Showing posts with label ဒီဇိုင်း. Show all posts
Showing posts with label ဒီဇိုင်း. Show all posts

Thursday, July 28, 2011

Interior Design ဆို သည်မှာ



ဒီနေ့  ခေတ်မှာ   Interior Design   ဆိုတဲ့   စကားလုံးက   အတော့်ကို   တွင်တွင်ကျယ်ကျယ်  ကြားနေရပါတယ်။ ကျွန်တော့်   အနေနဲ့  လဲ  ပြည့်ပြည့် စုံစုံတော့   သိလှ တယ်တော့   မဟုတ်ပါဘူး။ ဒါပေမယ့်  သိသမျှ   လေးတွေ ကို စနစ်တစ်ကျ  ဝေမျှ  ပေးချင်ပါတယ်။  ရည်ရွယ်ချက်   ကတော့       Interior Design   နဲ့ ပတ်သတ်နေတဲ့  ၀န်းကျင်   စိတ်ဝင်စား  တဲ့ သူတွေ အတွက် သိသင့်တဲ့ ဗဟုသုတ  လေးတွေ  ဝေမျှ ပေးချင်တာပါ။ ဒါမှ လဲ Interior Design နဲ့ ပတ်သတ် ပြီး ဘယ်လို လုပ်ငန်း ဆောင်တာတွေ   ပါဝင်တယ် ၊  ဘယ်လို  တာဝန်တွေကို  ယူရတယ် ဆိုတဲ့ အသိတွေ   ရှိလာပြီး    မှန်ကန်တဲ့   တာဝန်ယူသူတွေ ကို  ဘယ်လို  တန်ဖိုးထား   ရတယ် ဆိုတာ  သဘောပေါက် နားလည်လာမှာပါ။
Interior Design ဆိုတဲ့   ၀န်းကျင်ကို   လက်ရှိ သတ်မှတ်ထားတဲ့   တာဝန်တွေ ပေါ်မူတည်ပြီး  လုပ်ဆောင် ရမယ့်  အပိုင်းတွေ   အလိုက် သက်ဆိုင်ရာ နာမည် တွေ သတ်မှတ်  ပေးထားပါတယ်။

၁။  Interior Architect
၂ ။ Interior Designer
၃ ။ Interior Decorator
ဆိုပြီး  ယေဘူယျ အားဖြင့် ၃  မျိုး ခွဲ ထားပါတယ်။

Interior Design ဆိုတဲ့ အဓိပ္ပါယ်ကို International  Interior  Design Association ( IIDS ) အဖွဲ့ အစည်း က ကြီးမှူးကျင်းပတဲ့  National Council  For  Interior Design Qualification  ( NCIDQ ) Exam အတွက်   သတ်မှတ်ထားတဲ့  အဓိပ္ပါယ် ကို ကျွန်တော် နားလည် သလောက် Overall   ခြုံငုံ    ဖော်ပြပါ့မယ်။

Interior Design  ဆိုတာဟာ အဆောက် အဦး အတွင်းပိုင်း  တွေ မှာ နဂို ရှိပြီး သား  structural အပိုင်းတွေ နဲ့  အံဝင်ဂွင်ကျ ဖြစ်ပြီး  နည်းပညာ   အရကော    တီထွင်ဖန်တီးမှူ  အပိုင်းတွေပါ  အဆင်ပြေအောင် လုပ်ဆောင် ပေးရပါတယ်။ ဘယ်လို အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်မလဲ ဆိုတာ ကတော့ နေထိုင်မည့် သူတွေ အတွက် အသုံးဝင်ပြီး   သူတို့ ရဲ့  ယဉ်ကျေးမှူနဲ့   လိုက်ဖက်ပြီးတော့  အမြင်အားဖြင့်လဲ  မျက်စေ့ ပဒါဿ    ကျကျ ဆွဲဆောင် မှူ ရှိပြီး  ကောင်းမွန် တဲ့  ပတ်ဝန်းကျင်လေး ဖြစ်အောင် လုပ်ပေးရမှာပါ။ ဖန်တီး  လိုက်တဲ့ Design ဟာ လည်း  လက်ရှိ  structural shell ( eg. Existing beam ,column,exterior wall..etc ) တွေနဲ့  အတွင်း မှာ ထားရှိမယ့်  လူ အသုံး အဆောင် ပစ္စည်းတွေ နဲ့ အံဝင်ခွင်ကျ  ဖြစ်နေဖို့လဲ လို ပါမယ်။
  
ထို့ အတူ သတ်မှတ်ထားတဲ့ အဆောက် အဦးအတွက်   လိုက်နာရမည့်     ဥပဒေ   စည်းမျဉ်း  စည်းကမ်းတွေ  နဲ့ လဲ ကိုက်ညီ ပြီး   နေထိုင်မည့်  သူတွေ အတွက် safe ဖြစ်ရမယ် ၊ လေ၀င်လေ ထွက် ကောင်းမွန် ရမယ် ၊ သန့်ရှင်း ရမယ် ၊  ကျန်းမာရေး ရှုထောင့် အရပြေလည် ရမယ် ၊ အပူ ချိန် က အစ သက်ဆိုင်ရာ အသုံးပြူမယ့်  ပစ္စည်းတွေ က လည်း အသုံးပြူမည့် သူတွေ အတွက် အဆင်ပြေရမယ် ( ergonomic) ဖြစ်ရမယ် ။

နောက်ဆုံး အနေနဲ့  Design ကို ဖန်တီးတဲ့ အခါမှာလည်း   စနစ်တစ်ကျ နဲ့ သီအိုရီ knowledge ကြွယ်ဝပြီး ပုံမှန် သမာရိုးကျ ထက် ဖောက်ထွက်နိုင်တဲ့  ဖန်တီးမှူ  မျိုးတွေ ကို client ရဲ့  လိုအပ်ချက်တွေ ပေါ် စူးစမ်းလေ့လာပြီး   client ကျေနပ်နှစ်သက်တဲ့   Interior Space ရပ်ဝန်းလေး  တစ်ခု ဖြစ်ပေါ်အောင် ဖန်တီးနိုင်တာက  အဓိက ရည်ရွယ်ချက်  ပါပဲ။

            Professional Interior တွေဟာ  သတ်မှတ်ထားတဲ့  ပညာ အရည်အချင်း , အတွေ့ အကြုံ , အသိအမှတ် ပြူ စာမေးပွဲ တွေ ဖြေဆိုပြီး  သတ်ဆိုင်ရာ certificate တွေ ရှိထား ရပါမယ် ။ ဒါတွေ ရှိထား ခြင်း အားဖြင့် client အတွက်  ကျန်းမာသန့်ရှင်းပြီး   မြင့်မားလုံခြုံတဲ့  လူနေမှု   ဘ၀  တွေ အပြင် ငွေကြေးအရလဲ  မလိုအပ်ပဲ   မကုန်ကျစေ  အောင် စတဲ့  Interior Designer တွေ  တာဝန်ယူ ရမယ့် နယ်ပယ်တွေ အတွက် ဆောင်ရွှက်နိုင်တဲ့   ယုံကြည် ရမယ့် အရည် အချင်း တွေ ရှိတယ် ဆိုတဲ့ အမှတ် အသား တွေ ကို ကိုယ်စားပြုနိုင် တဲ့ သူတွေ လို့ အသိ အမှတ် ပြူထားတဲ့  သဘောပါ။ အသေး စိတ် တာဝန်တွေ ကို လဲ သတ်မှတ်ထား ပေးပါတယ်။ ဒါတွေကို တော့ နောက်ထပ် ပိုစ် တစ်ခု အနေနဲ့ ဆက်ပေးပါ့မယ်။
လေးစားစွာဖြင့်
ဝေဖြိုး
ဆက်ဖတ်ရန်

Sunday, March 27, 2011

Design Principles

  Design  Principles ရယ်လို့ အသိများကြတာက Rhythm , Balance , Unity , Scale ,Proportion ,Variety , Harmony ,Emphasis တွေပါ။
   
Rhythm  _ စည်းချက် နရီ ကျကျ design element လေးတွေ ကို စိတ်ဝင်စားဖွယ် ထည့်သွင်း ဖန်တီးထားတာ မျိုးလေးတွေပါ။ဥပမာ line လေးတွေ  pattern  လေးတွေ စသဖြင့် repetition ထပ်ကာ ထပ်ကာ သုံးတာမျိုးပေါ့။အဓိက ရည်ရွယ်ချက်ကတော့ ကြည့်သူရဲ့ အမြင်အာရုံကို ကိုယ့်ရဲ ဒီဇိုင်းထဲရောက်အောင်  စည်းချက် လေးတွေနဲ့ စိတ်ဝင်စားဖွယ် ဆွဲခေါ်လာဖို့ပါ။ Rhythm  မမိတဲ့ / မရှိတဲ့ ဒီဇိုင်းတစ်ခုအနေနဲ့ အတော် ခြောက်သွေ့  ငြီးငွေ့ စရာဖြစ်နေမှာပါ။ပုံတစ်မှာ သိသာထင်ရှားတဲ့ form  တွေ shape နဲ့ စည်းချက်မိအောင် ဖန်တီးထားတာ မြင်နိုင်သလို ပုံ နှစ် မှာ cushion color ,  sofa  & pillow fabric pattern  နောက် ပန်းချီကားလေးတွေ နဲ့ စည်းချက်မိအောင် ဖန်တီးထားတာ မြင်တွေ့နိုင်ပါတယ်။ အနှစ်ချူပ်ရင်တော့                      flow of elements - repetition, gradation, etc   လို့ ပြောနိုင်ပါတယ်။

    Balance _ Symmetrical balance , Asymmetrical balance , Radial balance ရယ်လို့ အကြမ်းအားဖြင့် ၃ မျိုး ရှိပါတယ်။Symmetrical balance အနေနဲ့ကတော့  center axis တစ်ခုရဲ့  တစ်ဘက်တစ်ချက်စီမှာ similar objects  လေးတွေ ညီတူထားတာမျိုးလေးတွေပါ။ဥပမာအနေနဲ့ ပုံလေး ၂ ပုံကို ကြည့်ပါ။Horizontal  အနေနဲ့ ကော Vertical အနေနဲ့ ပါ ဖန်တီးနိုင်ပါတယ်။




                                                                                                                               
Asymmetrical balance  အနေနဲ့ ကတော့ အမြင်အားဖြင့်တော့ ခေါက်ချိုးညီ မဆန်ပေမယ့် axis ရဲ့  တစ်ဖက်စီမှာ  visual weight  ခံစားမှု အနေနဲ့ balance ဖြစ်နေဒါမျိုးပေါ့..ဥပမာ အခန်းအလယ် စားပွဲတစ်ဘက်မှာ ခုံကြီးကြီး တစ်လုံးနဲ့ တစ်ခြားဘက်မှ ခုံသေးသေး ၃ လုံးလောက် ချထားတာမျိုးပေါ့ ...form  အားဖြင့်ဖြစ်စေ distance  အားဖြင့်ဖြစ်စေ direction အားဖြင့်ဖြစ်စေ..အမျိုးမျိုး အခြေခံ ဖန်တီးနိုင်ပါတယ်။များသောအားဖြင့် ပိုပြီး flexible ဖြစ်တော့  creative  လုပ်လို့ ပိုအဆင်ပြေပါတယ်။


            Radial balance  အနေနဲ့ ကတော့ ထူးပြီးမပြောတော့ပါဘူး။ဥပမာပုံလေးတွေ ကြည့်ရင် သိသာပါတယ်။


                                     
                              

                                                                  Harmony _ ဟာမိုနီ ဆိုတာ ကျွန်တော်တို့ မြန်မာတွေနဲ့  အသားကျနေပါပြီ လိုက်ဖက်ညီတာမျိုးပါ။နေနဲ့လ ရွှေနဲ့ မြ ဆိုတဲ့ ဆိုရိုးလေးလိုပေါ့။ ဒီဇိုင်းအနေနဲ့ဆိုရင် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာမျိုးပေါ့..color အနေနဲ့ဖြစ်ဖြစ်  shape အနေနဲ့ဖြစ်ဖြစ် material အနေနဲ့ဖြစ်ဖြစ် အနီးစပ်ဆုံး လိုက်ဖက်ည်ီပြီး တစ်ခုရဲ့   flow ကို တစ်ခုက အနှောင့်အယှက် မဖြစ်စေရပါဘူး။ဟာမိုနီဖြစ်နေတဲ့ ဖွဲ့စည်းမှုလေးတွေက သက်တောင့်သက်သာ ဖြစ်စေတဲ့ ခံစားမှုလေးတွေ ဖြစ်စေပါတယ်။ဥပမာပုံလေးတွေ ကြည့်ပြီး ခံစားကြည့်နိုင်ပါတယ်။ပထမပုံက ရိုးရှင်းတဲ့ ဘ၀လေးရဲ့  Harmony  ဖြစ်ပြီး ဒုတိယ ပုံလေးက ချမ်းသာကြွယ်ဝမှုက Harmony ဖြစ်မှုလေးတွေပါ။ဘယ်လိုဘ၀တွေ ကွာခြားပါစေ design principle လေးတွေဟာ မျက်နှာမလိုက်ပဲ ရှိနေတတ်တာကိုလဲ ရှူထောင့် တစ်မျိုးက မြင်နိုင်ပါတယ်။တတိယ ပုံလေးကတော့ တည်ငြိမ်မှုနဲ့ သက်တောင့်သက်သာ ရှိစေတဲ့ ရေပြင်ညီ လိုင်းနဲ့ ခွန်းအားရှိတဲ့ ထောင်လိုက် လိုင်းးနှစ်ခုကို လိုက်ဖက်ညီညီ Harmony ကျကျ တွဲဖက်ထားတဲ့  human sketch လေးပါ။

                                    
                            
 






                    






Scale _ ကျွန်တော်တို့တစ်တွေ အသုံးပြူနေတဲ့ design elements  လေးတွေ နဲ့ အခြေခံ ဖန်တီးထားတဲ့ တစ်ကယ့် အသုံးအဆောင် ပစ္စည်းတွေ ရဲ့  အသုံးပြူမှု အဆင်ပြေမပြေ အတွက်က scale  ဆိုတဲ့ တိကျတဲ့ အတိုင်းအတာ သတ်မှတ်ချက်မရှိလို့ မဖြစ်ပါဘူး။သေချာ အသေးစိတ်ခွဲမယ်ဆိုရင် Mechanical scale , visual scale , Human scale ဆိုပြီး ခွဲခြားလို့ရပါတယ်။ Mechanical scale ကတော့ ကျွန်တော်တို့ တစ်တွေ အမြဲပတ်သတ်နေရတဲ့ ပေ..လက်မ..မီလီမီတာ..မီတာ..စသဖြင့် standard အခြေခံယူနစ် အတိုင်းအတာတွေပါ။ဒါမှ ဘယ်လောက် အတိုင်းအတာ ဆိုရင် မျက်လုံးတန်း မှန်းနိုင်ပြီး တစ်ကယ်လဲ အသုံးပြုနိုင် မပြူနိုင် စဉ်းစားနိုင်ပါတယ်။visual scale ကတော့  ဥပမာ ကလေးအခန်းထဲမှာ ကလေးအသုံးအဆောင် ပစ္စည်းတွေကြားမှာ လူကြီး သုံးတဲ့ အရွယ် အစားစားပွဲတစ်လုံး ထည့်ထားရင် ဘယ်သူမဆို out of scale ဖြစ်နေတယ်လို့ ပြောမှာပါပဲ။  အခန်းက ကျဉ်းတဲ့ အခါမျိုးမှာ ရွေးချယ်တဲ့ ဆိုဖာ လိုမျိုးအတွက် ထုနဲ့ထည်နဲ့ ခန့်ထည်ထည် ဒီဇိုင်းအစား ပေါ့ပေါ့ ပါးပါး နေရာ မယူတဲ့ ဆိုဖာ ဒီဇိုင်းလေးတွေ   သုံးတာမျိုးပေါ့။Human scale က တော့ ကျွန်တော်တို့ တစ်တွေနဲ့ သတ်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လူဝင်တံခါးတွေ ပြူတင်းပေါက်တွေ စသဖြင့်ပေါ့ လူတစ်ယောက်ရဲ့  အချိုးအစားပေါ်မူတည်ပြီး အသုံးပြူရ သက်တောင့်သက်သာ ရှိမယ့် standard dimension တွေ ဖော်ထုတ်သတ်မှတ်ထားတာမျိုးတွေ ၊ နောက် လူတစ်ယောက်ရဲ့  အခြေခံ အတိုင်းအတာပေါ်မူတည်ပြီး တစ်ချို့နေရာတွေ မှာ တိုင်းတာ ဆုံးဖြတ်ကျရတာမျိုးတွေ လည်းရှိပါတယ်။
နမူနာ ပုံတစ်မှာ ဆိုရင် ဘောင်သွင်းထားတဲ့ ဓာတ်ပုံလေးတွေဟာ သူစံနဲ့ ကိုက်နေပေမယ့် နောက်ခံနံရံ အတိုင်းအတာနဲ့ ဆိုရင် ကြီးနေတယ်
out of scale  ဖြစ်နေပါတယ်။ပုံ နှစ်မှာကတော့ ရပ်နေတဲ့ လူတွေရဲ့  အရွယ်အစား  Human scale ပေါ်မူတည်ပြီး အဲဒီ အခန်းရဲ့  အကျယ်အ၀န်း အမြင့် စသဖြင့် အဆင်ပြေမပြေ ခန့်မှန်း သိနိုင်ပါတယ်။




 





Proportion _ ဒီ မိန်းခလေးကအရပ်ပုပေမယ့် အချိုးအစားကျတယ်။ ဒီ building model လေးက သေးသေးလေး ကို အနီးကပ် ဓာတ်ပုံရိုက်ထားတာ အပြင်က တစ်ကယ့် အဆောက်အဦးကြီး အတိုင်းပဲ..စသဖြင့်  ကျွန်တော်တို့ ကြားသိဘူးတာတွေ က proportion ပါပဲ။ စကေးလို အတိအကျ အတိုင်းအတာပေါ် အခြေမခံပဲ အချိုးအစား ပေါ် အခြေခံတာမျိုးပါ။ကျွန်တော်တို့ ဖန်တီးတဲ့ ဒီဇိုင်းတွေထဲက  elements လေးတွေ ရဲ့  အချိုးအစားအားဖြင့် ဆက်စပ်နေဖို့လဲ လိုပါမယ်။ဘယ်လို အချိုးအစားတွေ အတိအကျနဲ့ ဒီဇိုင်း လုပ်ပါဆိုတဲ့ တိကျတဲ့ ပုံသေနည်းတွေ  သေချာ သတ်မှတ်မထားပေမယ့် တစ်ချို့ ရှိပြီး နာမည်ရှိ အရာတွေ အတွက်တော့ ပုံသေအချိုးအစားတွေ တော့ရှိတာပေါ့။ဥပမာ လူတစ်ယောက်ရဲ့  အချိုးအစားပေါ်မူတည်ပြီး ဖော်ထုတ်ထား တဲ့ GOLDEN RATIO  လိုမျိုးပေါ့..နောက် မြန်မာ ဗိသူကာ ပြသာဒ်တွေ..စသဖြင့်ပေါ့။ဒါတွေ အားလုံးဟာ လည်း tried & error နဲ့ အတွေ့ အကြူံပေါ်မူတည်ပြီး ဖန်တီးဖော်ထုတ်ခဲ့ရတာပါပဲ။ဒီတော့ ကိုယ်ပိုင် ဖန်တီးမှုတွေ အတွက်တော့ အတွေ့အကြုံနဲ့ ကြိုးစားမှုတွေ ပေါ်မူတည်နေတာပါပဲ။အထူးသဖြင့် Asymmetrical balance   အတွက် ဒီအချိုးအစားတွေနဲ့  visual weight ညီမျှအောင် သုံးရာမှာ အတော် အသုံး ၀င်ပါတယ်။နမူနာ ပုံ လေးတွေ မှာ GOLDEN RATIO နဲ့ အခန်းလေး တစ်ခန်းမှာ Rhythm , Harmony , Proportion ကျကျ ဖန်တီးထားတာ တွေ့နိုင်ပါတယ်။


