ပတ်ဝန်းကျင် တစ်ခုလုံး အိပ်မောကျ နေချိန်မှာ အတွေးတစ်ချို့  နှင့် မောင်မောင် တစ်ယောက် အိပ်မပျော်ခဲ့ပါဘူး ။ မနက်ဖြန် သူ့ရဲ့ မိရိုးဖလာ လုပ်ငန်းစဉ် ဖြစ်တဲ့ ဘ၀ ရှေ့ရေး အတွက် တိုင်းတစ်ပါး သို့ သွားပြီး အလုပ်ရှာ ဖို့ လေဆိပ် သွားရတော့မယ်လေ ။ ပညာတတ်တွေ အသွားများတဲ့ စင်ကာပူ ပေါ့ ။
ဆယ်တန်းအောင် လို့ အင်ဂျင်နီယာ ကျောင်းလေးပြီး အသက် ၂၀ ၀န်းကျင်ပါပဲ ။ အလုပ်ထဲ တစ်နှစ်လောက်လုပ်သက် ရှိလာတော့ လစာ ၆ သောင်းလောက် နဲ့ အဆင်မပြေလို့ တစ်ခြား အလုပ်ပြောင်းဖို့ စီစဉ် မိပြန်တော့ ကိုယ့် အရည်အချင်းနဲ့က တစ်သိန်းလောက် ရတောင် ရေရှည် အဆင်ပြေဖို့ မလွယ်ပါဘူး။ ဒါနဲ့ပဲ နိုင်ငံခြား ထွက်လုပ်မယ် ဆိုပြီး အော်တိုကတ် သင်တန်းတက် ပြီးပြန်တော့ 3D လည်း လိုတယ်ဆိုလို ထပ်တက် လိုက်ပါတယ်။ 3ds max တတ်ထားရင် လာစာကောင်းတယ် ဆိုလို့ အပြေးအလွှား တက်ရပြန်နဲ့ ၆ လ..ရ လ လောက် အကြာမှာ အားလုံး ပြီးသွားခဲ့ပါတယ်။ စပီကင် သင်တန်းလည်း ဒီကြားထဲ တွဲတက်ထားတာပေါ့နော် ။ ကိုယ့်ဘက်ကတော့ အတော်ပြည့်စုံအောင် ပြင်ဆင်ထားတာပါပဲ။ အဆင်ပြေကောင်း ပါရဲ့  ။ မပြေရင်တော့ ရှက်စရာကြီး ??? ပြေမှာပါ …သူများတွေ တောင်ကိုယ့်လောက် မတတ်ပဲ အလုပ် အဆင်ပြေနေ ကြတာပါပဲ ။
၁ ။ ဟိုရောက်ရင် အင်မီဂရေးရှင်းက ရစ်ပြီး ပြန်လွှတ်ရင် ပြဿနာပဲ ?
၂ ။ အင်မီဂရေးရှင်း က တစ်လ မပေးပဲ ၂ ပတ်ပဲ တုံးထုပေးရင်တော့ ဒုက္ခပါ ပဲ ?
၃ ။ အဲဒါ တွေ အဆင်ပြေဖို့ အရေးကြီးတယ်..ကျန်တာက ဟိုရောက်ရင် ကြည့်လုပ်လို့ရတယ် ….
၎ ။ အင်း အလုပ်ရပြန်ရင်လဲ ပတ်စ် တွေ မကျဘူး ကျပ်နေတယ်တဲ့ ?........etc
ဒီဖြစ်စဉ်လေးမှာ မောင်မောင်တစ်ယောက် ဘာလို့ ဒီလိုတွေ စိတ်ပူနေရလဲ ။အဲဒါတွေ အဆင်ပြေသွားရင်ကော ဘာတွေ ထပ်ပြီး အခက်အခဲ ကြူံမလဲ ။နောက်ဆုံး အလုပ်ရသွားတောင် ဘယ်လို အလုပ်မျိုး ရနိုင်မလဲ ။ အဆင်ပြေတဲ့ အလုပ်ဆိုတာကကော ??? လစာ ကောင်းကောင်းနဲ့ သက်သက်သာသာ လား ?
