Friday, April 23, 2010

SKETCHUP မိတ်ဆက်

SKETCH UP software အကြောင်းမိတ်ဆက်လိုက်ပါတယ်။.. မြန်မာမှာလူသိနည်းသေးတယ်..ဒါပေမယ့် Europe မှာရော ..thai မှာဆို
Archi firm တွေရော Designer တွေပါ တွင်တွင်ကျယ်ကျယ် သုံးနေပါတယ်။
Architect တွေ Designer တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့
Design Software တစ်ခုပါ။Google ကထုတ်တာပါ။
Free version နဲ့ Pro version ဆိုပြီးရှိပါတယ်။အခု Version 7 အထိရှိပါပြီ။
Sketchup သာဆွဲနေရရင် ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ Game တစ်ခုကိုကစားနေရသလိုပါပဲ။
သင့်ရဲ့ စိတ်ကူးများကို လွတ်လပ်ပေါ့ပါးစွာ ပုံဖော်ပေးတဲ့ Design tool လေးလို့ပဲပြောချင်ပါတယ်။ 
autocad 3d ဆွဲတတ်ရင် sketch up ဆွဲတတ်ဖို့ မခက်ပါဘူး။သူ့ရဲ့ quality ကhand drawing နဲ့ perspective ဆွဲပြီး color rendering လုပ်ထားတဲ့ အရသာပေးပါတယ်။မကြာခင် စင်ကာင်္ပူ ရဲ့ Interior & architecture building ပိုင်းတွေမှာခေတ်စား လာလိမ့်မယ်လို့ သတိထားမိပါတယ်။..အချိန်ကုန် သက်သာပြီး ...pc ရဲ့ performance ကလဲ autocad 3d&render,3ds max တွေသုံးရတဲ့ specification တွေလောက်မလိုပါဘူး။...အခုကျွန်တော် ဆွဲထားတဲ့ ပုံလေး ကို SKETCH UP ရှဲ့quality ကို မြင်ရအောင် မိတ်ဆက်တင်ပြလိုက်ပါတယ်

No comments: