Tuesday, February 2, 2010

Lighting basic သို့ အလင်းရဲ့  အခြေခံ အပိုင်း ၁

ဒီနေ့ခေတ်မှာ... exterior ပဲဖြစ်ဖြစ်..interior ပဲဖြစ်ဖြစ်.. မပါမဖြစ်.. မျိုးစုံအောင်ပါတာက Light ပါ.. အဲဒီ light တွေထဲက Natural light source နေ နဲ့ Skylight , နောက်..artificial light တွေ.. များလွန်းလို့.. သိတောင်မသိသလိုဖြစ်နေပြီ... ဒါနဲ့ပဲ Light နဲ့ပတ်သတ်ပြီး.. အတွေ့အကြုံလေးတွေနဲ့ပေါင်းစပ်ပြီး...သိချင်လို့ ဖတ်လိုက်တာ.. စာအုပ် ၂ အုပ် ၃ အုပ်လောက်ပေါင်းမှ.. ရေးရေးလေးသိလာလို့.. ရေးမလားလို့ပြောကြည့်တာ.. ရေးရေလေးပဲ သိတာဆိုတော့ ဖတ်တဲ့သူတွေအတွက်..အသိမှားတွေ..ဖြစ်သွားနိုင်ပါတယ်.. အမြည်း အနေနဲ့က ..lighting units တွေပေါ့ဗျာ... candela, Lumen , Footcandle , footlambert တွေရဲ့  ..defination တွေကို ရှင်းလင်းခြင်းပေါ့...

ကျွန်တော် light အကြောင်းမပြောခင်မှာ..အသိမှားခဲ့တာလေးတွေက စပြောပါ့မယ်။
..ဒီလိုပါ..အရင်က ကျွန်တော်တို့..မီးထွန်းဖို့ဆို..၀ပ်၄၀ မီးချောင်းတစ်ချောင်းတို့.. ၆၀ ၀ပ်မီးသီးတစ်လုံးတို့ဆိုပြီးပြောခဲ့ ၀ယ်ခဲ့ကြတယ်... ရေးရေးလေးတော့စဉ်းစားကြည့်ဘူးတယ်. .ဥပမာ..၀ပ်၆၀ ရှိတဲ့မီးသီးက ၀ပ်၄၀ ၄ပေမီးချောင်းလောက် ဘာလို့ မလင်းတာမျိုးပေါ့နော်... ကျွန်တော်လဲ design တွေ project တွေလုပ်ခဲ့တာမနည်းပါဘူး... ဒီလိုပဲ အဲဒီအသိနဲ့လုပ်လာခဲ့တာ ကိုယ့်ကိုယ်ကိုရှက်လို့မဆုံးပါဘူး.. :Sad .တစ်ကယ်က ၀ပ် Watt ဆိုတာက..သူ့ရဲ့  energy consume ပါ။(This means the actual power consumed)
lumen ကမှ ..light intensity အလင်းပမာဏ..အလင်းပြင်းအားပါ..ပုံမှန်အားဖြင့် Watt ၆၀ မီးသီးက ၈၅၀ lumen ထုတ်ပါတယ်... Efficiency အနေနဲ့ ၁၆.၅ lumen/watt ပါ..ဆိုလိုတာက ၁ watt ကို ၁၆.၅ lumen ထုတ်ပေးတော့ watt ၆၀ ဆိုတော့ ၈၅၀ lumen ပေါ့.. အဲ.. ၄၀ watt မီးချောင်း..fluorescent lamp က Efficiency အနေနဲ့ ထုတ်လုပ်တဲ့ product ပေါ်မူတည်ပြီး ၄၀ lumen/watt ကနေ ၆၀ lumen/watt ကြားရှိတယ်လေ...ဒါဆိုရင်တော့ လင်းတာ ဘာလို့ကွာရတယ် ဆိုတာသိပြီထင်ပါတယ်....


Question :
space နဲ့  lumen ချိန်ဆတဲ့ အကြောင်းလေးလဲ သိချင်ပါတယ် ကိုပါပါ ရေ..။ အဆောက်အဦးတစ်ခုမှာ ဘယ်လိုအခန်းမျိုးတွေအတွက် lumen ဘယ်လောက်ရှိသင့်တယ် ဆိုတာလေး။ Natural Lighting အနေနဲ့  lumen ဘယ်လောက်ရအောင် Lighting source တွေ ထားသင့်သလဲ ဆိုတာရယ် available light မရှိတဲ့ အချိန်မှာ Lighting points တွေအတွက် တွက်ချက်နည်းလေးတွေရယ် နည်းနည်းလောက်ပြောပြပေးပါလား ?

Question : Ans:
အဲဒီအဖြေက လွယ်မရောင်နဲ့တော်တော်ခက်တယ်ဗျ...ကျွန်တော်လဲ စာတွေဖတ်ပြီး အဲဒီအဖြေတွေနောက်ကိုလိုက်တာ စိတ်ကြိုက်မဖြစ်ဘူး...စာတွေထဲမှာက အဲဒီလိုအပ်မယ့် lumen ကို ပေးထားပြီး...ဘယ်လို design လုပ်မလဲပဲပါတယ်... ၂အုပ်၃အုပ်လောက်ကိုအဲဒီလိုပဲ....ဘာလို့များအဲလိုပဲရေးနေတာလဲပေါ့..တွေးမိတယ်..နောက်ဆုံး..လွန်ခဲ့တဲ့ ၄ နှစ်လာက်က electrical engineer သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားလေးသတိရပြီး.. စပ်စပ်တွေးမိမှ ပြေလည်သွားတာပါ။... Architectural standard တွေမှာ စာကြည့်တိုက်ဆို ဘယ်လောက် lumen ,အိပ်ခန်းဆိုဘယ်လောက်,..စသဖြင့် code လေးတွေရှိခဲ့ပါတယ်... ဒီလိုပါ...ဥပမာ ၄ ပေ fluorescent မီးချောင်း T 8 ဆိုပါဆို့..အကြမ်းဖြင်း ၂၈၀၀-၃၀၀၀ lumen လောက်ရှိတယ် ..ဒါဆို ၁၀ပေ ၁၂ ပေအိပ်ခန်းလောက်ဆို ကောင်းကောင်းမြင်ရပြီ..ok.. ထားပါ..၃၂၀၀ lumen လောက် ပိုစိတ်ချရအောင်..ခက်တာက ဒီခေတ်ကြီးမှာက မီးကို dramatic ဖြစ်အောင် ထွန်းတယ်လေ... ဥပမာ..အခန်းအလယ်မှာ အဖြူရောင်မီးဝိုင်းလေး..နောက် ခုတင်ခေါင်းရင်း ဗယ်ညာတစ်ဘက်ဆီမှာ down light (spot lights)အသေး၂လုံး နောက် bed side table lamp လေးတွေနဲ့ဆိုရင် အဲဒီ lumen ကျော်သွားနိုင်တယ်..ဒီခေတ်မှာ ဒါမျိုးပဲ သုံးမှာပဲလေ... ဒါကြောင့် ..designer ရဲ့  ပေးချင်တဲ့ mode တွေပေါ်မူတည်ပြီး ရလာတဲ့ lights တွေရဲ့  lumen တွေနဲ့ design လုပ်ရတာပဲလို့ ကျွန်တော် သုံးသပ်မိပါတယ်..အလင်းချိန်ဖို့အတွက်တော့ ကျွန်တော်ပြောခဲ့သလို အကြမ်းအားဖြင့် ၄ ပေချောင်း daylight က ၂၆၀၀ နဲ့ ၃၂၀၀ lumen ကြားမှန်းပြီး အဲဒီအလင်းပေါ်မူတည်ပြီး ချိန်ဆကြည့်နိုင်ပါတယ်....
...................light နဲ့ပတ်သတ်ပြီး အရင်ဆုံး အခြေခံသဘောလေးကိုမြင်ကြည့်ရအောင်နော် ... အလင်းရောင်ထုတ်ပေးတဲ့ အရာ နဲ့ သူရဲ့  တိုင်းတာတဲ့ unit ..နောက် အလင်း ထိခံရတဲ့နေရာ နဲ့ သူရဲ့  တိုင်းတာတဲ့ unit ပြီးရင် အလင်းပြန်လာပြီး ကျွန်တော်တို့ မျက်လုံးကို ရိုက်ခတ်ပြီး မြင်ကွင်းမှာ သဘာဝ လောကကြီးကို ပုံဖော်ပေးတဲ့ ပြန်လင်းတန်းတွေရဲ့  တိုင်းတာတဲ့ unit ရှိပါတယ် ..... Smiley အရင်ဆုံးအလင်းထုတ်လွှတ်တဲ့ အကြောင်းလေးပြောမယ်နော်..
Light Source Quality(I) ....... သူကတော့ အလင်းထုတ်လွှတ်တဲ့ ပမာဏပါ..သူ့ ကို candelas(cd) or candlepower(cp) တွေနဲ့ unit သတ်မှတ်ကြပါတယ်။