ဟုတ်ပြီ အဲလိုတွေ အဆင်ပြေသွားတောင် ရေရှည်ကို ဘာနဲ့ professional ဖြစ်အောင် ရပ်တည်မလဲ ?
ဖြစ်ချင်တာတော့ “ အများအားဖြင့် အလုပ် အထိုင်ကျရင် ကျောင်းဆက်တက်မယ် ပြီးမှ အဲဒီ လိုင်းပေါ်ရပ်တည်မယ် ’’ ။ ဒါ အဖြေတွေ အတော် များများထဲက အကောင်းဆုံး အဖြေလို့ ပုံမှန် အားဖြင့် ယူဆလို့ ရပါတယ်။
ကျွန်တော့် အမြင်အရ ပြောရမယ်ဆိုရင် မောင်မောင်လို လူငယ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ နေရာစုံ အလွှာ ပေါင်းစုံ မှာ ရှိနေပါတယ်။ တစ်ကယ်ဆိုရင် တိုင်းပြည်ရဲ့  အနာဂတ်တွေ ပါ။
သေချာ တွေးမိမယ် ဆိုရင် သူတို့ တွေ မှာ ကိုယ်ပိုင် အနာဂတ် ရည်မှန်းချက် ရေရေ ရာရာမရှိပဲ ရှေ့က သူတွေ အများစု လုပ်နေကြတာ ပဲ အတုယူပြီး ကြုံသလို သွားနေကြတာပါ။
သူတို့ တတွေ ရဲ့  အနာဂတ် မရေရာ ဘူးဆိုရင် တိုင်းပြည်ရဲ့  အနာဂတ် ဟာလဲ ဘယ်လိုမှ ရေရာမှု ရှိဖို့ အတော့်ကို မသေချာတော့ပါဘူး ။
ကျွန်တော် ပြောတဲ့ အနာဂတ် ရည်မှန်းချက်ဆိုတာ မြန်မာပြည်မှာ တင်မဟုတ် ပါဘူး။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေသူတွေ အများစုလဲ ဒီရေစီးကြောင်းထဲ မြောပါရင်း အဆင်ပြေသလို ရှင်သန်နေကြတာပါပဲ။ အနေ ဆင်းရဲ အစားဆင်းရဲ ပေမယ့် အတွေး မဆင်းရဲဘူး ဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်။ အနေချမ်းသာ အစားချမ်းသာပေမယ့် အတွေးဆင်းရဲနေမယ်ဆိုရင် ဘယ်အချိန် ပြဿနာ နဲ့ ရင်ဆိုင်ရပြီး အခြေအနေတွေ ပြောင်းသွားမလဲ လို့ အမြဲ ပူပန်နေရဦးမှာပါပဲ။
အများစု အနေနဲ့ သိကြမှာပါ။ ငယ်စဉ်ကတည်းက အရမ်းဖြစ်ချင်တာ ရှိပြီး အဲဒီ ဖြစ်ချင်တဲ့ အတိုင်းပဲ မဖြစ်ဖြစ်အောင် တစ်စိုက်မတ်မတ် အားစိုက်ပြီး လုပ်ကြတာ။တစ်ကယ်က အဲဒီလို လူတွေက အတော်နည်းပါတယ်။ ငယ်ငယ်တုန်းက ဖြစ်ချင်တာ တစ်မျိုး လူငယ် ဖြစ်စမှာ တစ်မျိုးနဲ့ ကျောင်းပြီးကာစမှာ တစ်မျိုး စသဖြင့် နီးစပ်ရာ ပတ်ဝန်းကျင်ရဲ့  လွှမ်းမိုးမှု ပေါ်မှာ ပြောင်းလဲ သွားကြတာ များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အများအားဖြင့် ဆယ်တန်းအောင် university တက်စ အချိန်အရွယ် ၀န်းကျင်မှာ ကိုယ့်ကိုယ်ကို သေချာ ဆန်းစစ်ကြည့် ဖို့ လိုပါပြီ ။
ကိုယ် ဘယ်လို အလုပ်မျိုးတွေ လုပ်ရတာ ပျော်မွေ့ သလဲ ? ဘယ်လိုမျိုးတွေ နဲ့ အကျိုးပေးများသလဲ စသဖြင့် သေချာ စန်းစစ်သတိထား ခဲ့မယ်ဆိုရင် ကိုယ် ဘယ်လို လမ်းကိုလျှောက်ရမယ် ဆိုတာ သတိပြူမိလာမှာပါ။ ငယ်စဉ်ဘ၀ တည်းက တောက်လျှောက် ၀ါသနာ ပါခဲ့တာမျိုး ရှိရင် ပိုကောင်းပါတယ်။ ဒါပေမယ့် လက်ရှိကျွန်တော်တို့ ရှင်သန်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် နဲ့ ဆိုရင်တော့ ဘွဲ့ရခါနီး အရွယ်လောက်မှာပဲ သေချာ ဆုံးဖြတ်လို့ ရတာ များမှာပါ။
ဥပမာ အနေနဲ့ graphic designer တစ်ယောက် ဖြစ်ချင်တယ် ဆိုပါစို့ ။ ဒါနဲ့ ပတ်သတ်တဲ့ အခြေခံ သင်တန်းတွေ အရင်တက်ရမှာပါ ။ အဲဒီ အချိန်လောက်ဆို ဗဟုသုတ လဲ အနည်းငယ် ရှိပြီ ဆိုတော့ ဒါနဲ့ ပတ်သတ်တဲ့ ၀န်းကျင်ကို သေချာ လေ့လာရတော့ပါမယ်။ webdesign ဆွဲချင်တာလား ၊ logo တွေ magazine ဒီဇိုင်းတွေ ဆွဲချင်တာလား…နောက် bill board တွေက အစပေါ့ media လုပ်ငန်းတွေ နဲ့ ပတ်သတ်တဲ့ ကြီးကြီး မားမား တွေ လုပ်ချင်တာလား။ ဒါတွေက ဘယ် လို ခေါင်းစဉ်တွေ အောက်မှာ ရှိမလဲ စသဖြင့် professional ကျကျ သွားနေတဲ့ လမ်းကြောင်းတွေ detail တွေ လေ့လာပြီး ကိုယ်လိုက်ချင်တဲ့ လမ်းကြောင်းကို သေချာ ထပ်ဆင့်လေ့လာ ရပါမယ်။
ဒီဇိုင်း သီအိုရီ အခြေခံတွေ ကအစ အဆင့်မြင့် အထိ လုပ်ငန်းအတွေ့ အကြူံတွေ လဲ ယူ ..ထပ်လဲ လေ့လာ …selfstudy အပိုင်းအနေနဲ့ လဲ လေ့လာ စသဖြင့် အချိန်ယူ ကြိုးစားဖို့ လိုပါတယ်။ ဥပမာ- intermediate Level လောက်ရောက်တဲ့ အချိန်မှာ ကိုယ် ရှေ့ဆက်လျှောက် ရမယ့် လမ်းကို ကိုယ်တိုင်တွေးခေါ် စဉ်းစား ဖြတ်သန်းရမယ့် အသိရှိလာပါ လိမ့်မယ်။
အဲဒီ အချိန်ဆိုရင်
ဥပမာ- နိုင်ငံခြား သွား အလုပ်လုပ်မယ် ဆိုပါစို့ ။ဟိုမှာ ကိုယ် ရပ်တည်တဲ့ လိုင်းနဲ့ ဆက်စပ်ပြီး
ဘာတွေ လုပ်နေလဲ ဘယ်လိုဟာတွေ အထိ လုပ်နိုင်ဖို့ လိုလဲ စသဖြင့် ပြင်ဆင်ပြီး အဲဒီ လိုင်းနဲ့
ပတ်သတ်တဲ့ အလုပ်ကိုပဲ ဦးတည်ပြီး ပြင်ဆင်သင့်ပါတယ်။ ထို့ အတူ အလုပ်လုပ်ရင်းကျောင်းတွဲတက်မယ် ဆိုရင်လဲ
ကိုယ်လဲ ၀ါသနာပါ ။လက်ရှိလဲ လုပ်နေတဲ့ အတွက် အခက်အခဲ အကြီးအမား မရှိပဲ ကျောင်းကိုလဲ
ထပ်ဆင့်တက်နိုင် ကိုယ့်ကိုယ်ကို upgrade လုပ်နိုင်တာပေါ့။ နိုင်ငံခြား မသွားချင်ဘူး
ဒီမှာ ပဲ အဆင်ပြေနေတယ်ဆိုရင်လဲ လက်ရှိ အခြေအနေမှာ
ကျေနပ်မနေပဲ international မှာ ဘာတွေ လုပ်နေလဲ အဲဒီ quality တွေ ကိုယ်လဲ လုပ်နိုင်အောင်
ကြိုးစား နေဖို့ လိုပါမယ်။
ဒီလိုမျိုးလေးတွေ ကိုယ်ဖြစ်ချင်တဲ့ လမ်းကို ဦးတည်ပြီး သေချာ လျှောက်လှမ်းမယ်ဆိုရင် နိုင်ငံတစ်ကာမှာ လုပ်တဲ့ သူတွေလဲ တိုင်းပြည်မှာ ရှိတဲ့သူတွေနဲ့ ချိတ်ဆက်ပြီး အများကြီး တွဲလုပ်ပြီး နိုင်ငံတစ်ကာ နဲ့ ယဉ်ဘောင်တန်း နိုင်အောင် ကြိုးစားနိုင်သလို ၊ ပြန်လာခဲ့ မယ်ဆိုရင်လဲ အချိန်မရွေး ရပ်တည်နိုင်ပါတယ်။
ဥပမာ အနေနဲ့ ဆိုရင် ..ကျွန်တော် စကာင်္ပူ မှာ အလုပ်လုပ်တုန်းက ရုံးက စီနီယာ visualizer တစ်ယောက်က အင်ဒိုနီးရှားက ပါ။ သူ တစ်နှစ်ခွဲလောက် အလုပ်လုပ်ပြီး အထာကျလာတော့ သူ့နိုင်ငံပြန်သွားပြီး ဟိုကပဲ online ကနေ ရုံးတက်ပြီး လစာကောင်းကောင်းနဲ့ အိုးမကွာ အိမ်မကွာ လုပ်နေတာ တွေ့ရပါတယ်။ အလုပ်ရှင် အနေနဲ့ လည်း လုပ်ငန်းလဲ အထာကျ လစာလဲ အများကြီး ပေးစရာ မလို ၊ စက်ပစ္စည်းက အစ ရင်းနှီးစရာ မလိုပဲ အလုပ်က အဆင်ပြေနေတော့ အတော် သဘောကျစရာကောင်းပါတယ်။ သက်ဆိုင်ရာ နယ်ပယ် အလိုက် ဒီလို အဆင်ပြေတဲ့ အခြေအနေ မူကွဲတွေ အများကြီး ရှိပါလိမ့်မယ်။
တစ်ကယ်တော့ ကျွန်တော်တို့ ရဲ့  အနာဂတ်ဟာ ကျွန်တော်တို့တတွေ ရဲ့  လက်ထဲမှာပါ။ကျန်တဲ့ policy ပိုင်းတွေ ကြောင့် အခက်အခဲ တော့ ရှိပေမယ့် ကျော်ဖြတ်လို့ ရပါတယ်။ ကိုယ်တိုင် သိဖို့ အတွေး မဆင်းရဲ ဖို့ လိုပါတယ် ။
ဒီလိုသာ ဆိုရင် မောင်မောင် လို မလိုအပ်တဲ့ ပူပန်မှုတွေ အစား အဓိက ထားပြီး အားစိုက်သင့်တာ ကို အချိန်ပေးနိုင်ပြီး ဘ၀ ရည်မှန်းချက်လဲ ရှိ တိုင်းပြည်လဲ အကျိုးရှိမယ့် အနာဂတ်တွေ စိုပြည်လာမယ်လို့ မျှော်လင့်ရင်း ……

No comments:
Post a Comment