          
                                
 


                                                                                          
Variety _   အအီတွေ ချည်းမစားပဲ အချဉ်သုပ်လေး တွဲထားတာမျိုးမှ စားမြိန်သလိုပါပဲ။ပုံသေ Element တွေ ချည်း ဖိသုံးပြီး  သိပ်မဆန်းသလို ဆွဲဆောင်မှူအား နည်းတာမျိုးမဖြစ်အောင် ထင်ရှားပေါ်လွင်စေတဲ့ အရာလေးတွေ ထည့်ပေးတာမျိုး နောက် Accent ,contrast , focal point စသဖြင့် ပေါ်လွင်ထင်ရှားစေမယ့် အရာလေးတွေ တစ်ချို့နေရာလေးတွေ ထည့်သွင်း ဖန်တီးနိုင်ပါတယ်။အထက်က Proportion ပုံလေးမှာပဲ အခန်းထောင့်လေးမှာ floor stand lamp လေးတည့်ပေးခြင်း အားဖြင့် အသားနံရံလေးတွေ ဆုံတဲ့ ထောင့်လေးမှာ အားကောင်းစေသလို ၀ရန်တာ ထောင့်က င်္ူFlower box လေးသာ မပါခဲ့ရင် အဲဒီ နေရာလေးက ဆွဲဆောင်မှုနည်းတာမျိုး  ဖြစ်နေနိုင်ပါတယ်။ 

Emphasis _ အထက်မှာ ပြောခဲ့တဲ့ ပေါ်လွင်ထင်ရှားစေမယ့်  Design idea ( Accent ,contrast , focal point..etc )လေးတွေကို သီးသန့် တစ်နေရာ ထည့်သွင်းပြီး မြင်ကွင်းအာရုံထဲမှာ တစ်ခါတည်း ဆွဲခေါ်သွားစေတာမျိုးတွေကို ဆိုလိုတာပါ။သတိထားမိအောင် အထူးပြူ ဖန်တီးထားတာမျိုး ...shape ,form ,Light , contrast color တွေ texture တွေ စသဖြင့် သုံးပြီး ပြူလုပ်နိုင်ပါတယ်။နမူနာ ပုံလေးတွေ ကြည့်ရင် သိသာပါတယ်။သတိထားရမှာက ဥပမာ focal points တွေ များနေပြန်ရင်လဲ အာရုံကိုရှုပ်ထွေးစေတတ်ပါတယ်။

           
                            
 









Unity _ design principle အားလုံးရဲ့  ချုံငုံသုံးသပ်မှု လို့ပြောရတဲ့ အတွက် Master design principle လို့ တင်စားပြောဆိုလေ့ ရှိပါတယ်။ကိုယ့်ရဲ့  တီထွင်ဖန်တီးမှု ဒီဇိုင်းကို ဘယ်လို  Mood ,Theme  မျိုး ပေးမလဲ ပေးချင်တဲ့  ဒီဇိုင်း တစ်ခုလုံး အနေနဲ့  ပေါ်လွင်နေဖို့လိုပါတယ်။ခံစားသူအနေနဲ့ တစ်ခုစီ ခွဲထွက် ဆက်စပ်မှု အားနည်း နေသလို ခံစားမနေပဲ တစ်ခုလုံးအနေနဲ့ ပေးချင်တဲ့  Mood ကို ခံစားမိနေရပါမယ်။ဥပမာ မြန်မာ ဆန်ဆန်မိန်းခလေး တစ်ယောက် ရဲ့  အ၀တ်အစား စတိုင်မှာ Sexy ဆန်ဆန် နှူတ်ခမ်းနီ ဆိုးထားတာမျိုးဆို ကွဲထွက်နေပြီး ဆက်စပ်မှု အားနည်း နေတာ သိသာသလို Unity  ရဲ့  အဓိပ္ပါယ်ကို သိနိုင်မယ်ထင်ပါတယ်။
(ကျွန်တော် အရှေ့က ရေးခဲ့တဲ့ Design Basic ဖတ်ပြီး မှအခု ပိုစ်ကို ဖတ်မယ်ဆိုရင် ပိုပြီး ဆက်စပ်အကျိုးရှိပါလိမ့်မယ်။)
                  
                       
       
                                                                                                 
ဆက်ဖတ်ရန်

Sunday, January 2, 2011

Design Basic

Designer တစ်ယောက်အတွက် Architectural နဲ့ Interior Design မှာပါ ကိုယ့် project ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ (သို့မဟုတ်) သေးငယ်ပါစေ မပါမဖြစ် မသိမဖြစ် အမြဲနှလုံးသွင်း သိထားရမှာကတော့ အခြေခံ Elements of Design နဲ့ Principles Design တွေပါပဲ ။

Elements of design ဆိုတာတွေကတော့ line , space, form, shape, texture, colour, light, and time တွေပါပဲ။သူတို့တွေ ကို ပေါင်းစပ် အခြေခံ တည်ဆောက်ထားတဲ့ Principles Design တွေကတော့ Rhythm , Balance , Unity , Scale ,Proportion , Asymmetrical balance ,Variety , Harmony ,Emphasis တွေပါ။

Elements of design
နဲ့ Principles Design ကို ဘယ်လို ဆက်စပ် နေလဲ ဆိုတဲ့ သဘောတရားလေး သိဖို့လိုပါမယ်။လူတစ်ယောက် ဆိုပါစို့...သူ့မှာ ခြေတွေ လက်တွေ စတဲ့ ကိုယ်လက် အင်္ဂါတွေ ပေါင်းစပ် ပါဝင်နေတာ ကြည့်ပြီး လူလို့ သတ်မှတ်နိုင်တယ်..ဒီထက်ပိုပြီး အမျိုးသားလား အမျိုးသမီးလားပေါ့။အဲဒီ ကိုယ်လက် အင်္ဂါတွေက elements တွေပါ။သူတို့တစ်တွေ အချိုး တစ်ကျ ပေါင်းစပ်ဖွဲ့စည်းမှုအား ပေါ် မူတည်ပြီး လှတယ် ရုပ်ဆိုးတယ် ချစ်စရာကောင်းတယ် ဆိုတဲ့ ခံစားမှု အာရုံလေးတွေ ထွက်ပေါ်လာစေ တာတွေက Principles Design တွေပါ။ဥပမာ မျက်လုံးတစ်ဘက်က ကြီးပြီး တစ်ဘက်က သေးနေတယ် ဆိုပါစို့...) Balance အောက်နေပြီလေ။ဒီသဘောလေးပါ....