Flow of Light ........ Luminous flux(Lm) လို့ခေါ်တဲ့ အချိန်ပေါ်မူတည်ပြီး ထုတ်လွှတ်တဲ့ အလင်းပမာဏပါ(the time rate of flow of light). သူ့ကို lumen (Lm)unit နဲ့ ပမာဏသတ်မှတ်ပါတယ်။

Lumen lumen ဆိုတာကတော့ light source or point light source ဥပမာ ဖယောင်းတိုင် တစ်တိုင် ထွန်းလို့လင်းတဲ့အလင်းပေါ့.. အဲဒီဖယောင်းတိုင်ထွန်းတဲ့အခါ အလင်းတွေဟာ 360 degree ပတ်လည် sphere သဏ္ဍန် အလင်းထုတ်လွှတ်တဲ့အခါ radius 1 ft unit ရှိတဲ့ sphere ရဲ့  မျက်နှာပြင်ဧရိယာ 1 sq ft( 1 X 1) ပေါ်မှာရှိတဲ့ ပမာဏကို 1 lumen လို့သတ်မှတ်ပါတယ်။ ကဲဒါဆို အလင်းအားကြောင့် ထိရိုက်ခံရတဲ့ area အကြောင်းဆက်မယ်နော်...

Incident Light or Illuminance (E) သူကတော့ အလင်းအားကြောင့် ထိရိုက်ခံရတဲ့ area ကခံစားရမယ့် အလင်းပမာဏဖြစ်ပြီး သူ့ကို footcandles(fc) or Lux (lx) units တွေနဲ့ သတ်မှတ်ပါတယ်..
1 footcandle = 1 lumen/square foot (1 lumen အလင်းအားကြောင့် 1 sq ft area မှာခံစားရတဲ့ အလင်းပမာဏ)
1 lm = 1 fc * 1 sf
1 lux = 1 lumen/square meter(1 lumen အလင်းအားကြောင့် 1 sq meter area မှာခံစားရတဲ့ အလင်းပမာဏ)
1 lm = 1 lx * 10.76 sf (3.3' x 3.3')
So ..1lm = 1 fc * 1 sf = 1 lx * 10.76 sf
1 fc = 10.76 lx ဒါလေးက fc နဲ့ lx ရဲ့  ဆက်စပ်ချက်ပါ။

နောက်ဆုံးကတော့ အလင်းအားကြောင့် ထိရိုက်ခံရတဲ့ area ကခံစားပြီး မျက်နှာပြင်က အလင်းပြန်လာတဲ့ အကြောင်းပေါ့နော်..

Reflected Light or Luminance (L)(or Exitance).... ဒါကမှ ကျွန်တော်တို့ မျက်လုံးမှာ သဘာဝလောကကြီးကို မြင်ရဖို့ အလင်းတွေထိရိုက်ပြီး အရာဝတ္တုတွေရဲ့ မျက်နှာပြင်က ပြန်လာတဲ့ အလင်းတွေရဲ့  ပမာဏကို ဖော်ပြပေးတာပါ။ သူ့ရဲ့  units တွေက တော့ cd/sq meter or cd/sq ft တွေဖြစ်ပြီး SI ရော Metric နှစ်မျိုးလုံးအတွက် foot Lambert လို့ လဲ သတ်မှတ်နိုင်ပါတယ် ..
cd/sq m * 0.2919 = footLambert
cd/sq ft * 3.1416 = footLambert
footLambert * 3.4263 = cd/sq m
footLambert * 0.3183 = cd/sq ft ဒါတွေက units ဆက်ဆက်မှုလေးတွေပါ။
တွဲပါလာတဲ့ ပုံလေးနဲ့ ကြည့်လိုက်ရင် သဘောပေါက်မယ်ထင်ပါတယ် .... (ပါကြီး..).

No comments: