- ကျွန်တော်တို့ တစ်တွေ ပုံတွေ ဆွဲတဲ့ အခါ dimension တွေ တပ်တဲ့ အခါ ညီနေအောင် အမြဲသတိထား တပ်ပေမယ့် continous နဲ့ ဆက်သွားလဲနည်းနည်းလေးတွေ မညီလို့ အမြဲ ညှို ရလေ့ရှိပါတယ်.။ အဲဒါတွေ အတွက် dimspace ဆိုတဲ့ command လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပုံလေးမှာ သေချာ ပြထားပါတယ်။ ပုံ ၁ က မလုပ်ရသေးတဲ့ပုံ...ပုံ ၂ က လုပ်ပြီး သွားတဲ့ပုံလေးပါ။ - SAVE ဆိုလို. autocad save ၇ဲ. လူသိနည်းတဲ. save အကြောင်ပြော ကြည့်မယ်နော်..... File 1 ခုnew တောင်းပြီး menu ကပဲဖြစ်ဲဖြစ် ၊ command line ကပဲဖြစ်ဲဖြစ် ၊ Ctrl +S နှိပ်တာပဲဖြစ်ဲဖြစ် "save as" dialog box ကျလာပြီိး name ပေး save ၇ပါတယ်။ Save ပြီးတဲ. ဘယ်file ဖြစ်ဖြစ် command line မှာ "save" လို. ရိုက်ကြည်.၇င် "save as" dialog box ကျလာပြီိး name ပေးပြီး save ၇င် အဲဒီ new file က save တဲ. path အတိုင်း save ပြီးး autocad မှာ နဂို file ပဲ ဆက် ရှိနေ မှာနော်။ Original Save as နဲ. ပြောင်းပြန်နော်။ But you must do type "save" in command line.နဂိုဆွဲနေတဲ့ ဖိုင်ကနေ save as လုပ်ပြီး နာမည် အသစ်ပေး နဂိုဟာက အော်တိုပိတ်ပြီး အသစ်ပဲရှိနေတော့ နဂိုဟာလိုချင်ရင် ပြန်ဖွင့် ..အသစ်ကို တစ်ခြားပေးဖို့ အတွက်ပိတ်နဲ့ အလုပ်မရှုပ်တော့ပါဘူး။နောက် 1 ခုက autocad မှာ file 2 or 3 or 4 files...etc (eg...3 files) ဖွင်.ပြီိး files 1 ခု စီတိုင်း ကို new geometry (eg...rectangle or line or circle..) ဆွဲပြီး ကြိုက်တဲ. file ထဲ မှာ command line " saveall " လို. ရိုက်ပြီး autocad ကို ပိတ်ပါ။ပြီိး၇င် ခုနက files တွေကို check လုပ်ကြည်.၇င် နောက်ဆုံး ဆွဲ ထားတဲ.အတိုင်း တွေ.၇ပါမယ်။ ဖွင့်ထားတဲ့ Files အများကြီး ကို 1 ခါထဲနဲ. save တာနော်။
- RenameAutocad ဆွဲရင်းနဲ. layers တွေလဲ 2ခု 3ခု ၊blocks...textstyle...dimstyle...စသဖြင်. နံမည်ပြန်ပေးစရာ(rename လုပ်ဖို.)များ နေရင် တစ်ခုချင်းစီ သွားလုပ်၇င် အချိန်ကုန်ပါတယ်။ မြန်အောင် လို. command line မှာ "rename"လို. ရိုက်လိုက်တာနဲ. DialogBox တစ်ခုကျလာပြီး left side မှာ rename လုပ်လို.၇တဲ. types တွေနဲ. right side မှာ left side ကရွေး ထားတဲ. current types မှာပါတဲ.. detail တွေ၇ဲ.name တွေနဲ. အမြန် rename ပြန်ပေးလို.၇ပါတယ်။
Friday, September 24, 2010
Autocad tips 1 (3)
Wednesday, September 22, 2010
ရာသီမဲ့ ပျံသန်းခြင်း
Monday, September 6, 2010
စကပ်(ချ)အပ် ပရို ဗားရှင်း ၈
Pro version 8 ပါ။ဘာတွေ အသစ်ပါလဲဆိုတာတော့ ကျွန်တော် သေချာမစမ်းရသေးလို့မပြောနိုင်ပါဘူး။ သူ့website...http://sketchupdate.blogspot.com မှာဖတ်ကြည့်ပါနော်။သေချာတာတော့ acad 2010 က ဖိုင်တွေ import/export လုပ်နိုင်တာရယ် solid တွေလို နုတ်လို့ ပေါင်းလို့ (Sub: & Union ) ရတဲ့ tool အသစ်တိုးလာပါတယ်။
Saturday, August 21, 2010
Minimalist Design Introduce
ဒီစကားလံုးေ
ဥပမာ.. ဘာမှမစားဘူးဆိုပြီး minimalist ဖြစ်အောင် အပြောင်ထားမယ့်အစား ပန်းအိုးလေးတစ်လုံးလောက်တော့ တင်ထားတာမျိုးလေးပေါ့... ဒါလောက်
1 .Less stressful.
3.Easier to clean
ရှင်းရှင်းလေးပါ...ပစ္စည်းတွေ များနေတဲ့ နေရာမှာ နဲနဲလေး ရှုပ်မိတာနဲ့ စိတ်ထဲမှာ အတော်ပွနေပြီး ရှင်းရမှာလဲ အတော်အားယူရသလို အချိန်ယူမိတဲ့အတွက် ရှင်းရပြီဆိုရင်လဲ အချိန်တွေ ပေးရတာပါပဲ။minimalist design အနေနဲ့ က နဲနဲလေး ရှုပ်တာနဲ့ ထင်းနေပြီး..ချက်ချင်းပဲ အလွယ်တစ်ကူ ရှင်းပစ်နိုင်တာက သန့်ရှင်းသပ်ရပ်မှူကို အထောက်အကူပြုနေမှာပါ။
အတိအကျမရှိပေမယ့် အများစု ဘုံပါတဲ့ အချက်လေးတွေပါ..........အဆင်ြေ
Wednesday, June 23, 2010
Autocad custom hatch pattern လေးတွေ သုံးချင်ရင်
အခု ဒေါင်းထားပြီး သုံးနေတာလေးတွေ တင်ပေးလိုက်ပါတယ်…. အဲဒီ pattern လေးတွေပါတဲ့ folder လေးကို အဆင်ပြေတဲ့နေရာမှာထားပြီး ..autocad မှာ ” options ” ……files tab အောက်က support file search path အောက်မှာ path အသစ်ကို အခုနက hatch pattern တွေစုထားတဲ့ folder လေးထားတဲ့ နေရာကို add လုပ်လိုက်ပါ။.. ပြီးရင် hatch command ခေါ်ပြီး.. pattern က custom tab ကိုသွားလိုက်ရင် pattern အသစ်လေးတွေကို တွေ့ပြီး …သုံးနိုင်ပါပြီ…
Friday, June 18, 2010
Pattern များ ပြုလုပ်ခြင်း (သို့) ဥာဏ်နီဥာဏ်နက် သင်ခန်းစာ
classic ကတော့ section ဆွဲ front view အတိုင်း လိုင်းတွေထုတ်ပြီး အဖောင်းအချိုင့်တွေ ပေါ်အောင် gradient hatch နဲ့ ကလိတာပေါ့... အဲမှာ gradient hatch က လိုချင်တဲ့ shade အတိုင်းတော့ပေးပါရဲ့ .. ဒါပေမယ့် hatch ချယ်တဲ့ အခါ အလယ်ပိုင်းပဲမှန်ပြီး ဘေးနှစ်ဘက်မှာ ကို့ယို့ကားကယားတွေ ဖြစ်နေတာနဲ့.. pdf နဲ့ ထုတ် photoshop ထဲမှာပဲ gradient ချယ်.. နောက် noise လေးတွေထဲ့လိုက်တာ အခုပြထားတဲ့အတိုင်း တွေ့ရမှာပါ.။ နောက် pattern တစ်ခုက custom pattern တွေထဲက တစ်ခုချယ်ပြီး explode လုပ်..လိုင်းthickness တွေ ထူပြီး.. pdf ထုတ်...PS ထဲမှာ လိုချင်တဲ့နေရာလေးတွေ အရောင်ဖြည့် layer လေးတွေလဲ ခွဲထားပြီး layer style ကနေ... shadow လေးတွေ.. emboss တွေ ကစားလိုက်တာ တစ်ခုရလာပြန်ကော။
နောက်ဆုံး သစ်ပင်ကိုင်း အခြေခံ pattern ကတော့ custom pattern နှစ်ခုကို ပေါင်းစပ်ပြီး ဥာဏ်များ ထားတာပါ.။ တစ်ခုကို အရင်ချယ်.. စိတ်ကြိုက် စကေးချိန်.. explode လုပ်ပြီး.. နေရာ အသေအချာချပြီး လိုင်းအထူအပါး ပေးထားပါတယ်။ နောက်တစ်ခုက custom pattern ထဲက ကိုယ်လိုချင်တာလေးထပ်ခြယ် .. ပြီးတော့ စကေးချိန်ပြီး ပထမ လုပ်ထားတာနဲ့ ထပ်ကြည့်တော့ အဆင်မပြေသေးဘူး.. ကိုယ်က နဲနဲ ဆွဲဆန့် ချင်တာ.. ဒါနဲ့ပဲ... block လုပ်ပြီး properties ကနေ x,y စကေးတွေ ကစားလိုက်တာ အဆင်ပြေသွား တယ်ပေါ့။ ပြီးမှ ဟိုတစ်ခုနဲ့ထပ်ကြည့်တယ်.. ok ပေါ့. အဲ.. ဒီဟာက pdf ထုတ်တော့ ၂ ခုထုတ်ပြီးမှ PS မှာ layer တစ်ခုစီအနေနဲ့ပြန်ထပ်တယ်. ဒါမှ layer style နဲ့ အဖောင်းအကြွ..effect တွေ ကစားလို့ရမှာလေ..pattern နှစ်ခုကို pdf တစ်ခုစီ ထုတ် လိုက်ပြီး PS မှာ အထက်ကပြောသလို ကစားလိုက်တာ ..အခုမြင်ရတဲ့ အဆင်ဆန်းလေးရလာပါတယ်.။ ပုံလေးတွေလဲ နားလည်အောင်တင်ထားပေးပါတယ်..။
ဒီသင်ခန်းစာလေးက autocad , photoshop နဲနဲဆီ တတ်ထားမှ အဆင်ပြေမှာပါ။ မတတ်သေးတဲ့သူတွေ အနေနဲ့ တော့ အရင် လေ့လာစေချင်ပါတယ်...အခုဟာလေးက autocad ,photoshop တော့ သိပါရဲ့  .. အခုလို လုပ်ရကောင်းမှန်း အသုံးချတတ်စေချင်လို့ အတွေ့အကြူံလေးကို ဝေမျှလိုက်တာပါ။စိတ်ဝင်စားရင် custom hatch pattern လေးတွေ တောင်းလို့ရပါတယ်.။ MEF က မန်ဘာတွေဆို autocad ခေါင်းစဉ်အောက်မှာ တင်ထားပေး ပြီးသားပါခင်ဗျာ..း)
Friday, May 28, 2010
ကျွန်တော်ခံစားမိသော တိုးတိုးတိတ်တိတ် ကိုလေးဖြုရဲ့  သီချင်းများ..
Download လင့် လေးပါ။း)
Tuesday, May 18, 2010
ကျွန်တော် ဖြတ်သန်းခဲ့သော Interior Designer တစ်ယောက်၏ အတွေ့အကြုံများ- ၁
Interior Design & supervise လုပ်ရတာ အရမ်းခေါင်းစားပါတယ်။ အလွန်လဲ စိတ်ရှည် စေ့စပ်ရပါတယ်။ Client နဲ့ ဘယ်လောက်ပဲ အဆင်ပြေပါစေ တစ်ချက်ကလေး တိမ်းစောင်းသွားတာနဲ့ တော်တော်ကို ပြန်ဆယ်ယူရပါတယ်။ ဥပမာ- final painting မှာ နဲနဲ လက်ရာကြမ်းသွားတာပဲဖြစ်ဖြစ်၊ color နဲနဲ မကြိုက်တော့တာပဲဖြစ်ဖြစ် အရှေ့က လုပ်ခဲ့တာတွေ သွားရောပဲ။ အဆောက်အဦးရဲ့ structure အကြမ်းထည်မှာက client ကပုံမှန်အားဖြင် သိပ်မမြင်တော့ မြန်ပြီး ခိုင်ခန့် သပ်ရပ်အောင် လောက်ပဲ ဂရုစိုက်လေ့ ရှိပါတယ်။ Interior ပိုင်းမှာတော့ မြင်လွယ်ပြီး နောက်ဆုံး ထိတွေ့ အသုံးပြုရမှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်ရှည်ပြီး Client complain ကိုလည်း ထိမ်းရပါတယ်။ တစ်ကယ့်ကို ၀ါသနာပါမှ စိတ်ရှည်နိုင်မှ ဖြစ်မှာပါ။
2D design တွေ ချပြတဲ့ အချိန်မှာလည်း client ဖြစ်ချင်တာဟာ သူ့အတွက် technical point of view အရရော archi ပိုင်းပါအရပါ မသင့်တော်ရင် အဲ့ဒီ Client ကို အလိုလိုက်လို့ မရပါဘူး။ ဒါပေမယ် မလုပ်ပေးနိုင်ဖူး၊ လုပ်လို့မရဖူးလို့ သွားပြော ရင်လည်း အဆင်မပြေပါဖူး ။ ဒီတော့ Client ကို သဘောပေါက်အောင် သေသေချာချာ educate ပေးဖို့လိုပါတယ်။ ကိုယ် သိနေရုံနဲ့ မပြီးသေးပါဖူး။ ကိုယ် သိထားတဲ့အသိကို သူ့ကို သိအောင်လည်း ပြောပေး ဆွေးနွေးပေး ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ စကား အပြောအဆိုတွေက အရေးပါလာ တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ထားရပါမယ်။ တစ်ခါတစ်လေ client က technical term တွေ english စာ သိပ်မကောင်းရင် သတိမထားမိပဲ impression အရပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပုံမှန် အလေ့အကျင့် အရပဲဖြစ်ဖြစ် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကို များများထည့်ပြောမိတတ်ပါတယ်။ တကယ်က အဲလိုပြောမယ့်အစား သူနားလည်အောင် မြန်မာလိုပဲ တတ်နိုင်သမျှ သတိထား ပြောပေးသင့်ပါတယ်။ တစ်ချို ကျတော့ oversea experience လဲရှိ အမြင်လဲရှိတဲ့သူ ဖြစ်ရင်တော့ technical term တွေ archi term တွေ concept တွေနဲ့ပြောမှ သင့်တော်ပါတယ်။ Interior Design ဟာလူမှုဆက်ဆံရေးနယ်ပယ်နဲ့ နီးကပ်လွန်းတဲ့အတွက် စကားအပြောအဆိုဟာ အရေးပါတဲ့ အချက်ပါပဲ။
Designer တော်တော်များများက 2d design ကိုပဲ complete ဆွဲပြီးပြလေ့ရှိပါတယ်။ အဲဒီလို လုပ်ဖို့ဆိုတာ အရမ်းကို master ကျပြီး အတွေ့အကြုံလဲ အများကြီးရှိဖို့ လိုပါတယ်။ အချိန်လဲ အများကြီးရပြီး စိတ်ကြိုက်လုပ်ခွင့်ရဖို့လဲ လိုပါတယ်။ 2D design ဆွဲ material specification တွေထည့်ပြီး color print နဲ့ပုံထုတ် client ကြိုက်ပြီဆိုရင်တော့ လုပ်ကြပေါ့လေ။ တစ်ကယ့် actual လဲလုပ်ရော wall တို့ ceiling တို့ရဲ့ color တွေနဲ့ material တွေရဲ့ composition တွေကို ကောင်းကောင်း မထိမ်းနိုင်ခဲ့ရင် တစ်ခုစီကြည့်တော့ ဟုတ်မလိုနဲ့ လက်တွေ့မှာ တစ်ခန်းလုံး အနေနဲ့ ဘာကို ခံစားရမှန်းမသိပဲ ပြသနာတတ်တော့တာပါပဲ။ ဒါကြောင့် Design ကို 3d visualization လုပ်ကြည့်ပြီး color, material, texture, lighting စတာ တွေကို သေသေချာချာ 3d visualizationမှာ အပြီးဆွဲခဲ့ဖို့ လိုပါမယ်။ ဒါမှ actual မှာ အမှားနည်းမှာပါ။ ပုံထဲကလို color တွေ ရအောင် သေသေချာချာ ဂရုစိုက်လုပ်တာတောင်မှ ဒီအတိုင်းကြည့်ပြီး color မှန်ပြီဆိုပြီး lighting လဲ ထွန်းရော color တွေ မမှန်တော့ပဲ ဖြစ်ကုန်လို့ ပြသနာ ဖြစ်ရတာတွေ အများကြီးပါ။
ဥပမာ- အပြာရောင်နံရံပေါ် အဝါရောင်များတဲ့ မီးထွန်းလိုက်ရင် အစိမ်းရောင်သန်းနေပါမယ်။ ဒါရဲ့သဘောက ကောင်းကင်က အပြာ မြေကြီးကအဝါဖြစ်ပြီး ဒါကြောင် သစ်ပင်တွေ စိမ်းတာပါ။ အဲဒီတော့ ကိုယ့်ရဲ့ design ကို 3d visualization အတိုင်းရချင်ရင် color တွေသုံးတဲ့အခါ daylight ရော night light တွေပါ ထွန်းပြီး ထွက်ပေါ်လာမယ့် color ကို သေသေချာချာ ချိန်ပြီး သုံးသင့်ပါတယ်။ ဒါကြောင့်လဲ dressing shop တွေမှာ အများအားဖြင့် color အဖြူ light color အဖြူတွေ အသုံးများတာပါ။ မဟုတ်ရင် ကိုယ်ကဆိုင်မှာ lighting color effect ကို သတိမထားမိပဲ အရောင်ကြိုက်တာလေး ဝယ်ပြီး အိမ်ကျမှ အရောင်မတူလို့ အဆင်မပြေတဲ့ အဖြစ်တွေ ကြုံရတာလဲ အများကြီးနော်။ ဒါက Designer တွေ သတိထား စဉ်းစားလေ့ရှိတဲ့ အချက်ပါ။
အထက်ကပုံလေးကိုကြည့်ရင်ရှုထောင့်တစ်ခုထဲကနေ day light ရောnight scene ကိုပါထည့်သွင်းစဉ်းစားထားတဲ့ အခန်းလေး တစ်ခန်းကို တွေ့ရမှာပါ။ Designer တစ်ယောက်မှာ မျက်နှာမလိုက်ရမယ့် အရာတွေ ရှိပါတယ်။ ပထမ color ပါပဲ။ Designer ဟာ သူ့ရဲ့ favorite color တွေကို လိုက်ဖက်မယ့် Design တွေမှာပဲသုံးရပါမယ်။ တော်တော်များများက သူတို့ရဲ့ favorite colorတွေပေါ် မူတည်ပြီး Design ဆွဲခဲ့၇င် Design နဲ့ matchမဖြစ်တဲ့အခါ ကောင်းသင့်သလောက် မကောင်း ဖြစ်တတ်ပါတယ်။ ဥပမာ designer ရဲ favorite က white ဆိုပါစို့။ ဒါဆိုမှားဖို့မလွယ်တဲ့ အရောင်ပါ။
ကလေးခန်းလေး ကို white color main ထားပြီးသုံးခဲ့ရင် လှနေမှာပါ။ ဒါပေမယ့် ခ၇မ်းရောင်လေးတွေ၊ အဝါရောင်လေးတွေ၊ အပြာ အနုအရင့်လေးတွေ စသဖြင့် လိုသလို သုံးခဲ့ရရင် ကလေးခန်း ပီပီသသ လှလှလေး ဖြစ်သွားနိုင်တယ်နော်။ ဒါက ယဉ်ယဉ်လေးနဲ့ ဟနေတာ လေးပါ။ Designer ဆိုမှတော့ လုံးဝကြီးတော့ မလွဲနိုင်ဘူးလေ။ အခုလို ဟတာလေးတွေက တစ်ကယ့်ကို သတိမမူ မိတာလေးတွေနော်။ ဒါကြောင့် color တွေပေါ်မှာ မျက်နှာမလိုက်မှ သင့်တော်တဲ့နေရာမှာ client ရဲ Mindset ကိုမူတည်ပြီး အကောင်းဆုံး ambient color (အဓိကခြုံလွှမ်းတဲ့ color)ကို ရွေးချယ်နိုင်မှာပါ။...
ဆက်ပါ့မယ်...
Sunday, May 16, 2010
ကျွန်တော် ဖြတ်သန်းခဲ့သော Interior Designer တစ်ယောက်၏ အတွေ့အကြုံများ
ဒီစာစုလေးက မြန်မာအင်ဂျင်နီယာ ဖိုရမ် (MEF) မှာ နှစ်ပေါက်အောင် အချိန်အတော်ကြာ အပျင်းထူရေးခဲ့တဲ့ စာစုလေးတွေပါ။နှစ်နှစ်မြောက် ဂျာနယ်မှာ ညီမလေး ဂျွန်မိုးအိမ် ကူညီပေးလို့ စုစည်းပြီး နဲနဲ edit လုပ်ရေးဖြစ်ခဲ့တယ်။အခု အဲဒီထဲက ခွဲပြီး အပိုင်းလိုက်တင်ပေးလိုက်တာပါ။...
ကျွန်တော် ဖြတ်သန်းခဲ့ ဘူးတဲ့ Interior Designer တစ်ယောက်ရဲ အတွေ့အကြုံများ လေးတွေပါ။ နောင် Interior Design ကို စိတ်ဝင်စားတဲ့ ညီ၊ ညီမငယ်လေးများအတွက် ဗဟုသုတ အဖြစ်ပေါ့။
Interior Designer ဆိုတာ Architect ရဲ အစိတ်အပိုင်း တစ်ခုဆိုတာ သဘောပေါက်ဖို လိုပါတယ်။ ကျွန်တော် Interior Designer တစ်ယောက်အဖြစ် စိတ်ကူးတွေ ယဉ်မိတာ အိမ်မက်တွေမက်မိတာ မသိစိတ်ထဲက ဖြစ်နေတာ interior ပိုင်း မလုပ်ခင်ထဲကပါပဲ။ သူများတွေ ၀ါသနာပါလို့ လိုက်ပါတာမျိုး မဟုတ်သလို သေသေချာချာလဲ သိလို့လဲ လိုက်စားမိတာလည်း မဟုတ်ခဲ့ပါဘူး။ လုပ်ကြည့်ရင်းနဲ့ စိတ်ဝင်စားလာတာပါ။ လုပ်ရတဲ့ အလုပ်အပေါ်မှာလည်း ပင်ပန်းတယ်လို့ ခံစားမိတာထက် မိမိရဲ့ ဖန်တီးမှု တစ်ခု ပြီးသွားတာကို မြင်ရတဲ့အခါ အမောပြေ ကြည်နှုးတာက ပိုပါတယ်။
ကိုယ့်ရဲ့  design လေးကို realistic rendering ပြီးတဲ့ အခါ..ကြည့်ပြီး ကြည်နှုးရတာက မိဘက သားသမီးမွေးပြီး ကြည်နှုးပီတိ ဖြစ်တာမျိုးပေါ့.. နောက် ..အဲဒီ ပုံလေးအတိုင်း ဖြစ်လာအောင် ပြုစုပျိုးထောင်ရတာ ကြီးကြပ်ရတာက မိဘက သားသမီးကို မွေးပြီး..ကြီးပြင်းလာလို့ အောင်မြင်တာကိုခံစားကြည်နှုးမိတာမျိုး.. အဲလိုမျိုးလေးတွေလဲ ခံစား နှစ်ခြိုက်တတ်ဖို့ကလဲ designerကောင်း တစ်ယောက်အတွက် မရှိမဖြစ်ပါ။ သိသိသာသာ ပါရမီ ပါတာမျိုးတွေ ရှိသလို မသိလိုက်ပဲ ကိုယ့်မှာ ရှိနေတာမျိုးတွေလဲ မြင်အောင်ကြည့်တတ်ဖို့ လိုပါမယ်။ အရေးကြီးတာက ကိုယ်က ဖန်တီးဖို့ထက် သူများ ဖန်တီးထားတာလေးတွေ ခံစားတတ်ဖို့ သိပ်လိုပါတယ်။ မခံစားတတ်လို့ ကိုယ်က မဖြစ်ပါဘူးလို့လဲ အတွေး မစောပါနဲ့ဦး။ တစ်ချို့အရာတွေက ကျင့်ယူရတာ လေ့လာယူရတာတွေလဲ ရှိပါသေးတယ်။ အဓိကက အနုပညာကို ခံစားတတ်ဖို့ ဝေမျှချင်စိတ်ရှိဖို့ လေ့လာ သင်ယူတဲ့အခါမှာလဲ စိတ်ထဲမှာ ခံစားစီးမြောနေမယ်။ နောက် အဲဒီ စီးမြောနေတာလေးတွေလဲ မျှဝေပေးချင်စိတ်တွေ ပေါ်လာတာမျိုးလေးတွေက designer ဖြစ်ဖို့ အခြေခံကောင်းလေးတွေပါ။ အလားအလာရှိတဲ့ ရေခံမြေခံလေးတွေပါ။
ဘယ်လိုမျိုးတွေ ခံစားမိသလဲဆိုရင် လမ်းသွားရင်းပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေတာပဲ ဖြစ်ဖြစ် အိမ်မှာ တီဗီ ကြည့်နေတာပဲ ဖြစ်ဖြစ် အရောင်လေးတွေ သီချင်းလေးတွေပဲ ခံစားမိလိုက်တာပဲဖြစ်ဖြစ် design လေးတွေပဲ ဖြစ်စေ အမှတ်တမဲ့ကနေ အမှတ်တရလေးတွေ ဖြစ်လာအောင် ခံစားလာရတာမျိုးလေးတွေ အားကောင်းလာတာမျိုး ကိုယ်ကိုယ်တိုင်က ခံစားတတ်မှ သူများ ခံစားချက်လေးတွေကို ထိမိအောင် ဖမ်းဆုပ် ဖန်တီးနိုင်မှာပါ။ လှတာတွေ ကောင်းတာတွေ ခံစားတာကနေ ဘယ်ဟာလေးက လှနေတာလဲ ဘယ်လိုမျိုးလေး ဆွဲဆောင်မှုရှိတာလဲ အဲလိုမျိုးလေးတွေ ကြည့်တတ်လာမယ်။ နောက် ဒီထက်ပိုပြီး မလှတာတွေ ဆွဲဆောင်မှု အားမကောင်းတာတွေပေါ့။ ဒါလေးတွေကလဲ ဘယ်ဟာကြောင့် မလှတာ ဘယ်လို မကောင်းတာက အစ ခံစားမိလာဖို့လဲ လိုပါတယ်။ ဒါလေးတွေက ကိုယ်လုပ်ပေးမယ့် design ပေါ်မှာ ရှိနေတဲ့ စိတ်ထားလေးတွေကို အားကောင်းစေပါတယ်။ ဘယ်ဟာလေးက လှနေတာလဲ ဘယ်လိုမျိုးလေးဆွဲဆောင်မှုရှိတာလဲ အဲလိုမျိုးလေးတွေ ကြည့်တတ်လာမယ်။ နောက် ဒီထက်ပိုပြီး မလှတာတွေ ဆွဲဆောင်မှု အားမကောင်းတာတွေပေါ့။ ဒါလေးတွေကလဲ ဘယ်ဟာကြောင့် မလှတာ ဘယ်လို မကောင်းတာက အစ ခံစားမိလာဖို့လဲ လိုပါတယ်။ ဒါလေးတွေက ကိုယ်လုပ်ပေးမယ့် design ပေါ်မှာ ရှိနေတဲ့ စိတ်ထားလေးတွေကို အားကောင်းစေပါတယ်။
ယခု ပုံမှာ မြင်ရတဲ့ Mini waterfall လေးဟာ အိမ်လေးတစ်အိမ်ရဲ့  ထမင်းစားခန်းရဲ့ ဘေးဘက် ပြူတင်းပေါက် အပြင်ဘက် ကပ်လျက်မှာ ဖန်တီးထားတာပါ။ ပေးချင်တဲ့ ခံစားမှုလေးကတော့ ထမင်းစားခန်းမှာ စားသုံးတဲ့အချိန် ဘေးဘက်ကို ကြည့်တဲ့အခါ ရေလေးတွေ တစ်သွင်သွင် စီးကျနေတဲ့ သဘာဝ အသံလေးတွေနဲ့ အိမ်ထဲမှာ ထိုင်နေပေမယ့် သဘာဝ ဥယျာဉ်လေးထဲမှာ နေပြီး စားနေရသလိုမျိုး ဖြစ်အောင် ပေးထားတာပါ။
ပုံမှာတော့အားလုံးကို အသေးစိတ် မဖော်ပြတော့ပါဘူး။ အဲဒီ ထမင်းစားခန်းလေးရဲ့ အနောက်ဘက် ပြူတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်ရင် ခြံစည်းရိုး အုတ်တံတိုင်းနဲ့ ၆ ပေလောက်ပဲ ကျန်ပါတယ်.။ အဲဒီကြားမှာ ၀ါးရုံပင်လေး စိုက်ပေးထားပြီး အဲဒီ ၀ါးရုံပင်လေးတွေရဲ့ အနောက်ဖက်မှာ မြင်နေရမယ့် နံရံတွေမှာလည်း သဘာဝ ကျောက်လေးတွေကို ကပ်ပြီး အလှဆင်ထားပါတယ်။ ဒါကြောင့် အိမ်ထဲမှာ ဆိုပေမယ့် အိမ်ရဲ့  လုံခြုံနွေးထွေးမှု လည်း ခံစားရသလို သဘာဝ ပတ်ဝန်းကျင်လေးလဲ ပိုင်ဆိုင်နိုင်တဲ့ အတွက် တစ်နေကုန် ပင်ပန်းလာပြီး ညဘက် dinner စားတဲ့အခါမှာ အေးချမ်းတဲ့ သဘာဝ ညရှူခင်းလေးနဲ့ သဘာဝအသံလေးတွေက အပန်းပြေစေသလို ၊ မနက်အိပ်ရာထတဲ့ အချိန် အလုပ်မသွားခင် မိသားစု breakfast စားတဲ့အခါ လတ်ဆတ်တဲ့ သဘာဝနဲ့အတူ တစ်နေ့တာအတွက် ခွန်အားတွေရစေပါတယ်။
ဒီလို ခံစားမှုလေးတွေရဲ့  ရင့်ကျက်တည်ငြိမ်မှုမှာ Design Concept နဲ့ engineer ပိုင်းဆိုင်ရာ နည်းပညာတွေ ပေါင်းစပ်ပြီး အခြေခံကာ Visualization tools လေးတွေနဲ့ design အိမ်မက်စိတ်ကူးလေးတွေကို အကောင်အထည်ဖော်လိုက်ခြင်းအားဖြင့် propose design လို့ခေါ်တဲ့ သုံးဘက်မြင် အခန်းလေးတွေနဲ့ သူတို့ရဲ့  ဖွဲ့စည်းပုံ layout plan တွေကို ရရှိလာပြီး အသုံးချမည့်သူ(client) နဲ့ တင်ပြဆွေးနွေးနိုင်ပြီပေါ့နော်။ အဲဒီ design tools လေးတွေကတော့ handsketch ,(computer aided design) cad drawing တွေပါပဲ။ ဒါကြောင့်လဲ သူတို့ရဲ့  အပိုင်းကလည်း အရေးပါတယ်ဆိုတာ သိထားစေချင်ပါတယ်။ ဒါပေမယ့် ဒါတွေက ပုံဖော်ပေးတဲ့ ထောက်ကူပြု tools တွေ software တွေဆိုတာ ကိုလည်း သတိချပ်စေချင်ပါတယ်။
အများစုက Interior Design ဆိုတာ autocad 2d/3d ပြီးပြီးသား 3ds max တတ်ပြီးသား၊ interior design ဝါသနာပါရင် လုပ်နိုင်မယ်ထင်တယ် ဆိုပြီး ပြောကြတယ်။ တစ်ချို ကျတော့ interior ပုံတွေဆွဲခဲ့တဲ အတွေ အကြုံတော့ရှိတယ်။ Design concept မရှိဘူးလေ။ ခက်တာကလည်း ကျွန်တော်တို့ဆီမှာက interior design school မှ မရှိတာ။ Architect တွေပဲ ကျောင်းမှာ Interior design ကို ဘာသာရပ်တစ်ခုအဖြစ် သင်ရတာပါ။ ဒါတောင်မှ interior design professional အတွက်ဆိုရင် အများကြီး course တွေဖြည့်ဖို့ လိုပါဦးမယ်။ တစ်ကယ် ဝါသနာပါရင်တော့ သီးသန့် ဘာသာရပ် တစ်ခုလို အချိန်ပေး လေ့လာဆည်းပူးရမှာပါ။ Software တစ်ခုကို သင်ယူဖို့လွယ်ပေမယ့် ဒီဇိုင်းတစ်ခု မှန်မှန်ကန်ကန် ထွက်လာဖို့ကတော့ Professional ကျကျ လေ့လာရမှာပါ။
ဆက်ပါ့မယ်...
