Wednesday, September 22, 2010

ရာသီမဲ့ ပျံသန်းခြင်း



















ညနေခင်း မှောင်ရီပျိုးမှာ မောလျတဲ့ တမ်းခြင်းတစ်ချို့ နဲ့ ခြေလှမ်းတစ်စုံ ကို ပိုင်ဆိုင်ရတာ နှစ်တောင် ကြာခဲ့ပြီကော။ သောကတစ်ချို့ ပြေပျောက်ဖို့ ပျော်ရွှင်မှု ၊ လွပ်လပ်မှု လောင်စာတွေ နဲ့ လောင်ကျွမ်း ရတာ မျှော်လင့်တဲ့ မျက်ဝန်းတွေသာ မရှိဘူးဆိုခဲ့ရင် ဦးတည်ရာ လမ်းတစ်လျှောက် ခဏလောက် မှေးပျောက်ချင်တာ အသေအချာပေါ့။

နေ့တွေ မှာ ပါးလှပ်တဲ့ မာနတရားတွေနဲ့ ညဘက်တွေ ရောက်မှ တစ်ခဏလေး ကိုယ်ပိုင်တွေးနိုင်တာတောင် ညတိုင်း မပိုင်ဆိုင်ရပါဘူး။ကာရံတွေ မသီကုံးနိုင် မွန်းကြပ်တဲ့ အပြူံးတွေ ကြားမှာ ကိုယ်ဟာ အမှောင်လူသား တစ်ယောက်ပေါ့။

လေပြေလေးတွေ စီးဆင်းတဲ့ ညတစ်ချို့မှာ ရယ်သံချိုလေးတွေကို လက်တစ်စုံနဲ့ တစ်မြတ်တစ်နိုး ခံယူရင်းနိုးထခဲ့ရတဲ့ မနက်ခင်းတွေမှာတော့ အိမ်မက်အနာဂတ် တစ်ချို့ အတွက် ခွန်အားတွေပေါ့။

အဝေးတစ်နေရာက အသံလှိုင်းတွေအားပြုလို့ တစ်ခါတစ်ရံမှ သက်ဆိုင်ရတဲ့ နွေးထွေးတဲ့ အသံ တစ်ချို့ အတွက် ချိန်ခါတွေ နှောင်းမှ ဆိုတဲ့ စိတ်တွေက တိတ်တဆိတ် အိမ်ပြည့် နေတယ်လေ။

ငှက်ကလေး အဝေးပျံပေမယ် အချိန်တန်ရင်အိမ်အပြန်လှချင်တာ အသေအချာပါ။အတောင်ညောင်းလို့ နားမိတဲ့ အခါ ဒဏ်ရာ တစ်ချို့နဲ့ ရာသီတွေ ခြောက်ခန်းတဲ့ ငှက် ၊ လမ်းပျောက်တဲ့ငှက် ၊ လေဆန်တွေ ပျံရတဲ့ ကြားက မုန်တိုင်းထန်လာလို့ ဘ၀ပါ ပျောက်တဲ့ငှက်.....ခရီးက ကြမ်းပေမယ့် မျှော်လင့်တဲ့ နှလုံးသားတွေ ရှိတဲ့ အသိုက်အမြုံ သို့ တစ်ခေါက် အပျော်တွေ ပိုက်ရင်း ပျံတတ်အောင်လို့ သန်မာတဲ့ အတောင်ပံ တစ်စုံ ကျွန်တော် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာ ...ခု..ထိ...ပါ ။......

No comments: