောက်ထပ်အရောင်တွေ ပေါ်ထွက်လာခဲ့တာ နောက်ထပ် ၃ ရောင် ( secondary color) ၊ အဲဒီက မှ နောက်ထပ် ၆ ရောင် (tertiary color) တိုးလာပြီး ၁၂ ရောင် အထိ ဖြစ်လာပါတယ်။
အ၀ါ(yellow) + အပြာ ( Blue) = အစိမ်း ( Green)
အ၀ါ(yellow) + အနီ ( Red) = လိမ္မော် (orange)
အနီ ( Red) + အပြာ ( Blue) = ခရမ်း( violet) အထက်က အတိုင်း primary color တွေ ပေါင်းလိုက်ရင် အစိမ်း ( Green), လိမ္မော် (orange), ခရမ်း( violet) ရယ်လို့ ဒုတိယ (secondary color)တွေရပါမယ်။
ထို့အတူ ရလာတဲ့ primary နဲ့ secondary color တွေကို ပေါင်းစပ်ခြင်းဖြင့် …စိမ်းပြာ,နီလိမ္မော်၊ ခရမ်းပြာ..စသဖြင့် tertiary color ၁၂ ရောင်ထပ်မံရလာပါလိမ့်မယ်။
Attach လုပ်ထားတဲ့ Circle မှာ အနီရောင် triangle မှာ Primary color (Red,Blue,Yellow)တွေ ၊ အစိမ်းရောင်triangle မှာ Secondary color(Green,Orange,Violet)
နှင့် ခဲရောင်ကြက်ခြေခတ်လေးတွေ Primary color နဲ့ Secondary color ကြားမှာရှိတာတွေက tertiary colorတွေပါ။
နာမည်ကတော့ ကိုယ့်ဘာသာကို ရေးလို့ရအောင်ချန်ထားပါတယ်။ဥပမာ...Blue နဲ့ Violet ကြားက ဆို (blue.violet)ခရမ်းပြာ ...Blue နဲ့Greenကြားက ဆို (blue.green)စိမ်းပြာပေါ့။
Color composition ကတော့ theory အရတော့ Primary color ၂ခုပေါင်းရင် ကြားက secondary color ရပါတယ်။ဥပမာ..Yellow & Blue ပေါင်းရင် Green ရပါတယ်။
ကာလာ အခြေခံ စက်ဝိုင်း(မူလ ၃ ရောင် နှင့် ဒုတိယ ၃ ရောင်)

Prove လုပ်ပြရရင်တော့ပုံမှန်အရကောင်းကင်ကအပြာ၊မြေကြီးကအဝါ...ဒါကြောင့်ကြားကသစ်ပင်တွေ  အများစု စိမ်းနေတာပါ။အနီနဲ့အဝါပေါင်းရင် လိမ္မော်ပေါ့ (red + yellow=orange)..ဒါဆိုသဘောပေါက်မှာပါ။

အဲဒီ primary color (blue triangle ) ထိပ် color တွေနဲ့မျက်နှာချင်းဆိုင် color (secondary color)တွေ ကသူတို့ရဲ့ဆန့်ကျင်ဘက် color တွေပါ။
ဥပမာ..yellow & violet (အဝါနဲ့ခရမ်း) ကဆန့်ကျင်ဘက်(opposite color)တွေပါ။
အခု  primary color , secondary color , tertiary color တွေ အပြည့်အစုံရေးထားတဲ့ color circle လေးကို တွေ့ရမှာပါ။
အထက်ပါ color ၁၂ မျိုးဟာ ကိုယ်ပိုင် အရည်အသွေး ( Hue ) ရှိကြပါတယ် ။ ဒီ အရောင် ၁၂ မျိုးကို (အဖြူ , အနက် , မီးခိုး ) စသဖြင့် ရောစပ်ပြီး အချင်းချင်းပေါင်းစပ်သွားခြင်းဖြင့်
နောက်ထပ် အရောင်ကွဲများစွာ ရလာပါမယ်။ color တွေ ကို အဓိက ချိန်ညှိပေးဖို့ အသုံးပြုနေကြတဲ့ စနစ် color dimension ကတော့
 HUE , INTENSITY , VALUE တွေပါပဲ ။
 HUE - ကတော့ အနီ, အ၀ါ , ခရမ်း ..စသဖြင့် ကာလာတွေရဲ့  အခေါ်တွေပါ။
INTENSITY(satuation) - သူက အခုန hue color တွေမှာ သူတို့ရဲ့  ပါဝင်မှူအား. ဒါမှမဟုတ် သန့်စင်မှု အားပေါ့..ဥပမာ - အနီစစ်စစ် ဆို intensity များမယ် ၊ အနီဖျော့ဖျော့ ဆို intensity နည်းမယ်ပေါ့
                                  အဓိကက တော့ အဲဒီ hue color ထဲမှာ အနက်ပါဝင်မှူများရင် intensity နည်းမယ် ၊ အနက်ပါဝင်မှုနည်းရင် intensity များမယ် လို့ဆိုလိုတာပါ။
VALUE - သူကတော့ Hue color တွေရဲ့ အလင်း ,အမှောင်ပါပဲ…ဥပမာ ပန်းရောင်ဟာ အနီထဲ အဖြူပေါင်းထည့်ပေးခြင်းဖြင့် (tint) ဖြစ်လာတာဖြစ်သလို
             နီညိုရောင်ဟာလည်း အမည်းပေါင်းထည့်ပေးခြင်းဖြင့် (shade) ဖြစ်လာတာပါ။   အဓိကက အဖြူ နဲ့ အမည်း ကို ပေါင်းးစပ်သွားခြင်းကို value ကစားတယ်လို့ဆိုလိုတာပါ။
ဒီ color dimension တွေကို ပိုင်ပိုင်နိုင်နိုင် သိမြင်ပြီး ကစားနိုင်မှ color contrast ဆိုတာကို အသုံးချနိုင်မှာပါ…
ဒီ color လေးတွေရဲ့  ဖွဲ့စည်းပုံလေးတွေ သိပြီဆိုရင် သူတို့ရဲ့ အကြောင်းလေးတွေဆက်တာပေါ့နော်။ဒီအရောင်လေးတွေကို တွေ့မြင်ခံစားခြင်းအားဖြင့်
စိတ်ထဲမှာ ပူလောင်မယ် ၊ အေးချမ်းမယ် ၊ တောက်ပတယ် ..စသဖြင့်ခွဲခြား ခံစားတတ်ဖို့ လိုပါမယ်။
ကာလာစက်ဝိုင်းမှာ အနီကစပြီး အ၀ါအထိ တစ်လျှောက်လုံးမှာပါဝင်တဲ့ အရောင်တွေကို warm color တွေလို့သတ်မှတ်ထားပါတယ်။
ထို့အတူ ကျန်တဲ့ အစိမ်းကနေ နီခရမ်း(Red violet) အထိတော့ အအေး cool color တွေလို့ဆိုပါတယ်။သူ့ရဲ့  သဘောကတော့ အနီက စပြီး အ၀ါအထိ warm အဖြစ်ဆုံးကနေ..လျှော့သွားသလို
အပြာကနေတစ်ဘက်စီကို cool အဖြစ်ဆုံးကနေ လျှော့သွားတာမျိုးပါ။အောက်ကပုံလေးကိုကြည့်ရင် သိမှာပါ။





   ဒီကာလာတွေကိုမှ …(Soft color)နူးညံ့တဲ့အရောင်လေးတွေ (သူတို့ကို တောက်ပတဲ့ အရောင်တွေကို အဖြူရောပေးခြင်းအားဖြင့် ရရှိနိုင်ပါတယ်)  

 နောက်..တောက်ပတဲ့အရောင် (bright color) တောက်ပတဲ့အရောင်တွေပေါ့..မြင်သာပါတယ်..primary color တွေနဲ့ သူတို့ပါဝင်မှုများတဲ့ color မျိုးတွေပေါ့။

Natural color( မူလအရောင် ) သူကတော့ အဖြူ ၊ အမည်း ၊ gray (မီးခိုး) ၊ beige(အညိုဖျော့ဖျော့)၊ စသဖြင့် အပူသဘော ..အအေးသဘောမဆောင်ပဲ အရောင်ပါးပါးလေးတွေ၊
အခန်းဆို ..တစ်ခန်းလုံးမှာ အရောင်ရယ်လို့ သေချာသုတ်ထားတာမျိုးမဟုတ်ပဲ black & white tones ဆန်ဆန်မျိုးကို ဆိုလိုတာပါ။

ဒါလောက်ဆိုရင်တော့ ကာလာ အခြေခံလေးတွေ တီးမိခေါက်မိရှိသွားမှာပါ။..နောက်မှ ဒီကာလာလေးတွေကို တွဲဆက်အသုံးချတဲ့ color schemes လေးတွေအကြောင်းပြောပါ့မယ်။









ဆက်ဖတ်ရန်

Friday, March 19, 2010

မိန်ရာဟင်းကောင်း ၀ါ (ကျွန်တော်သိခဲ့သော စာပေမွန်)

ကျွန်တော်အခု အတောအတွင်းမှာ ဖတ်ဖြစ်တဲ့စာအုပ်လေးတွေအကြောင်းဝေမျှချင်ပါတယ်။တစ်ခါတစ်လေ စာကောင်းလေးတွေ ဖတ်မိတဲ့အခါ မိတ်ဆွေတွေကိုလဲ ဖတ်ကြည့်စေချင်တယ်… မဖတ်ခင်လဲ ဘယ်လို အကြောင်းလေးတွေ ရေးထားတာ ဘယ်လိုလေးတွေတော့ အသုံးဝင်တာ စသဖြင့်ပေါ့…tips လေးတွေ ရေးပေးချင်ပါတယ်။..ဒါဆို အဲဒါလေးကို ဖတ်ပြီး..ဒီစာအုပ်လေးကတော့ ကိုယ်နဲ့ သင့်တော်တာပဲ..ဒါမှမဟုတ် မဆိုင်ဘူးလေ..ဒါမှမဟုတ် ..သူငယ်ချင်း ဘယ်သူနဲ့တော့ အဆင်ပြေတယ်.. ပြောဦးမှပဲ စသဖြင့်ပေါ့ ။ဘာလို့ ဒီခါင်းစဉ်လေး ရေးရလဲဆိုတော့ ပုံမှန်တွေးကြည့်ရင် ဖတ်ပြီးတာလေးတွေ ပြန်ပြောရင်ရတာပဲလို့ တွေးချင်စရာပါ။.. တစ်ချို့သော စာအုပ်တွေက ပြန်ပြောတာထက်ကို ကိုယ်တိုင်ခံစား ကြည့်မှ ပိုသိတာမျိုးပေါ့နော်. .ဥပမာ ကိုထူးအိမ်သင် သီချင်းတွေကို ဆိုပြနေတာထက် (၀ါ) ဘယ်လိုကောင်းတယ် ဆိုပြီးပြောတာထက် ..သူ့အသံနဲ့ သီဆိုဟန်ကို နားထောင်မှ ရင်ခုံသံတွေ အမှန်ရမှာမျိုးပေါ့နော်..း-)။ ….အခု စပြောချင်တာကတော့ ဆရာဒေါက်တာလွင်အောင်ရဲ့ ..“ဗိသုကာ့လက်ရာ” ဆိုတဲ့ စာအုပ်လေးပါ… ဆရာ့ရဲ့  နှစ်ပေါင်းများစွာ ပညာဒါနရေးခဲ့တဲ့ မဂ္ဂဇင်းတွေထဲက ဆောင်းပါးတွေ စုစည်းထုတ်ဝေထားတာပါ။ ၂၀၀၃ ခုနှစ်ထဲက ဆရာဟာ အငြိမ်းချမ်းဆုံး အာဝါသဖြစ်တဲ့ သာသနာ့ဘောင်ထဲကို ၀င်သွားခဲ့တာ အခုထက်တိုင်ပါပဲ။.. ဒီစာအုပ်ထဲက ဆောင်းပါးတိုင်းဟာ ဗိသုကာ နဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေ ..ဗိသုကာ အခြေခံတွေ….မြန်မာ့ဗိသုကာဟန်နဲ့ ကမ္ဘာ့ဟန်တွေကို နှိုင်းယှဉ်ပြတာတွေ.. စသဖြင့်.. ဗိသုကာကျောင်းသားတွေ… ဗိသုကာပညာရှင်တွေ သာမကအနုပညာ (archi design/interior design) နဲ့ပတ်သတ်ပြီး အလုပ်လုပ်နေကြသူတွေ.. သာမန်ပြည်သူတွေပါ လေ့လာဖတ်ရှုသင့်တဲ့ ဗိသုကာ စာကောင်းစာမွန်တွေ ရေးထားပါတယ်။ ခေတ်သစ် ဗိသုကာပညာကို မြန်မာ့ရိုးရာ အခေါ်အဝေါ်တွေ.. ရိုးရာဗိသုကာ အယူအဆတွေနဲ့ပါ ပေါင်းစပ်ပြီး ရေးသားထားတာဟာ တစ်ကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဥပမာ - “မြန်မာလူမျိုးတို့ဧ။် စိတ်စေတနာကို ဖော်ပြသော ဗိသုကာ အဆောက်အအုံများတွင် ခြေလျင်ခရီးသွားများ မကြာခဏ တွေ့ကြရသော သောက်ရေအိုးစင်..နောက် ရွာ လမ်းဆုံလမ်းခွ၊ လမ်းခွဲတွေမှာ တွေ့ရတတ်တဲ့ သာလာယံဇရပ်များကို နေပူကျဲတောက်အောက်တွင် လမ်းလျှောက်ခဲ့ရသော ခရီးသည်က မြင်တဲ့အခါ သူ့အတွက် ဘယ်လောက် ဘ၀င်ခိုက်အောင် ကျေနပ်မိပါမည်နည်း။” တဲ့….။ ဒီလိုဥပမာပေးပြီး “ရှေးခတ်ဗိသုကာလက်ရာဖြစ်စေ၊ ခေတ်သစ်ဗိသုကာလက်ရာဖြစ်စေ၊ ဗိသုကာတို့ဖြည့်စွမ်းပေးရမည်မှာ မြင်ရသူနှင့် သုံးစွဲသူ ကျေနပ်မှု ရစေခြင်းသည် အဓိက အချက်ဖြစ်ပါသည်” ဟု ဆိုထားသည်။ ပုံမှန်အားဖြင့် ဗိသုကာလက်ရာတွေဟာ ခိုင်မြဲခြင်း၊ လှပခြင်းနှင့် ကျေနပ်မှု ရစေခြင်းတွေပါရမယ်လို့ ဆိုထားပြီး… ကျေနပ်မှူရစေခြင်းက “ကျေနပ်မှူပေးခြင်းတွင် ပထမအဆင့် အခြေခံ လိုအပ်မှုကို ဖြည့်ဆည်းပေးခြင်း.. ဒုတိယအဆင့်မှာ မျက်စိပသာဒဖြစ်အောင် ဖန်တီးပေးခြင်းမှရသော ကျေနပ်မှု…၊ တတိယအဆင့်မှာ မိမိဘ၀, မိမိလူမျိုး နှင့် မိမိဒေသ ဂုဏ်တင့်မည့် အဖြစ်.. ဇာတိမာန်ကြွရမည့် အခြေအနေကို မြင်တွေ့လိုက်ရလို့ ကျေနပ်မိစေခြင်းမျိုး ဖြစ်ပါသည် ။ဗိသုကာဝိညာဉ်သည် ကျေနပ်မှု အဆင့်တိုင်းမှာ ပါဝင်နေရမယ်” ဆိုပြီး… ဗိသုကာဝိညာဉ် ကို စတင် မိတ်ဆက်လိုက်ပါတယ်။ … ကျွန်တော်တို့ အံ့အားသင့် မှင်သက်သွားစေမှာကတော့ … “ဗိသုကာလက်ရာတစ်ခု ၏ ကြင်အန် ၊ လက်ရာဟန် လက္ခဏာများတွင် ၀ိညာဉ် တည်နေသည်ဟု ဆိုနိုင်သော်လည်း ယင်း ဗိသုကာဝိညာဉ်သည် အတတ်ပညာ ၊ အနုပညာဖြင့် ဖော်ထုတ်နိုင်ကောင်းသည် မဟုတ်ပေ။ ဗိသုကာဝိညာဉ်သည် လူမျိုးတစ်မျိုး ၏ အကျင့်စရိုက်နှင့် လူမျိုးစုတို့ ၏ ဓလေ့.. ခံယူချက်များပေါ်တွင် အခြေပြုပေသည်။.. သမိုင်းကြောင်းပြန်ရရင် မြန်မာတို့ ၏ ယဉ်ကျေးမှု အမြစ်တွယ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်း၊ ဇရပ်၊ သိမ်၊ ဓမ္မာရုံ၊ ကန်နှင့်ဥယာဉ်၊ ပန်းမန်သစ်ပင်များကို အများပြည်သူများက ထူထောင် လှူဒါန်းခဲ့ကြသည်မှာ မြို့ရွာအနှံ့ပင် ဖြစ်သည်။ ရှေး မြန်မာဘုရင်များသည် အတ္တကြီးမားခြင်းကို ပြသည့် အိန္ဒိယ၊ အီဂျစ် ၊ခမာနိုင်ငံ တို့၏ မင်းများကဲ့သို့ ဂူသင်္ချိုင်းကို ခမ်းနားစွာ ကြီးကျယ်စွာ မဆောက်ခဲ့ကြပေ။ အိန္ဒိယ နိုင်ငံ အာဂရာမြို့မှာ ထင်ရှားလှသော တပ်ဂ်ျမဟလ်သည် မိဘုရားအတွက် ဂူသင်္ချိုင်း အဆောက်အအုံဖြစ်သည်။ ခမာနိုင်ငံမှ အန်ကောဝပ်သည်လည်း ဘုရင့်အရိုးပြာ သိုလှောင်ရာ သူ ၏ အတ္တ၀ါဒကို ဖော်ပြနေသည့် အဆောက်အအုံကြီး ဖြစ်သည်။

အီဂျစ် ပရမစ်


ပိရမစ်အတွင်း သင်္ချိုင်း တစ်နေရာ

အီဂျစ်နိုင်ငံမှ ကမ္ဘာကျော် ပိရမစ်များသည်လည်း မိမိတို့ နောင်တမလွန်ဘ၀ သာယာရေးအတွက် ဆောက်ထားခဲ့သည့် ဘုရင့်  ဂူသင်္ချိုင်းကြီးများသာ ဖြစ်သည်။ မြန်မာ့ဗိသုကာလက်ရာသမိုင်းတွင် အထွန်းကားဆုံး ပုဂံခေတ်တွင် လောဘရမ္မက်ကြီးသောမင်းများ ရှိခဲ့ပါသည်။အဘကို သတ်၍ နန်းယူသော မင်းဆိုးများလည်း ရှိခဲ့ပါ၏။ ဤမျှ ကြမ်းတမ်းဆိုးဝါးသော မင်းများပင်လျှင် အတ္တကြီးမားစွာဖြင့် မိမိတို့၏ ဂူသင်္ချိုင်းများကို မဆောက်လုပ်ခဲ့ကြပါ။ ကျန်စစ်သားမင်းတို့ကဲ့သို့သော မင်းကောင်းမင်းမြတ်များကမူ လိုဏ်ဂူတော်များကို အနုပညာပြတိုက် ၊ ယဉ်ကျေးမှူပြတိုက် သဖွယ် ဆောက်လုပ်ကာ ပြည်သူလူထုကို ပညာဗဟုသုတ ပြန့်ပွားရေးအတွက် ဖန်တီး လှူဒါန်းခဲ့ပေသည်။ ထိုမင်းသာ အတ္တကြီးပြီး အလိုရှိခဲ့ပါက ကြီးမားသော ဂူသင်္ချိုင်းကြီးများ ဆောက်ခဲ့နိုင်မှာ အသေအချာပင် ဖြစ်သည်။ယခုမူ ကျွန်ုပ်တို့ တွေ့မြင်ဘူးသည့် အတိုင်း အလှူဒါယကာရုပ်ထုကိုပင် မာန်လျှော့ကာ မြတ်စွာဘုရားကို ကန့်တော့နေဟန်ဖြင့်သာ ထုလုပ်ထားရှိခဲ့သည်။ (အရှင်အရဟံ ရုပ်ထု နှင့်ကျန်စစ်မင်း ယွန်းရုပ်ထု)။ခမာတို့၏ မြို့တော် အန်ကောဝပ်ရှိ ဘာယွန် ကျောက်အဆောက်အအုံကြီးသည်၎င်း ..အန်ကောဝတ် ကျောက်အဆောက်အအုံကြီးသည်၎င်း အဆောက်အအုံ အင်ဂျင်နီယာ ရှုထောင့်မှ ကြည့်လျှင် ချီးမွမ်းစရာဖြစ်သည်။ တစ်တုံးကို တန် ၂၀ လောက်လေးသော ကျောက်တုံးကြီးပေါင်း များစွာကို ပေ ၂၀၀ ခန့်အမြင့်ရောက်အောင် တင်ထားနိုင်တာ ကြည့်ရုံနဲ့တင် ခမာတို့ရဲ့ အတတ်ပညာဟာ ပုဂံခေတ် မြန်မာအင်ဂျင်နီယာတွေထက် သာကြောင်း သိနိုင်ပါတယ်။.သို့ပေမယ့် မြန်မာဗိသုကာ လက်ရာဘက်မှာ ဆောက်လုပ်ထားတဲ့ လက်ရာဟန်က အများပြည်သူကို ချဉ်းကပ် ၀င်လာချင်အောင် ဖိတ်ခေါ်ဟန် ချစ်စဖွယ်ပါဝင်ပါတယ်။အန်ကောဝတ် ဗိသုကာလက်ရာတွင်မူ ပြည်သူတို့က မင်းအား ကြောက်ရွံ့ ခံ့ညားလာအောင် ဖိနှိပ် ကွပ်ကဲလိုတဲ့ဟန် ပါရှိနေပါတယ်… ဒီအချက်တွေကို ကြည့်ရင်ပဲ တစ်စိတ်တစ်ပိုင်း ဖြစ်သော ဗိသုကာ ၀ိညာဉ်ခြားနားချက် ကိုတွေ့နိုင်ပါသည်။”



အန်ကောဝတ်




ပုဂံတစ်နေရာ



ပုဂံရဲ့  အတွင်းပိုင်း နံရံပန်းချီတစ်ချို့

တစ်ကယ့်ကို နားလည်ဖို့ခက်တဲ့ ဗိသုကာဝိညာဉ်ကို မြန်မာ့ဗိသုကာဝိညာဉ် စစ်စစ်နဲ့ နိုင်ငံ တစ်ကာကို ယှဉ်တွဲ ဖော်ပြသွားခဲ့တာ တန်ဖိုးရှိလှပါတယ်။..

အချုပ်မှာလဲ "ဗိသုကာဝိညာဉ်သည် လူမျိုးတစ်မျိုး၏ စီးပွားရေး စနစ် ၊လူမှူရေးစနစ်၊နိုင်ငံရေးစနစ် နှင့်လူထုဘ၀ခံယူချက်ပေါ်တွင် ရှင်သန်ပေါက်ဖွားပေသည်။ အနာဂတ် မြန်မာ့ ဗိသုကာဝိညာဉ်သည် ယနေ့မြန်မာ့ စီးပွားရေး၊ လူမှူရေး၊ နိုင်ငံရေး စနစ်ပေါ်တွင် အခြေခံကာ ပြောင်းလဲလာပေလိမ့်မည်။ ယနေ့ လှူပ်ရှားနေသော မြန်မာ ဗိသုကာများသည် မိမိတို့ လူမျိုး၏ အတိတ်မှ ကောင်းခဲ့သော အနှစ်သာရများ ၊မျက်မှောက်ခေတ်၏ တိုးတက်မှု ဘ၀ပြောင်းလဲနေသော ဖြစ်စဉ်များကိုနားမလည် သဘောမပေါက်ခဲ့လျှင် မြတ်နိုးဖွယ်ကောင်းသော မြန်မာ့ဗိသုကာ ၀ိညာဉ်သည် အနာဂတ်ကာလတွင် ချူပ်ငြိမ်းသွားနိုင်ပါသည်။ ယင်းကဲ့သို့ မဖြစ်လေအောင် မြန်မာလူမျိုး ဗိသုကာလူငယ်များသည် စစ်မှန်သော မြန်မာ့ဗိသုကာ ၀ိညာဉ်ကို မြင်တတ်အောင် ရှူတတ်ရန် ကြိုးစားရပေမည်။. .မြင်ပြီးမှသာ ..နောက်တစ်ဆင့် ဖန်တီးနိုင်မည်ဖြစ်ရာ ၊ မြန်မာ့ ဗိသုကာ အစစ်ဖြစ်ရန် များစွာ ကြိုးစားရပေဦးမည်။ “….မြင်ပြီးမှသာ ..နောက်တစ်ဆင့် ဖန်တီးနိုင်မည်ဖြစ်ရာ တဲ့….. တစ်ကယ့်ကို သတိချပ်ဖွယ်ရာ အမှာစကားလေးပါ…ပြီးတော့…” မြန်မာ့ဗိသုကာ ၀ိညာဉ်သည် အနာဂတ်ကာလတွင် ချူပ်ငြိမ်းသွားနိုင်ပါသည်။ ယင်းကဲ့သို့ မဖြစ်လေအောင် မြန်မာလူမျိုး ဗိသုကာလူငယ် များသည် စစ်မှန်သော မြန်မာ့ဗိသုကာ ၀ိညာဉ်ကို” ဒီစကားလေးကရော လက်ရှိမြန်မာ့ ဗိသုကာ လောကကို တပ်လှန့်လိုက်သလို လူငယ်တွေရဲ့  ပခုံးပေါ်က မေ့လျော့နေတဲ့ တာဝန်တွေကို သတိပေးထားတာ မဟုတ်လားဗျာ။ ဒါတောင် ဒီစာအုပ်ထဲက ဆောင်းပါးလေးတစ်ခုကိုပဲ အမြည်းပြောပြပေးတာပါ။ ..ဒါကြောင့်လဲ ဒီစာအုပ်လေးကိုဖတ်စေချင်တာပါ။……

ကျွန်တော့်ဆီမှာတော့ လာမငှားနဲ့နော်..း-) လာဖတ်ချင်ဖတ်… ပျောက်သွားမှာ စိုးလွန်းလို့ပါ.. ကဲ…. လက်တော့တို့လိုက်ပါပြီ..နော် :D



ဆက်ဖတ်ရန်

Saturday, March 13, 2010

3ds max အကြောင်းသိကောင်းစရာ ၂

တစ်ကယ်. international architecture & engineer field မှာတော.3ds max Mental ray rendering engine နဲ. 3ds max မှာ plug-in အနေနဲ.သုံးတဲ. Vray render engine တွေကို သုံးပါတယ်။သူတို.၇ဲ. Quality ကတော. Realism (good ရှယ်)ပါပဲ။မသိ၇င် real photo လို.ထင်၇ပါတယ်။Mental ray ကတော. autocad 2008 & 2009 မှာသုံးတဲ. Rendering engine နဲ.တူပါတယ်။ Vray နဲ. Mental ray ကောင်းတာနဲ.အမျှ Rendering times က Scanline render ထက် အများကြီး ပိုပါတယ်။ Setting တွေ Idea တွေ approach method တွေများပါတယ်။ Mental ray rendering နဲ.သင်တဲ.သင်တန်းမရှိသလောက်ပါပဲ။ Vray လဲနည်းတူပါပဲ။ ဒါပေမယ်. vray render သင်ပေးတဲ.သင်တန်းတစ်ချို.တော. ရှိပါတယ်။ ရှင်းရှင်း ပြော၇၇င် တစ်ကယ် မသင်ပေးနိုင်ပါဘူး။ learning cd တွေ sample cd တွေဝယ်ပြီး အကြမ်းသင်ပေးတာပါ။ အဲဒီ learning တွေကိုတောင်သေသေချာချာ လေ.လာပြီး နားလည်အောင် သင်မပေးနိုင်ပါဘူး။ International မှာ vray နဲ. mental ray user တွေ အပြိုင်ပါပဲ။Market leader ကတော. vray ပါ။ ကျွန်တော် 3ds max 9 + vray version 1.5...နဲ.လုပ်ထားတဲ. နမူနာ ပုံလေး လေ.လာ၇အောင် တင်ပေးလိုက်ပါတယ်။...

..scanline render ကတော. ကျွန်တော်တို. မြန်မာပြည် မှာ အများဆုံးသုံး ပါတယ်။သူက မြန်ပြီးးတော. quality ကတော. realism မ၇ပါဘူး။လုပ်တတ်၇င်တော. တော်တော်ကောင်းတဲ.ပုံတွေ၇နိုင်ပါတယ်။အဓိက က Lighting နဲ. rendering engine ပါပဲ။

သူ.၇ဲ. lights တွေကို "standard light" လို.ပြောပါတယ်။Scanline render engine နဲ.လုပ်၇င် lights တွေ၇ဲ. intensity တွေကို အလင်းတစ်ခါ ပဲထိတယ် လို.ယူဆပါတယ်။ ပြောချင်တာ ကအလင်း ပြန် မကန်ပါဘူး။ Scan line၇ဲ.၇ည်ရွယ် ချက်ကိုက animation အတွက် နဲ. Quick render အတွက်ပါပဲ။တစ်ကယ်. stay render အတွက်ကတော. Mental ray and vray render engine ပါပဲ။...အဓိက အားသာချက်ကတော. GI & FG (globle Illumination & final gathering)တွေပါပဲ။(gi+FG)ကို "Indirect illumination" လို.ခေါ်ပါတယ်။ အားနည်းချက်က... အချိန်ကြာ တာပါ။ သူ.၇ဲ. Quality ကတော. ကောင်းတဲ.ပုံ ဆို Real photo ပါပဲ။ Autocad 2008/2009 ၇ဲ. rendering engine နဲ.တူပါတယ်။သူ.၇ဲ. lighting types တွေမှာ ကို "photometric light" တွေ (eg..40 ဝပ် 4 ပေ မီးချောင်း...60 ဝပ်မီးသီး...မာကျူ၇ီ မီးလုံးတွေ...etc)စသဖြင်. actual lights တွေပါ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ်. setting တွေကို ကောင်းကောင်း သုံးပြုနိုင်ဖို. ကို အများကြီးလေ.လာ၇မယ်... actual အပြင်က technical concept တွေပါ သိ၇င်ပိုပြီး လုပ်နိုင်မှာပါ။

Default scanline render ပုံလေးလဲတင်ထားပါတယ်......
ဆက်ဖတ်ရန်

Wednesday, March 10, 2010

ဆရာရောဘတ်ရဲ့ Autocad 3d modelling

ဒီစာအုပ်လေးကလဲ ဆရာ ရောဘတ်ဆီက ခွင့်ပြူချက်ရယူပြီး ဝေမျှခြင်းဖြစ်ပါတယ်..
စီးပွားရေးအရ အသုံးမပြုဖို့ပဲ ပြောချင်ပါတယ်။ဒီစာအုပ်မှာ တော့ autocad 2008 ရဲ့  3d ပိုင်းတွေကို
ပြည့်ပြည့်စုံစုံနဲ့ ရှင်းပြပေးထားပါတယ်။ဒါအပြင် animation လုပ်တာလေးတွေပါထည့်သွင်းပေးထားပါသေးတယ်
.စာအုပ်ထဲက..exercise files လေးတွေကိုလဲ ထပ်တင်ပေးပါ့မယ်..
ကျွန်တော်တို့တတွေလဲ အဲဒီတာဝန်တွေကို တတ်နိုင်သလောက်ထမ်းဖို့ကြိုးစားရင်း
ဆရာ့ကျေးဇူးဆပ်ကြပါစို့လား.....


DOWNLOAD LINK

ဒါလေးက လေ့ကျင့်ခန်း အော်တိုကတ် ဖိုင်တွေပါ။ အဆင်ပြေကြပါစေ။
ဆက်ဖတ်ရန်

Monday, March 8, 2010

Autocad 2010 new feature & other


ဒီစာအုပ်လေးက ဆရာ ရောဘတ်ဆီက ခွင့်ပြူချက်ရယူပြီး ဝေမျှခြင်းဖြစ်ပါတယ်..
စီးပွားရေးအရ အသုံးမပြုဖို့ပဲ ပြောချင်ပါတယ်။ဒီစာအုပ်မှာ autocad 2010 ရဲ့
2d ပိုင်းတွေ ၊ 3d modelling (mesh modeling) တွေအပြင် ..trouble shooting တွေ
နောက်..sheetset , dynamic block တွေအပြင်...အရင်က ရေးခဲ့တဲ့ express tools နဲ့
autolisp အခြေခံတွေပါ ထည့်သွင်းရေးသားထားတာ ဟာ ကျွန်တော်တို့ autocad နဲ့
မကင်းနိုင်သူတွေအတွက် အဖိုးထိုက်တန်လှတယ်ဆိုတာ အသေအချာပါပဲ...
http://www.mediafire.com/?mgm2uzngj3i


ဆက်ဖတ်ရန်