Saturday, May 15, 2010
ဆရာ နှင့် အတူ စီးမြောချင်း
ကျွန်တော် ကတော့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးမှာ ဒီနေ့ အထိ ဆရာတွေနဲ့ ပတ်သတ်ပြီး
မှတ်မှတ်သားသား အဖြစ်အပျက်တွေ များသလို မှတ်မိနေတာတွေကလဲ တစ်ခြား အရာတွေထက်ပိုနေပါတယ်။
တပည့် အနေနဲ့ ဆရာတွေ နဲ့ အတူ ရင်ခုံဘူးသလို ..ဆရာတစ်ယောက် အနေနဲ့ လဲ ခံစားရင်ခုံဘူးတာလဲ
မနည်းတော့ဘူးလို့ ဆိုရမယ်ထင်ပါတယ်။ ပီတိစားအားရှိ ဆိုတဲ့ စကားစုလေးဟာ နားထောင်လို့ ဖတ်လို့
အတော် ကောင်းပေမယ့် တစ်ကယ့် တစ်ကယ် စားရတာ မသက်သာလှပါဘူး။ဖြူစင်တဲ့ နှလုံးသားကို
ထမင်းလုပ်ပြီး တွဲစားမှပဲ မြိန်မှာ အသေအချာပါ။ကျွန်တော့်လိုပဲ ခံစားမိတယ်ဆိုရင် ၀မ်းသာမိမှာပါ။
ဆရာ ဆိုတဲ့ စကားလုံးလေးတွေနဲ့ ကခုန်မိတာလေးတွေ အချိန်ရရင် ရသလိုရေးဦးမယ်ဗျာ...
Wednesday, April 28, 2010
စု တု ပြု
တစ်ရက်က magazine တစ်ခုမှာ အပြင်မှာ လုပ်ပြီး သား အခန်းလေးတစ်ခုရဲ့  ပုံလေးကို တွေ့မိပြီး.. ဒါလေးကို တုပြီး ပြုဦးမှ ဆိုပြီး အဲဒီ ဓာတ်ပုံထဲက အတိုင်း design နဲ့ measurement , proportion တွေ ကို Autocad နဲ့ ဆွဲ ပြီးတော့ max ထဲပို့ပြီး 3d ဆွဲ vray နဲ့ render လုပ်ပါတယ်။ သူရဲ့ နဂိုမူရင်းက warm ဖြစ်တဲ့ ဘက်ကို အလေးပေးထားပေမယ့် ကျွန်တော်က warm နဲ့ cool ကို တွဲဆက်ပြီး တစ်ချို့ design elements လေးတွေ color လေးတွေ , texture လေးတွေချိန်းထားပါတယ်။ ဒီ ပုံလေးရဲ့ အသက်ကတော့ light နဲ့ color composition ,material လေးတွေပေါ် မူတည်ပြီး visualize မှာ ဆွဲဆောင်မှုရှိတာကို သတိပြုမိစေချင်ပါတယ်...
နဂိုပုံလေးနဲ့ အခု လုပ်ထားတဲ့ render perspective လေးကို တင်ပေးလိုက်ပါတယ်..
Monday, April 26, 2010
Friday, April 23, 2010
SKETCHUP မိတ်ဆက်
Archi firm တွေရော Designer တွေပါ တွင်တွင်ကျယ်ကျယ် သုံးနေပါတယ်။
Architect တွေ Designer တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့
Design Software တစ်ခုပါ။Google ကထုတ်တာပါ။
Free version နဲ့ Pro version ဆိုပြီးရှိပါတယ်။အခု Version 7 အထိရှိပါပြီ။
Sketchup သာဆွဲနေရရင် ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ Game တစ်ခုကိုကစားနေရသလိုပါပဲ။
သင့်ရဲ့ စိတ်ကူးများကို လွတ်လပ်ပေါ့ပါးစွာ ပုံဖော်ပေးတဲ့ Design tool လေးလို့ပဲပြောချင်ပါတယ်။
autocad 3d ဆွဲတတ်ရင် sketch up ဆွဲတတ်ဖို့ မခက်ပါဘူး။သူ့ရဲ့ quality ကhand drawing နဲ့ perspective ဆွဲပြီး color rendering လုပ်ထားတဲ့ အရသာပေးပါတယ်။မကြာခင် စင်ကာင်္ပူ ရဲ့ Interior & architecture building ပိုင်းတွေမှာခေတ်စား လာလိမ့်မယ်လို့ သတိထားမိပါတယ်။..အချိန်ကုန် သက်သာပြီး ...pc ရဲ့ performance ကလဲ autocad 3d&render,3ds max တွေသုံးရတဲ့ specification တွေလောက်မလိုပါဘူး။...အခုကျွန်တော် ဆွဲထားတဲ့ ပုံလေး ကို SKETCH UP ရှဲ့quality ကို မြင်ရအောင် မိတ်ဆက်တင်ပြလိုက်ပါတယ်