Showing posts with label ဆရာ. Show all posts
Showing posts with label ဆရာ. Show all posts

Saturday, May 15, 2010

ဆရာ နှင့် အတူ စီးမြောချင်း


ဒီ စာလေးတွေကို အချိန်ရရင် ရသလို အများကြီးရေးဖြစ်မှာပါ။အဓိက ဆရာဆိုတဲ့ စကားလုံးနဲ့
ပတ်သတ်တဲ့ အကြောင်းအရာတွေ ချည်း ပြောဖြစ်မှာပါ။ညက MDA မှာ ကိုမန်းကျော်ရဲ့  မျှော်လင့်ခြင်းဆိုပြီး
ခေါင်းစဉ်တပ်ထားတဲ့ ပုံလေးတွေ့ပြီး ခံစားမိတာက နေ စရေးဖြစ်တာပါပဲ။ကိုမန်းကျော်က ဒီလိုလေးရေးထား
ပါတယ်။ ..မန္တလေးတောင် အဆင်းလမ်းက စေတီကွေ့ နားမှာရှိတဲ့ အပင်ပါ။ ကိုယ့်ဘာသာနံမယ်ပေးထားတာ ..ပုံနဲ့ ကိုက်မကိုက်ပေါ့ ဝေဖန်ပေးကြပါ။...
ကျွန်တော်က တော့ ဒီလိုလေး ခံစားမိပါတယ် .. 
ကျွန်တော်ကတော့ ဆရာ(နှလုံးသားလှသူ) လို့ ခံစားမိတယ်ဗျာ...
အပင်ကြီးကို ခုတ်ကြထစ်ကြနဲ့ ဘ၀ဒဏ်တွေ ခံရလို့ အမြင်မှာ ကြမ်းတမ်း နေပေမယ့်
လှပတဲ့ အရွက်နုလေးတွေကို ဝေဖူးလို့ ပေးနေတာ သက်တမ်းရှိသရွေ့  ပဲလေ...
လူတိုင်းရဲ့  ဘ၀တစ်လျှောက်လုံးမှာ ဆရာ ဆိုတဲ့ စကားလုံးလေးက မကင်းကြဘူးဆိုရင် သဘောတူမယ်ထင်ပါတယ်။အထူးသဖြင့် မြန်မာလူမျိုးတွေမှာ ရတနာ ၃ ပါးမှာ ပါတဲ့ အထိပါ။
ကျွန်တော် ကတော့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးမှာ ဒီနေ့ အထိ ဆရာတွေနဲ့ ပတ်သတ်ပြီး
မှတ်မှတ်သားသား အဖြစ်အပျက်တွေ များသလို မှတ်မိနေတာတွေကလဲ တစ်ခြား အရာတွေထက်ပိုနေပါတယ်။
တပည့် အနေနဲ့ ဆရာတွေ နဲ့ အတူ ရင်ခုံဘူးသလို ..ဆရာတစ်ယောက် အနေနဲ့ လဲ ခံစားရင်ခုံဘူးတာလဲ
မနည်းတော့ဘူးလို့ ဆိုရမယ်ထင်ပါတယ်။ ပီတိစားအားရှိ ဆိုတဲ့ စကားစုလေးဟာ နားထောင်လို့ ဖတ်လို့
အတော် ကောင်းပေမယ့် တစ်ကယ့် တစ်ကယ် စားရတာ မသက်သာလှပါဘူး။ဖြူစင်တဲ့ နှလုံးသားကို
ထမင်းလုပ်ပြီး တွဲစားမှပဲ မြိန်မှာ အသေအချာပါ။ကျွန်တော့်လိုပဲ ခံစားမိတယ်ဆိုရင် ၀မ်းသာမိမှာပါ။
ဆရာ ဆိုတဲ့  စကားလုံးလေးတွေနဲ့ ကခုန်မိတာလေးတွေ အချိန်ရရင် ရသလိုရေးဦးမယ်ဗျာ...
    
   နွေ အိမ်မက်တွေ ကြား
   ပူပြင်း စွာနဲ့
  ထူခြားစွာ လှပ ခဲ့
   ဆရာ တို့ အတိတ်
  ဆောင်းအိမ်မက်တွေကြား
  အေးခဲစွာ နဲ့
  ထူခြားစွာ နွေးထွေးခဲ့
  ဆရာ တို့ အရိပ်
  မိုး ရေစက်တွေကြား
  စိုစွတ် စွာနဲ့ ပဲ
  အေးမြစွာ  လှပ ခဲ့
 ဆရာတို့ စိတ် ....။
                                                                                       ဝေသစ်
 
    

ဆက်ဖတ်ရန်