Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, September 22, 2010

ရာသီမဲ့ ပျံသန်းခြင်း



















ညနေခင်း မှောင်ရီပျိုးမှာ မောလျတဲ့ တမ်းခြင်းတစ်ချို့ နဲ့ ခြေလှမ်းတစ်စုံ ကို ပိုင်ဆိုင်ရတာ နှစ်တောင် ကြာခဲ့ပြီကော။ သောကတစ်ချို့ ပြေပျောက်ဖို့ ပျော်ရွှင်မှု ၊ လွပ်လပ်မှု လောင်စာတွေ နဲ့ လောင်ကျွမ်း ရတာ မျှော်လင့်တဲ့ မျက်ဝန်းတွေသာ မရှိဘူးဆိုခဲ့ရင် ဦးတည်ရာ လမ်းတစ်လျှောက် ခဏလောက် မှေးပျောက်ချင်တာ အသေအချာပေါ့။

နေ့တွေ မှာ ပါးလှပ်တဲ့ မာနတရားတွေနဲ့ ညဘက်တွေ ရောက်မှ တစ်ခဏလေး ကိုယ်ပိုင်တွေးနိုင်တာတောင် ညတိုင်း မပိုင်ဆိုင်ရပါဘူး။ကာရံတွေ မသီကုံးနိုင် မွန်းကြပ်တဲ့ အပြူံးတွေ ကြားမှာ ကိုယ်ဟာ အမှောင်လူသား တစ်ယောက်ပေါ့။

လေပြေလေးတွေ စီးဆင်းတဲ့ ညတစ်ချို့မှာ ရယ်သံချိုလေးတွေကို လက်တစ်စုံနဲ့ တစ်မြတ်တစ်နိုး ခံယူရင်းနိုးထခဲ့ရတဲ့ မနက်ခင်းတွေမှာတော့ အိမ်မက်အနာဂတ် တစ်ချို့ အတွက် ခွန်အားတွေပေါ့။

အဝေးတစ်နေရာက အသံလှိုင်းတွေအားပြုလို့ တစ်ခါတစ်ရံမှ သက်ဆိုင်ရတဲ့ နွေးထွေးတဲ့ အသံ တစ်ချို့ အတွက် ချိန်ခါတွေ နှောင်းမှ ဆိုတဲ့ စိတ်တွေက တိတ်တဆိတ် အိမ်ပြည့် နေတယ်လေ။

ငှက်ကလေး အဝေးပျံပေမယ် အချိန်တန်ရင်အိမ်အပြန်လှချင်တာ အသေအချာပါ။အတောင်ညောင်းလို့ နားမိတဲ့ အခါ ဒဏ်ရာ တစ်ချို့နဲ့ ရာသီတွေ ခြောက်ခန်းတဲ့ ငှက် ၊ လမ်းပျောက်တဲ့ငှက် ၊ လေဆန်တွေ ပျံရတဲ့ ကြားက မုန်တိုင်းထန်လာလို့ ဘ၀ပါ ပျောက်တဲ့ငှက်.....ခရီးက ကြမ်းပေမယ့် မျှော်လင့်တဲ့ နှလုံးသားတွေ ရှိတဲ့ အသိုက်အမြုံ သို့ တစ်ခေါက် အပျော်တွေ ပိုက်ရင်း ပျံတတ်အောင်လို့ သန်မာတဲ့ အတောင်ပံ တစ်စုံ ကျွန်တော် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာ ...ခု..ထိ...ပါ ။......
ဆက်ဖတ်ရန်

Monday, April 19, 2010

ပုံပြောသူ ( Story dancer)


" ပုံပြောသူ "
တစ်ခါတစ်လေတော့လည်း သတိရတတ်သလို
တစ်ခါတစ်လေတော့လည်း နေသာတယ်လို့
ဘယ်သောအခါမှ ထင်မမှား ရဘူးနော်။

မပြုံး တဲ့ကျောက်ရုပ်ကို ဒီတိုင်းမထားပဲ နုတ်ခမ်းမွှေးတပ်
ရယ်တတ်ဖို့ အမြဲကြိုးစားတတ်လို့
လွမ်းတတ်တဲ့ အသည်း ဘယ်မလဲလို့
မင်းမေးမှာကိုယ်သိပ်ကြောက်တာ
သူတစ်ယောက်ပဲသိတယ်။
အဲဒီတစ်ယောက်သောသူ ဘယ်သူဆိုတာ မသိချင်နဲ့နော်။

တစ်ခါတစ်လေတော့လည်း သိပ်ချစ်တတ်သလို
တစ်ခါတစ်လေတော့လည်း သိပ်ရစ်တတ်တယ်လို့
ဘယ်သော အခါမှ ထင်မမှား ရဘူးနော်။

ဘုရားဖူးရင်တောင် မဖြစ်လို့ မင်းလက်ကိုတွဲပြီး
လက်ယာရစ် ရစ်ရတာ
အမြဲတမ်းတော့ မချစ်အားလို့ တစ်ခါတစ်လေ ရစ်တာလားလို့
မင်းမေးမှာ ကိုယ်သိပ်ကြောက်တာ
သူတစ်ယောက်ပဲ သိတယ်။
အဲဒီတစ်ယောက်သောသူ ဘယ်သူဆိုတာ မသိချင်နဲ့နော်။

တစ်ခါတစ်လေတော့လည်း အနီးအမြဲရောက်သလို
တစ်ခါတစ်လေတော့လည်း အဝေးရောက် နေတတ်သူလို့
ဘယ်သောအခါမှ ထင်မမှား ရဘူးနော်။

အတူသွားတဲ့အခါ အရိပ်ချင်းကပ်နေမှ
အတူစားတဲ့အခါ ရနံ့ချင်းဟပ်နေမှ ..
ဒီလိုလူကို အဝေးရောက်ရင် မေ့မယ်ထင်တယ်လို့
မင်းမေးမှာ ကိုယ်သိပ်ကြောက်တာ
သူတစ်ယောက်ပဲသိတယ်။
အဲဒီတစ်ယောက်သောသူ ဘယ်သူဆိုတာ မသိချင်နဲ့နော်။

ဝေသစ်
ရေးထားတာတော့ ကြာပါပြီ..မွေးနေ့အမှတ်တရတင်လိုက်၏...
ဆက်ဖတ်ရန်

Friday, February 19, 2010

အပိုင်းအစ


                                      
  
      
                







 


            “ မာယာဖြူ “
အိမ်မက်တွေ နဲ့ မနေ့က တက်ကြွနေတယ်
ရင်ထဲမှာ ခွန်အားတွေ အပြည့်ရယ်…..
စိတ်ဓာတ်တွေ ဗိုင်းရပ်စ်များနဲ့
တစ်ခန်းရပ်ပြဇာတ်တွေကတဲ့ ညမှာပေါ့..
သူကျွန်တော့် ဆီလာခဲ့တယ်လေ….
အရောင်တွေစုံတဲ့ ည..
ကိုယ့်ကိုယ်ကို တောင်ပျောက်ဆုံးသွားတာ
ဖွေရှာရင်း တံခါးအပြင်ဘက်ထိ ပေါ့
အိမ်မက်ဆိုးနဲ့ နွေည
မှတ်မိပါသေးတယ်…
ကို နဲ့ သူမ
စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်
ပြဇာတ်မဟုတ် ခဲ့သလို
အိမ်မက်တွေနဲ့ စခဲ့တာ
သူ...သိပါစ ။
                                                    ဝေသစ်


ဆက်ဖတ်ရန်