Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Monday, April 9, 2012

Value များနှင့် ကခုန်ခြင်း


                   “ Value ” = တန်ဖိုး   ......  ကျွန်တော်တို့က  လေးစား  မြတ်နိုး စွာနဲ့  တန်ဖိုးထား တတ်တာ  ရှိသလို၊  ကျွန်တော်တို့ အတွက် နဂိုကတည်းက   သတ်မှတ်ထားတဲ့   တန်ဖိုး များ ရှိပါတယ်။
                    ကျွန်တော်တို့ အတွက် နဂိုကတည်းက   သတ်မှတ်ထားတဲ့   တန်ဖိုး များလို့  ဆိုလိုတာက  ပစ္စည်းတစ်ခု ရဲ့ သတ်မှတ်ထားသည့်    တန်ဖိုးများဆို  မြင်မယ်ထင်ပါတယ်။ Supermarket တစ်ခုကို ၀င်လိုက်တာနဲ့   ၀ယ်သမျှ  ပစ္စည်းတိုင်းမှာ သတ်ဆိုင်ရာ  တန်ဖိုးများ  သတ်မှတ်ထားပြီး  ဖြစ်နေပါပြီ။ ရွေးချယ်ခွင့်ကတော့  ပစ္စည်းကောင်းတာ မကောင်းတာ မျှသာ ရွေးချယ် ခွင့်ရှိပါတယ်။ တန်ဖိုးကတော့  ကိုယ့်စိတ်က တန်၏ မတန်၏ သတ်မှတ်ပိုင်ခွင့်ရှိသော်လည်း  ရယူပိုင်ဆိုင်ခွင့် အတွက်ဆိုရင်တော့  သတ်မှတ်ထားပြီးသား  တန်ဖိုးအတိုင်းသာ  ပေးချေရမှာပါ။
                     ကျွန်တော်တို့က  လေးစား  မြတ်နိုး စွာနဲ့ တန်ဖိုးထား တာမျိုးကတော့  ဥပမာပြောရရင် မွေးကင်းစ ကလေးတစ်ယောက် အတွက်   မိခင်နို့ရည် ဆိုတာ အဲဒီကလေးအတွက် တန်ဖိုးအထားရဆုံး ဖြစ်သလို  တန်ဖိုးအနေနဲ့ အခြေခံထားတာက  ငွေကြေးမဟုတ်တဲ့  မေတ္တာ  ပါ။တန်ဖိုးဖြတ် သတ်မှတ်လို့  မရနိုင်ပါဘူး။ အရွယ်ရောက်လာတဲ့ အခါကျတော့   မိခင်နို့ရည်ထက် ပိုပြီး   တောင့်တစရာတွေ  များလာပါတယ်။ ဥပမာ-ကစားစရာ အရုပ်လေးများ ၊ မုန့်  စသဖြင့်ပေါ့။ဒီထက် ပို   အရွယ်ရောက်လာတဲ့  ဆယ်ကျော်သက်  ၀န်းကျင်မှာတော့  အ၀တ်အစား ၊ အသုံးအဆောင်ပစ္စည်း ၊ အတတ်ပညာ ၊ စာအုပ်စာပေ စသည်တို့ အပြင် လူမှုရေးလုပ်ငန်းတွေ သာရေးနာရေးတွေ က အစ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ များလာပါပြီ။ အဲဒီ အရာတွေ ထဲမှာ “  ကျွန်တော်တို့က  လေးစား  မြတ်နိုး စွာနဲ့  တန်ဖိုးထား တတ်တဲ့ အရာတွေ  ရှိသလို၊  ကျွန်တော်တို့ အတွက် နဂိုကတည်းက   သတ်မှတ်ထားတဲ့   တန်ဖိုး ရှိ  အရာများလဲ  ” ရောထွေးပါဝင် နေပါတယ်။
                   ကျွန်တော် ကြားဖူးတဲ့ အဆိုအမိန့်လေးတစ်ခု ရှိပါတယ်။ လူတစ်ယောက်မှာ ပထမ ဆုံးလိုအပ်ချက်က အစားအစာနဲ့ရေပါ။ အဲဒါပြည့်စုံပြီဆိုရင်  နောက်ထပ်တောင့်တလာတာကတော့   နေထိုင်ရေးပါ။ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေ  ပြည့်စုံပြီဆိုရင်တော့  ချမ်းသာ ကြွယ်ဝမှု ၊ နဲ့ လုပ်ပိုင်ခွင့် အာဏာ ပါ။ အဲဒီ  နောက်ကွယ်မှာတော့  ပတ်ဝန်းကျင်က  ချစ်ခင်လေးစားမှု  ဆိုတဲ့ အရာလေး ပါတဲ့  ချမ်းသာ ကြွယ်ဝမှု  နဲ့ လုပ်ပိုင်ခွင့် အာဏာ၊  ချစ်ခင်လေးစားမှု  ပေါ်အခြေမခံတဲ့  ချမ်းသာ ကြွယ်ဝမှု ၊ နဲ့ လုပ်ပိုင်ခွင့် အာဏာ ဆိုပြီးတော့ ကွဲပြားနေတာကို  ကျွန်တော်တို့ တတွေ  သေချာဆန်းစစ်ဖို့ လိုပါမယ်။

 

ချစ်ခင်လေးစားမှု  ဆိုတဲ့ အရာလေး ပါတဲ့  ချမ်းသာ ကြွယ်ဝမှု  နဲ့ လုပ်ပိုင်ခွင့် အာဏာ အထိ ပြည့်စုံဖို့ ဆိုတာ လူအများစုအတွက် အားလုံးပြည့်စုံဖို့   မလွယ်တဲ့ အရာပါ။ ကျွန်တော်တို့  ချမ်းသာ ကြွယ်ဝမှုကို အလေးပေးပြီး  လုပ်ပိုင်ခွင့်တွေ ဖန်တီးမှာလား (သို့မဟုတ် ) လုပ်ပိုင်ခွင့်  အာဏာကို  အလေးပေးပြီး  ချမ်းသာကြွယ်ဝအောင်လုပ်မှာလား။
                    ချမ်းသာကြွယ်ဝမှု နဲ့ လုပ်ပိုင်ခွင့်တွေကို အလေးပေးတဲ့ အခါမှာလဲ  ချစ်ခင်လေးစားမှု  ဆိုတဲ့ အရာကို အခြေခံတာနဲ့ အခြေမခံတာ  ထပ်ပြီး စဉ်းစားဖို့လိုလာပါပြီ။ ဥပမာ - ရုံးတစ်ရုံးမှာ အရာရှိ နှစ်ယောက်ရှိတယ်ဆိုပါဆို့ ၊  ပထမ တစ်ယောက်က ငွေကြေးချမ်းသာတယ် အဆက်အသွယ် နောက်ခံတောင့်တယ်ပေါ့ ၊ သူ့ကတော့ သူ့ လုပ်ပိုင်ခွင့်အတွက် သူ့အကျိုးအတွက် အဓိက ဦးစားပေးပြီး လုပ်တယ်ပေါ့။ ဒုတိယ တစ်ယောက်ကတော့ ငွေကြေးက ပုံမှန်ပါပဲ သူကတော့ သူ့ လုပ်ပိုင်ခွင့်အတွက် အများကို အဆင်ပြေဖို့ ဦးစားပေး ဆောင်ရွက်တတ်တယ်ပေါ့ ။ ရလဒ် အနေနဲ့ကတော့ ပထမ အရာရှိက ၀င်ငွေပိုကောင်း အဆင်ပြေ အထက်လူကြီးတွေကိုလည်း  ပိုပြီး personal အနေနဲ့ supporting လုပ်ပေးနိုင်ပြီး ရာထူးတက်လဲ မြန်သလို အခွင့်ရေးကောင်းတွေ လဲ ပိုရတယ် ။ ဒုတိယ အရာရှိကတော့ ပထမ အရာရှိရဲ့  အစစ အရာရာ နောက်ကပဲ ဖြစ်နေပါတယ်။ သူ့စိတ်ကတော့ ရှင်းပြီး စိတ်ချမ်းသာတဲ့ ခံစားမှုလေး ပဲ ရမှာပါ။
                 အထက်က ဖြစ်စဉ်လေးကို  သေချာစဉ်းစားပြီး စာသဘော အများအမြင် ကောင်းတဲ့ သဘောထက် ကိုကိုယ်တိုင် အဲဒီ နေရာမျိုးမှာ ရွေးချယ်ဖို့ အခြေအနေဖြစ်လာရင် အမှန်အတိုင်း ၀န်ခံပြီး  ဆုံးဖြတ်မယ်ဆိုရင်  ပထမ အရာရှိကို ရွေးမလား ဒုတိယ အရာရှိကိုရွေး  မလားဆိုတာ ကိုယ်လေးစား  တန်ဖိုးထားတဲ့ တန်ဖိုး (value ) ပေါ်မူတည်ပြီး  ဆုံးဖြတ်သွားမှာ အသေအချာပါ။
             
        ကျွန်တော်ထားမိတဲ့ value အကြောင်း ဝေမျှချင်ပါသေးတယ်။ တစ်ရက်က ကျွန်တော့် ငယ်သူငယ်ချင်း ချမ်းသာတဲ့ စီးပွားရေးသမား တစ်ယောက်ရဲ့ ပွဲလေးတစ်ခု သွားခဲ့ပါတယ်။ အဲဒီမှာ သူ ကျွန်တော့်ကို မိတ်ဆက်ပေးတဲ့ သူတစ်ချို့က  မြို့နယ် တစ်ခုမှာ တစ်ရက်ကိုတင် သိန်း ၂၀ ၊ ၂၅ လောက် ၀င်ငွေကောင်းနေတဲ့ အထူးကု ဆရာဝန်ကြီးတစ်ဦး ၊ နောက်တစ်ယောက်က  အဲဒီ ဒေသမှာ သိန်းထောင်ချီ ၀င်ငွေကောင်းနေတဲ့ စီးပွားရေးသမား ၊နောက်ထပ်လဲ အလားတူပါပဲ။ ကျွန်တော့် ရင်ထဲမှာ တော့ ပုံမှန် လူတွေနဲ့ မိတ်ဆက်ရသလိုပဲ ခံစားမိပါတယ်။ ထူးထူးခြားခြား မခံစားမိပါဘူး။ ပုံမှန် ဆိုရင်တော့ ဒီလိုလူတွေ နဲ့ ခင်မင်ခွင့်ရတာဟာ ကိုယ့်အတွက် အကျိုးရှိစရာ အားကျစရာပါ။ ထူးထူးခြားခြား အားမကျမိတာ အမှန်ပါ။အဲဒီ အချိန်မှာ ကျွန်တော် စိတ်ဝင်စား အားကျမိတာက  အဲဒီပွဲမှာ လာရောက်  ဖျော်ဖြေပေးတဲ့ မြို့ခံ တီးဝိုင်းနဲ့ သီဆိုဖျော်ဖြေသူ လူငယ်တွေပါ။ သူတို့တစ်တွေက  ဒီပွဲ မှာ ဖျော်ဖြေရလို့လဲ  စီးရီးထုတ် ဖို့ အတွက်ရွေးချယ်ခံစရာ အခွင့်အရေးမရှိသလို ငွေရေးကြေးရေး အနေနဲ့လည်း မယ်မယ်ရရ မရသလို အဲဒီ အပေါ်မှာလဲ စဉ်းစားစရာ မလိုအောင် ကိုယ်ပိုင် ရပ်တည်နိုင်ပါတယ်။ အားတက်သရော ဖျော်ဖြေနေသလို  စုံစမ်းမေးမြန်းမိတဲ့ အခါမှာလည်း  နောက် ၀ါသနာပါတဲ့ ကလေးတွေ ဆက်လက် ရပ်တည် နိုင်အောင် တီးဝိုင်းလေး ရည်ရှည် တည်တံ့ဖို့ နဲ့ သူတို့ရဲ့ ၀ါသနာ ရင်ခုံသံ ပျော်ရွှင်မှုလေးတွေပါတဲ့။ ဒါဟာ သူတို့ထားတဲ့ value တစ်ခုဆိုရင် မမှားပါဘူး။ အဲဒီ value ကို  ကျွန်တော် လည်း တန်ဖိုးထားမိခဲ့ပါတယ်။



နောက် value လေးတစ်ခုကတော့  ငွေကြေးတတ်နိုင်တဲ့ မိသားစုက မိန်းခလေး တစ်ယောက်ပါ။ဆယ်တန်းအောင် တက္ကသိုလ်တက် အလုပ်ထဲဝင် ငွေတွေကောင်း ပြီး ကိုယ်ပိုင် ရပ်တည်နေပါတယ်။  အခြားတစ်ယောက်ကတော့  အသက် ၁၉ နှစ်အရွယ်လောက်က စပြီး လူအများမြင်ကွင်းမှာ ထုတ်ပြောဖို့ မသင့်တော်တဲ့ အလုပ်လုပ်နေရတဲ့ မိန်းခလေး တစ်ယောက်ပါ(ပျက်စီးနေသောမိန်းခလေးမဟုတ်ပါ)။ဒါပေမယ့် ဒီမိန်းခလေးဟာ အဲဒီ အလုပ်ကိုလုပ်ပြီး သူ့ဘာသာ ဆယ်တန်းအောင်ဖို့ ကြိုးစား ၊နောက် အဝေးသင်နဲ့ စီးပွားရေး ဘွဲ့ တစ်ခုယူတယ်။အဲဒီ ကာလ အတွင်းမှာလဲ  မိသားစုကို ထောက်ပံ့ ညီတွေ ညီမတွေကိုလဲ ကျောင်းထားပေးနိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။သူဘွဲ့ရသည် အထိ အပြင်အလုပ်လုပ်ပြီး  မိသားစုကို ထောက်ပံ့ ဖို့ မလုံလောက်သေးလို့ အဲဒီ အလုပ်ထဲမှာပဲ ရှိနေပါသေးတယ်။ မိတ်ဆွေ အနေနဲ့ အဲဒီ မိန်းခလေး ၂ ယောက် ရဲ့ value ရွေးချယ်ရမယ် ဆိုရင် ဘယ်သူ့ကို တန်ဖိုးထားပြီး ရွေးချယ်မလဲ ? အဲဒီမှာ ကိုယ်ထားတဲ့ value က အများကြီး အရေးပါနေပါပြီ လူတစ်ယောက်ရဲ့ value ကို ဘာနဲ့ ဆုံးဖြတ်မှာလဲ ? ချမ်းသာကြွယ်ဝမှူနဲ့လား ၊ အခွင့်အာဏာနဲ့လား ၊ အဆင်းရှူပကာနဲ့လား ..စသဖြင့်  မှားတယ် မှန်တယ် ဆိုတာထက် ကိုယ့်ထားတဲ့  value အစစ် ပေါ် မူတည်ပြီး ဆုံးဖြတ်မှာ အသေချာပါ။
                      value(တန်ဖိုး)  ဆိုတာကို အဓိက ပြောချင်တာကတော့  ကျွန်တော်တို့  အရွယ်ရောက်လာပြီး ဘ၀အတွက် ကိုယ်လျှောက်မယ့် လမ်းကို ရွေးချယ်တဲ့  အချိန်မှာ ကိုယ့်ကိုကိုယ် သေချာဆန်းစစ်ပြီး  “ ငါတော့ ဘယ်လို ဘ၀မျိုးကို နှစ်သက်လဲ၊ အားကျလဲ ၊ ပျော်သလဲ ၊ဘယ်လိုအရည်အချင်းတွေကို တန်ဖိုးထားသလဲ ” စသဖြင့် သေချာစဉ်းစားသင့်ပါတယ်။ လူတိုင်းတော့ နောက်ဆုံးပေါ်ကားစီးပြီး  တိုက်နဲ့ ခြံနဲ့ နေချင်တာ အသေအချာပါ။ ဒါပေမယ့် ပုံမှန် စားဝတ်နေရေးတော့ အဆင်ပြေတယ် ၊ ချမ်းသာဖို့ အတွက် အခွင့်အရေးတွေ နေရာမှာ ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ က စပြီး ကမ္ဘာ့ လူမျိုးရေး ဆိုင်ရာ အထိ အသိပညာ အားဖြင့်လည်းကောင်း ၊ အတတ်ပညာအားဖြင့် လည်းကောင်း ..စသဖြင့်  ဆောင်ရွှက်ပေးနေရတာကို  နှစ်သက်ပျော်ရွှင်တာလား ( သို့မဟုတ် ) ချမ်းသာဖို့ ဦးစားပေးပြီးမှ ပဲ အခြား အရာတွေ လုပ်ချင်တာလား စဉ်းစားသင့်ပါတယ်။
                အဲဒီထက် တစ်ဆင့် ဆင်းကြည့်မယ်ဆိုရင်   လက်ရှိ ဒီအလုပ်ကိုင်က ၀င်ငွေကောင်းမယ် ၀ါသနာ သိပ်မပါဘူး။ ၀င်ငွေတော့ ကောင်းမှာ မသေချာသေးဘူး  အဲဒီ အလုပ်ပေါ်မှာ ပင်ပန်းပေးမယ့် ပျော်ရွှင်စွာ ရေရှည်လုပ်နိုင် နေမယ် ။ ဒီလိုအခြေအနေမျိုးတွေ ကျွန်တော်တို့ တိုင်းပြည်မှာ လူငယ်တွေ အတော်များများ ကြူံတွေ့နေ ကြူံတွေ့ ခဲ့ရမှာပါ။ အဲဒီ လို အခြေအနေ မျိုးမှာ ကိုယ်လေးစား တန်ဖိုးထားတဲ့ value အစစ် ကို သေချာရှာဖွေနိုင်ဖို့လိုပါမယ် ။ အဲဒီလိုသာ သေသေချာချာ ကိုယ့် တန်ဖိုးထားတဲ့ value ကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင်  အခြေအနေ တစ်ခု အချိန်တစ်ခု ဖြတ်သန်းပြီးတဲ့ အခါ ကိုယ့်ဘ၀ ကို ချမ်းသာသည်ဖြစ်စေ ၊ မချမ်းသာ သည်ဖြစ်စေ ကျေနပ်နေပြီး ရှေ့ဆက်မည့် လမ်းတွေ အတွက်လဲ  ရှင်းလင်းပြတ်သားစွာ မြင်နိုင်မှာပါ။ ထို့ အတူပဲ  အပေါင်းအသင်း မိတ်ဆွေတွေကလည်း  ရင်ခုန်တဲ့ value ချင်းတူတဲ့  သူတွေ စုစည်းမိကြမှာပါ။
               အရှင်းဆုံး ဥပမာ အနေနဲ့  ဒေါ်အောင်ဆန်း စုကြည် ကို ကျွန်တော်တို့ တစ်တွေ ဘာလို့  ချစ်ခင်လေးစား တန်ဖိုးထားသလဲ။ ဒေါ်အောင်ဆန်း စုကြည် နဲ့ ပတ်သတ်ပြီး  ကျွန်တော်တို့မှာ လူချင်းတွေ့ပြီး  စကားတစ်ခွန်းတောင်ပြောဘူးတာမဟုတ်။ အထောက်အပံ့ဆို တစ်ခါမှ မရဘူးပါ။  ဒါပေမယ့် ဘာလို့ လေးစားကြည်ညိုကြလဲ ? ရှင်းပါတယ် ….   ရင်ထဲမှာ ထားတဲ့ value အစစ်တွေ က ဆုံးဖြတ်သွားတာပါ။
               
ဒီတော့ မိတ်ဆွေတို့ အနေနဲ့  ဘယ်လိုအရာတွေကို တန်ဖိုးထားသလဲ ၊ ဘယ်လို အရည်အချင်းတွေကို တန်ဖိုးထားသလဲ ? သိသိကြီး  value အတုတွေနဲ့ ရှင်သန်မနေစေချင်ပါဘူး ။ ကိုယ့်ရဲ့  value  အစစ်တွေကို မှန်မှန် ကန်ကန်ရွေးချယ်ပြီး  လျှောက်လှမ်းခဲ့မယ်ဆိုရင်  ကျွန်တော့် အတွေးတစ်စအတွက် ကြည်းနူးနေမိမှာပါ။
                                                                                                                                 
                                                                                                                                                 ဝေဖြိုး






ဆက်ဖတ်ရန်

Saturday, July 23, 2011

မိရိုးဖလာ အနာဂတ် နှင့် အလုပ်



ပတ်ဝန်းကျင်  တစ်ခုလုံး  အိပ်မောကျ  နေချိန်မှာ အတွေးတစ်ချို့     နှင့်   မောင်မောင်  တစ်ယောက် အိပ်မပျော်ခဲ့ပါဘူး ။ မနက်ဖြန် သူ့ရဲ့ မိရိုးဖလာ လုပ်ငန်းစဉ် ဖြစ်တဲ့ ဘ၀ ရှေ့ရေး  အတွက် တိုင်းတစ်ပါး သို့  သွားပြီး အလုပ်ရှာ  ဖို့  လေဆိပ် သွားရတော့မယ်လေ ။ ပညာတတ်တွေ အသွားများတဲ့ စင်ကာပူ ပေါ့ ။
           ဆယ်တန်းအောင် လို့    အင်ဂျင်နီယာ ကျောင်းလေးပြီး အသက် ၂၀ ၀န်းကျင်ပါပဲ ။ အလုပ်ထဲ တစ်နှစ်လောက်လုပ်သက်  ရှိလာတော့  လစာ  ၆ သောင်းလောက် နဲ့ အဆင်မပြေလို့    တစ်ခြား အလုပ်ပြောင်းဖို့  စီစဉ် မိပြန်တော့ ကိုယ့် အရည်အချင်းနဲ့က  တစ်သိန်းလောက် ရတောင်  ရေရှည် အဆင်ပြေဖို့   မလွယ်ပါဘူး။ ဒါနဲ့ပဲ နိုင်ငံခြား   ထွက်လုပ်မယ်   ဆိုပြီး   အော်တိုကတ်  သင်တန်းတက်    ပြီးပြန်တော့  3D လည်း  လိုတယ်ဆိုလို ထပ်တက် လိုက်ပါတယ်။ 3ds max  တတ်ထားရင် လာစာကောင်းတယ် ဆိုလို့  အပြေးအလွှား တက်ရပြန်နဲ့  ၆ လ..ရ လ လောက်  အကြာမှာ အားလုံး  ပြီးသွားခဲ့ပါတယ်။ စပီကင်  သင်တန်းလည်း  ဒီကြားထဲ တွဲတက်ထားတာပေါ့နော် ။  ကိုယ့်ဘက်ကတော့  အတော်ပြည့်စုံအောင်   ပြင်ဆင်ထားတာပါပဲ။ အဆင်ပြေကောင်း  ပါရဲ့  ။ မပြေရင်တော့ ရှက်စရာကြီး ??? ပြေမှာပါ …သူများတွေ တောင်ကိုယ့်လောက်  မတတ်ပဲ  အလုပ် အဆင်ပြေနေ  ကြတာပါပဲ ။


၁ ။ ဟိုရောက်ရင် အင်မီဂရေးရှင်းက ရစ်ပြီး ပြန်လွှတ်ရင် ပြဿနာပဲ ?
၂ ။ အင်မီဂရေးရှင်း က တစ်လ မပေးပဲ  ၂ ပတ်ပဲ တုံးထုပေးရင်တော့ ဒုက္ခပါ ပဲ ?
၃ ။ အဲဒါ တွေ အဆင်ပြေဖို့ အရေးကြီးတယ်..ကျန်တာက ဟိုရောက်ရင် ကြည့်လုပ်လို့ရတယ် ….
၎ ။ အင်း အလုပ်ရပြန်ရင်လဲ ပတ်စ် တွေ မကျဘူး ကျပ်နေတယ်တဲ့ ?........etc


         ဒီဖြစ်စဉ်လေးမှာ  မောင်မောင်တစ်ယောက် ဘာလို့ ဒီလိုတွေ စိတ်ပူနေရလဲ ။အဲဒါတွေ အဆင်ပြေသွားရင်ကော ဘာတွေ ထပ်ပြီး အခက်အခဲ ကြူံမလဲ ။နောက်ဆုံး အလုပ်ရသွားတောင် ဘယ်လို အလုပ်မျိုး ရနိုင်မလဲ ။ အဆင်ပြေတဲ့ အလုပ်ဆိုတာကကော ??? လစာ ကောင်းကောင်းနဲ့  သက်သက်သာသာ လား ?

     ဟုတ်ပြီ အဲလိုတွေ အဆင်ပြေသွားတောင် ရေရှည်ကို ဘာနဲ့  professional ဖြစ်အောင် ရပ်တည်မလဲ ?
ဖြစ်ချင်တာတော့  “ အများအားဖြင့် အလုပ် အထိုင်ကျရင် ကျောင်းဆက်တက်မယ် ပြီးမှ အဲဒီ လိုင်းပေါ်ရပ်တည်မယ် ’’ ။ ဒါ အဖြေတွေ အတော် များများထဲက အကောင်းဆုံး အဖြေလို့ ပုံမှန် အားဖြင့်             ယူဆလို့  ရပါတယ်။
      ကျွန်တော့် အမြင်အရ  ပြောရမယ်ဆိုရင်  မောင်မောင်လို လူငယ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ နေရာစုံ အလွှာ ပေါင်းစုံ မှာ  ရှိနေပါတယ်။ တစ်ကယ်ဆိုရင် တိုင်းပြည်ရဲ့  အနာဂတ်တွေ ပါ။
    
     သေချာ တွေးမိမယ် ဆိုရင် သူတို့ တွေ မှာ ကိုယ်ပိုင် အနာဂတ် ရည်မှန်းချက် ရေရေ ရာရာမရှိပဲ ရှေ့က သူတွေ အများစု လုပ်နေကြတာ ပဲ အတုယူပြီး  ကြုံသလို သွားနေကြတာပါ။
      သူတို့ တတွေ ရဲ့  အနာဂတ် မရေရာ ဘူးဆိုရင် တိုင်းပြည်ရဲ့  အနာဂတ် ဟာလဲ ဘယ်လိုမှ ရေရာမှု ရှိဖို့ အတော့်ကို မသေချာတော့ပါဘူး ။

          ကျွန်တော် ပြောတဲ့ အနာဂတ် ရည်မှန်းချက်ဆိုတာ မြန်မာပြည်မှာ  တင်မဟုတ် ပါဘူး။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေသူတွေ အများစုလဲ  ဒီရေစီးကြောင်းထဲ မြောပါရင်း အဆင်ပြေသလို ရှင်သန်နေကြတာပါပဲ။ အနေ  ဆင်းရဲ အစားဆင်းရဲ ပေမယ့် အတွေး မဆင်းရဲဘူး  ဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်။ အနေချမ်းသာ အစားချမ်းသာပေမယ့် အတွေးဆင်းရဲနေမယ်ဆိုရင် ဘယ်အချိန် ပြဿနာ နဲ့ ရင်ဆိုင်ရပြီး အခြေအနေတွေ ပြောင်းသွားမလဲ လို့ အမြဲ ပူပန်နေရဦးမှာပါပဲ။
 
အများစု အနေနဲ့ သိကြမှာပါ။ ငယ်စဉ်ကတည်းက   အရမ်းဖြစ်ချင်တာ ရှိပြီး အဲဒီ  ဖြစ်ချင်တဲ့  အတိုင်းပဲ မဖြစ်ဖြစ်အောင် တစ်စိုက်မတ်မတ်   အားစိုက်ပြီး လုပ်ကြတာ။တစ်ကယ်က  အဲဒီလို လူတွေက အတော်နည်းပါတယ်။  ငယ်ငယ်တုန်းက   ဖြစ်ချင်တာ တစ်မျိုး လူငယ် ဖြစ်စမှာ တစ်မျိုးနဲ့ ကျောင်းပြီးကာစမှာ တစ်မျိုး စသဖြင့်   နီးစပ်ရာ ပတ်ဝန်းကျင်ရဲ့  လွှမ်းမိုးမှု ပေါ်မှာ  ပြောင်းလဲ သွားကြတာ များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်  အများအားဖြင့်  ဆယ်တန်းအောင်  university တက်စ အချိန်အရွယ် ၀န်းကျင်မှာ ကိုယ့်ကိုယ်ကို သေချာ ဆန်းစစ်ကြည့် ဖို့ လိုပါပြီ ။
       
       ကိုယ် ဘယ်လို အလုပ်မျိုးတွေ လုပ်ရတာ ပျော်မွေ့ သလဲ ? ဘယ်လိုမျိုးတွေ နဲ့ အကျိုးပေးများသလဲ စသဖြင့် သေချာ စန်းစစ်သတိထား ခဲ့မယ်ဆိုရင် ကိုယ် ဘယ်လို လမ်းကိုလျှောက်ရမယ် ဆိုတာ သတိပြူမိလာမှာပါ။ ငယ်စဉ်ဘ၀ တည်းက တောက်လျှောက် ၀ါသနာ ပါခဲ့တာမျိုး ရှိရင် ပိုကောင်းပါတယ်။ ဒါပေမယ့် လက်ရှိကျွန်တော်တို့ ရှင်သန်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် နဲ့ ဆိုရင်တော့ ဘွဲ့ရခါနီး  အရွယ်လောက်မှာပဲ သေချာ ဆုံးဖြတ်လို့ ရတာ များမှာပါ။  
               
  ဥပမာ အနေနဲ့   graphic designer တစ်ယောက် ဖြစ်ချင်တယ် ဆိုပါစို့ ။ ဒါနဲ့ ပတ်သတ်တဲ့ အခြေခံ သင်တန်းတွေ အရင်တက်ရမှာပါ ။ အဲဒီ အချိန်လောက်ဆို ဗဟုသုတ လဲ အနည်းငယ် ရှိပြီ ဆိုတော့ ဒါနဲ့ ပတ်သတ်တဲ့ ၀န်းကျင်ကို သေချာ လေ့လာရတော့ပါမယ်။ webdesign   ဆွဲချင်တာလား ၊ logo တွေ magazine   ဒီဇိုင်းတွေ ဆွဲချင်တာလား…နောက် bill board တွေက အစပေါ့   media လုပ်ငန်းတွေ နဲ့ ပတ်သတ်တဲ့ ကြီးကြီး မားမား  တွေ လုပ်ချင်တာလား။ ဒါတွေက ဘယ် လို ခေါင်းစဉ်တွေ အောက်မှာ ရှိမလဲ စသဖြင့်   professional ကျကျ သွားနေတဲ့ လမ်းကြောင်းတွေ detail တွေ လေ့လာပြီး ကိုယ်လိုက်ချင်တဲ့ လမ်းကြောင်းကို သေချာ ထပ်ဆင့်လေ့လာ ရပါမယ်။
                       
ဒီဇိုင်း သီအိုရီ  အခြေခံတွေ ကအစ  အဆင့်မြင့် အထိ လုပ်ငန်းအတွေ့ အကြူံတွေ လဲ ယူ ..ထပ်လဲ လေ့လာ …selfstudy  အပိုင်းအနေနဲ့ လဲ လေ့လာ စသဖြင့် အချိန်ယူ ကြိုးစားဖို့ လိုပါတယ်။ ဥပမာ- intermediate Level  လောက်ရောက်တဲ့ အချိန်မှာ ကိုယ် ရှေ့ဆက်လျှောက် ရမယ့် လမ်းကို ကိုယ်တိုင်တွေးခေါ် စဉ်းစား ဖြတ်သန်းရမယ့်  အသိရှိလာပါ လိမ့်မယ်။
 
         အဲဒီ အချိန်ဆိုရင် ဥပမာ- နိုင်ငံခြား သွား အလုပ်လုပ်မယ်  ဆိုပါစို့ ။ဟိုမှာ ကိုယ် ရပ်တည်တဲ့ လိုင်းနဲ့ ဆက်စပ်ပြီး ဘာတွေ လုပ်နေလဲ ဘယ်လိုဟာတွေ အထိ လုပ်နိုင်ဖို့ လိုလဲ စသဖြင့် ပြင်ဆင်ပြီး အဲဒီ လိုင်းနဲ့ ပတ်သတ်တဲ့ အလုပ်ကိုပဲ  ဦးတည်ပြီး   ပြင်ဆင်သင့်ပါတယ်။ ထို့ အတူ အလုပ်လုပ်ရင်းကျောင်းတွဲတက်မယ်  ဆိုရင်လဲ  ကိုယ်လဲ ၀ါသနာပါ ။လက်ရှိလဲ   လုပ်နေတဲ့ အတွက် အခက်အခဲ အကြီးအမား မရှိပဲ ကျောင်းကိုလဲ ထပ်ဆင့်တက်နိုင် ကိုယ့်ကိုယ်ကို upgrade  လုပ်နိုင်တာပေါ့။ နိုင်ငံခြား မသွားချင်ဘူး ဒီမှာ ပဲ အဆင်ပြေနေတယ်ဆိုရင်လဲ   လက်ရှိ အခြေအနေမှာ ကျေနပ်မနေပဲ  international မှာ ဘာတွေ လုပ်နေလဲ အဲဒီ quality တွေ ကိုယ်လဲ လုပ်နိုင်အောင် ကြိုးစား နေဖို့ လိုပါမယ်။
 
  ဒီလိုမျိုးလေးတွေ ကိုယ်ဖြစ်ချင်တဲ့ လမ်းကို ဦးတည်ပြီး သေချာ လျှောက်လှမ်းမယ်ဆိုရင် နိုင်ငံတစ်ကာမှာ လုပ်တဲ့ သူတွေလဲ တိုင်းပြည်မှာ ရှိတဲ့သူတွေနဲ့    ချိတ်ဆက်ပြီး    အများကြီး  တွဲလုပ်ပြီး  နိုင်ငံတစ်ကာ နဲ့ ယဉ်ဘောင်တန်း နိုင်အောင် ကြိုးစားနိုင်သလို ၊ ပြန်လာခဲ့ မယ်ဆိုရင်လဲ  အချိန်မရွေး  ရပ်တည်နိုင်ပါတယ်။
                  
       ဥပမာ အနေနဲ့ ဆိုရင် ..ကျွန်တော် စကာင်္ပူ မှာ အလုပ်လုပ်တုန်းက  ရုံးက စီနီယာ visualizer တစ်ယောက်က အင်ဒိုနီးရှားက ပါ။ သူ တစ်နှစ်ခွဲလောက် အလုပ်လုပ်ပြီး အထာကျလာတော့ သူ့နိုင်ငံပြန်သွားပြီး  ဟိုကပဲ online ကနေ ရုံးတက်ပြီး လစာကောင်းကောင်းနဲ့ အိုးမကွာ အိမ်မကွာ လုပ်နေတာ တွေ့ရပါတယ်။ အလုပ်ရှင် အနေနဲ့ လည်း လုပ်ငန်းလဲ အထာကျ လစာလဲ အများကြီး ပေးစရာ မလို ၊ စက်ပစ္စည်းက အစ ရင်းနှီးစရာ မလိုပဲ အလုပ်က အဆင်ပြေနေတော့ အတော် သဘောကျစရာကောင်းပါတယ်။ သက်ဆိုင်ရာ နယ်ပယ် အလိုက် ဒီလို အဆင်ပြေတဲ့ အခြေအနေ မူကွဲတွေ အများကြီး ရှိပါလိမ့်မယ်။
             တစ်ကယ်တော့ ကျွန်တော်တို့ ရဲ့  အနာဂတ်ဟာ ကျွန်တော်တို့တတွေ ရဲ့  လက်ထဲမှာပါ။ကျန်တဲ့ policy ပိုင်းတွေ ကြောင့် အခက်အခဲ တော့ ရှိပေမယ့် ကျော်ဖြတ်လို့ ရပါတယ်။ ကိုယ်တိုင် သိဖို့ အတွေး မဆင်းရဲ ဖို့ လိုပါတယ် ။
       ဒီလိုသာ ဆိုရင် မောင်မောင် လို မလိုအပ်တဲ့ ပူပန်မှုတွေ အစား အဓိက ထားပြီး အားစိုက်သင့်တာ ကို အချိန်ပေးနိုင်ပြီး ဘ၀ ရည်မှန်းချက်လဲ ရှိ တိုင်းပြည်လဲ အကျိုးရှိမယ့် အနာဂတ်တွေ စိုပြည်လာမယ်လို့ မျှော်လင့်ရင်း ……


ဆက်ဖတ်ရန်

Thursday, May 26, 2011

" မိုးညိုပြာ " နှင့် တွေ့ဆုံခြင်း


ဒီ မနက် အိမ်မက်ထဲမှာ မိုးနဲ့ တွေ့ဖြစ်တယ်လေ။မိုးမျက်နှာမှာ ဝေခွဲမရတဲ့ အမူအယာ အပြည့်နဲ့ ဖြစ်နေတာ သတိထားမိလိုက်တယ်။" "  ' မိုး ' ဘာတွေ စိတ်ညစ်စရာ ရှိလဲ  ပြောပါဦး " " မပြောတတ်တော့ပါဘူး အစ်ကိုရယ် .. ' မိုး' ကို သူတို့က စွပ်စွဲနေကြတယ် +?+????+" ၊ (((ဘာ))) မိုးကို သူတို့က +?+????+++။  "မိုး တစ်ကယ် သူတို့ပြောသလို ဖြစ်နေတာလား ဟင် " ကျွန်တော့် စိတ်ထဲ အတွေးများ ဖြတ်ခနဲ မိုးရဲ့  အတိတ်များဆီသို့  အာရုံများသွားမိတယ်။
        " မိုးညိုပြာ " ၏ ကဗျာများ ၊ အက်ဆေးများ သည် အင်တာနက် စာပေလောကတွင် အတော်ပင် လူကြိုက်များသည်။ မိုးညိုပြာ ၏ ကဗျာများကို အသည်းကွဲသူများက တစ်စု ၊ ချစ်တတ်သူများက တစ်သင်း ၊ ချစ်သူများက တစ်တပ် ၊ တစ်ကိုယ်ရေ သမားများက တစ်အား အစားစား  ကွဲပြားစွာမြတ်နိုးကြ၏  စွဲလန်းကြ၏ ။
        မိုးညိုပြာ ၏  အက်ဆေးများသည်လည်း ကိုရီးယား ဇာတ်လမ်းတွဲများနှင့် အပြိုင် သူ၊သူမ အတွဲများ သူ၏ ၊သူမ၏ အတွဲများ မှာကျော်ကြားလှသည်။အထူးသဖြင့် ထို အက်ဆေး အခန်းဆက်များ တစ်ပတ် တစ်ကြိမ် အက်(ပ်)ဒိပ်တင်သော နေ့များတွင် မိုးညိုပြာ ၏ အင်တာနက်စာမျက်နှာတွင် အချစ်ကို ကိုးကွယ်သော လူငယ်၊လုံမငယ်ကလေးများမှာ ညနေအစောပိုင်းကတည်းက ကြိုတင်ပြီး  မိုးညိုပြာ ၏  အင်တာနက်စာမျက်နှာကို ၀င်ထားကြပြီး နိုင်ငံခြားမှသူများက ကွန်ပြူတာ အနည်းဆုံးသုံးလုံးထက်မနည်း တစ်ပြိုင်တည်းဖွင့်ထားပြီး အင်တာနက် မီးပျက်သော ရပ်ကွက်မှ သူများကလည်း မတော်လို့ ကောနက်ရှင်ပြုတ်ရင်တောင် အော့ဖစ်လိုင်း မုတ်နှင့်  ကြည့်ဖို့ အထိ ဖတ်ဖို့ အသင့်ပြင်ဆင်ကြကုန်၏။
         အိမ်ပြန်နောက်ကျပြီးမှ နောက်ကျဝင်ကြသူများ အင်တာနက်ဆိုင်များသို့နောက်ကျပြီးလာမည့်သူများ မှာ bandwidth limit ပြည့်သွားပြီး ၀င်မရတော့ပဲ အရင်ဝင်ပြီးထားသူများ နှင့်ကပ်ပြီး ဖတ်ဖို့ တောင်းတောင်း ပန်ပန် လုပ်ပြီး ကြည့်ရသည် အထိ စွဲလန်းကြကုန်၏ ။
          အလားတူပင်  မိုးညိုပြာ ၏ အလယ် ၊ အလတ် ၊ အလယ်၏ အချစ် ၊ အလတ်၏ အမုန်း ..စသော အက်ဆေး အခန်းဆက်များ ကိုလည်း မြန်မာနိုင်ငံနှင့်တစ်ကွ အပြည်ပြည်ဆိုင်ရာ အလှဖန်တီးရှင်များ ၊ မာမီလေးများ ၊မာမီကြီးများ ၊ မာမီလောင်းလျှာများအထိ တစ်ဆတ်ဆတ်တုန် ရင်ခုန် စွဲလန်းရပြန်ပါတယ်။

        တစ်ကိုယ်ရေ သမားများကလည်း မိုးညိုပြာ ၏  တိတ်တိတ် ၊တိုးတိုး ၊တိတ်တိတ်လေးကွဲ၊တိုးတိုးလေးကြေ စတဲ့ အက်ဆေး အခန်းဆက်များနှင့် စိတ်၏စေရာနာခံကြကုန်၏ ( ကိုမိုးမြင့်တိမ်၏ လက်သုံးစကား အဌားသုံးထားပါသည်း) )။
       မှတ်မှတ် ရရပင် တိုးတိုးလေးကွဲ အခန်းဆက် ဇတ်သိမ်းပိုင်းနေ့က အပျိုကြီးတစ်ယောက် မခံစားနိုင်တော့လို့ သူတစ်သက်လုံးစောင့်စားလာခဲ့ရတဲ့ ချစ်သူဟာ သူ့ ညီမ သူငယ်ချင်းဖြစ်ကြောင်း မိုးညိုပြာ စီပုံးနှင့် စာတွင် မန့်ပြီး အိပ်ဆေးတွေ တရားလွန်သောက်ပြီး ဘ၀ထဲက ထွက်ပြေးတော့မည်အထိ မိန်းခလေးချင်း ချစ်တဲ့ အချစ်ကို ရဲဝံ့စွာပင် ကြေငြာသွားသည် အထိ လှုပ်ရှားအောင်မြင်ခဲ့ပါသည်။

       မန့်ဆိုလို့ သူ၏ ကော်မန့် ဘောက်စ် တွင် မန့်လွန်းလှသဖြင့် အင်တာနက်စာပေဆိုင်ရာ ထရက်ဖစ် ဂျန့် အဖွဲ့ကြီးမှ လာရောက်ပြီး ဘလော့ကာဆိုင်ရာ မီးနီ မီးဝါ များ တပ်ဆင်ရသည် အထိ အောင်မြင်လှပါသည်။ထိုမျှအထိ အောင်မြင်လှသော  " မိုးညိုပြာ " တစ်ယောက် အင်တာနက်စာပေလောကမှ လွန်ခဲ့သော ၆ လ ခန့်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါသည်။
       ဘာကြောင့်လဲ ????? ဘာလို့လဲ လူတိုင်းရင်မှာ မေးခွန်းပေါင်းစုံနဲ့  ထင်ကြေးပေါင်းစုံ ထွက်နေကြခဲ့ပါတယ်။ခက်တာက " မိုးညိုပြာ " ဆိုတာ ဘယ်သူဘယ်ဝါမှန်း တစ်ယောက်မှ မသိတာလဲ အတော့်ကို လမ်းစပျောက်နေပါတယ်။ခုထိ " မိုးညိုပြာ "သည် စာဖတ်သူတို့ စိတ်ထဲတွင် အမျိုးသားလား ၊ အမျိုးသမီးလား ၊ ဒါမမဟုတ် ..?? စသဖြင့် အတွေးခက်နေဆဲပါ၊
     နောက်ဆုံးတော့ " မိုးညိုပြာ "၏ အင်တာနက်စာမျက်နှာမှာ အစောပိုင်းတော့ တမ်းစာတွေ လွမ်းစာတွေ ရေးကြတယ် တစ်ဖြည်းဖြည်းနဲ့ တမ်းရင်းလွမ်းရင်းက ကရုဏာဒေါသ စာတွေ ရေးလာကြတယ်။နောက်ဆုံး အသွင်ပြောင်းပြီး ကွဲစာ ဆဲစာတွေပါဖြစ်လာပါတော့တယ်။ဖြစ်လာရတဲ့ အကြောင်းကလဲ အများကြီးပါ။
         ဥပမာ တစ်ခုဆွဲထုတ်ရရင် " မိုးညိုပြာ " နောက်ဆုံး အခန်းဆက် အက်ဆေး အတွဲများမှာ အဆုံးမသတ်သေးပဲ အထူးသဖြင့်  သူ သူမတို့၏ အက်ဆေးမှာ သူမှန်းမသိ သူမမှန်းမသိ ကြားကာလဖြစ်နေတာမျိုး ၊ အလတ်နှင့်အလယ် တွေ့ရာဝယ် ဆိုသော အခန်းဆက် အက်ဆေး အတွဲများမှာလည်း အလတ်ယောင်ယောင် အလည်တောင်တောင် ဖြစ်နေဆဲ ၊ တိုးတိုးလေးကြေ အက်ဆေး အတွဲမှာလည်း ကြေလုကြေဆဲ မကြေကွဲ သေးတဲ့ အဆင့်မှာ က တစ်မှုနဲ့ အဆုံးသတ်ကို စာဖတ်သူတွေ အချင်းချင်း ကွန်ကလူးရှင်းတွေ ဆွဲကြရင်း ချစ်သူအချင်းချင်း အယူအဆတွေကွဲကြ ၊ သူငယ်ချင်းအချင်းချင်း ပြဿနာတွေ တက်နဲ့ နောက်ဆုံး " မိုးညိုပြာ " ဆီ စုတော့တာပါပဲ။
       မိုးညိုပြာ ရဲ့ အင်တာနက် စာမျက်နှာလေးကိုလည်း နောက်ဆုံး ဖျက်သိမ်းရသည်အထိ အရေးယူခဲ့ရပါတယ်။စာဖတ်သူတွေကလဲ အဲဒီ အချိန်တုန်းက စိတ်အရမ်းဆိုးကြပြီး backup တွေ ဖတ်မိပြီး စိတ်ထဲမှာ အနာပေါ်တုတ်ကျပြန်တာမို့ အကုန်လုံး အစမပေါ်အောင် ဖျက်ပစ်ခဲ့တာဆိုတော့ အခု မိုးညိုပြာနဲ့ ပတ်သတ်လို့ နောက်လူတွေ ပုံပြင်လိုပဲ နားထောင် စိတ်ကူးလို့ပဲ ရပါတော့တယ်။
      ကျွန်တော်လည်း အတွေးထဲကနေ ခဏထွက်ပြီး "မိုး" ကို ပြန်ပြောဖို့ အားယူရင် မိုးမှာတစ်ကယ်တော့ ???????? ။ ဆောရီးဗျာ ကျွန်တော် အိမ်မက်က နာရီနိုးစက်နဲ့ အတူ လန့်နိုးလာလို့ ဘာပြောခဲ့မှန်း မမှီခဲ့ဘူးဗျာ။ စာဖတ်သူမိတ်ဆွေတို့လဲ ကူညီပြီး မိုးအတွက် အဖြေ ပေးကြပါဦးဗျား( ကျွန်တော်လည်း သိချင်လို့ပါ။
ဆက်ဖတ်ရန်