ဒီတော့ ကျွန်တော်တို့ ဒီဇိုင်းတစ်ခု ဖန်တီးတဲ့ အခါမှာ အမြင်အာရုံအားဖြင့် ကိုယ့်ရဲ့  ဒီဇိုင်းပေါ်လွင်အောင် design principles လေးတွေ နဲclient ခံစား အသုံးဝင်နိုင်အောင် ဆွဲဆောင်နိုင်ဖို့ဒီ Elements လေးတွေကို သတိထား ရွေးချယ် အသုံးပြုတတ်ဖို့ လိုပါမယ်။ ဒီအခြေခံလေးတွေကို ပိုင်နိုင်အောင် ကိုယ်နဲ့ တစ်သားတည်းဖြစ်နေအောင် ဖတ်နေ သိနေရုံနဲ့ တင်မက အမြဲနှလုံးသွင်းပြီး မြင်သမျှ အာရုံတွေမှာ Design နဲ့ ပတ်သတ်သမျှ ဘယ်လိုဖွဲ့စည်းထားတယ် ဘယ်လိုတော့ ကောင်း၏ ၊ ဆိုး၏ စသဖြင့် အသွေးအသားထဲ စိမ့်ဝင်နေအောင် အားထည့် ခံစားလေ့လာရပါမယ်။ ကျွန်တော် ဖြတ်သန်းလာတဲ့ အတွေ့ အကြူံနဲ့ ဖတ်မိတဲ့ စာလေးတွေပေါင်းစပ်ပြီး ကိုယ်ပိုင် အတွေးများရောယှက်ကာ online က အမြည်းပေးထားတဲ့ interior ကျောင်းတစ်ခုက course လေးကို reference လုပ်ပြီး ပြောကြည့်ချင်ပါတယ်။ မသိသေးတဲ့ သူတွေအဖို့ အသိမှား မဖြစ်အောင် အကောင်းဆုံး ကြိုးစားထားပါတယ်။သိတဲ့သူတွေ အတွက်လဲ ရှူထောင့် သစ်တွေ ရတာပေါ့။နောက် ကိုယ်မြင်တဲ့ အမြင်လေးတွေလဲ ဝေမျှဆွေးနွေးပေးပါဦးလို့လဲ ဖိတ်ခေါ်ပါတယ်။


*** (Line)...

line တွေဟာ တစ်ကယ်တန်းဆိုရင် စိတ်ကူးနဲ့ ဖော်ထုတ်ထားတဲ့ အခြေခံ geometry ပါပဲ။တစ်ကယ့် အပြင်မှာ လိုင်းနဲ့ ပုံစံတူတဲ့ shape တွေပဲရှိတာ သတိထားမိမယ်ထင်ပါတယ်။ line တွေ မှာ ပုံစံအမျိုးမျိုး ပါဝင်နေတာလဲ တွေ့ရမှာပါ။ Horizontal line (ရေပြင်ညီ) , Vertical line ( ထောင်လိုက်) , Angle line or Slope (ထောင့်တစ်ထောင့်နဲ့ မြင့်တက်၊ နိမ့်ဆင်း) နောက် Curve ပေါ့ Line segment လေးတွေ အများကြီးတွဲဆက်ပြီး Increasing Curve ,Decreasing Curve စသဖြင့် သူတို့ရဲ့  ကိုယ်ပိုင် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ နဲ့ အမျိုးမျိုး ရှိပါတယ်။

ဥပမာ အားဖြင့် အခန်းတစ်ခု ကိုကြည့်တယ် ဆိုရင် ပဲ
line လေးတွေက အမြင်အာရုံကို ဆွဲခေါ်သွားတာ ကစတာပါပဲ။ရေပြင်ညီ မျဉ်းလေးတွေ က မျှခြေရှိတဲ့သဘော၊သက်တောင့်သက်သာရှိစေသလို၊ပိုပြီး ကျယ်စေတဲ့သဘော လေးတွေရှိပါတယ်။ထောင်လိုက် မျဉ်းလေးတွေကတော့ တည်ငြိမ်တဲ့သဘော၊ စနစ်တစ်ကျရှိစေတဲ့ ခံစားမှု၊ကြီးကျယ်ခမ်းနားတယ်ဆိုတဲ့ ခံစားမှုတွေ အတွက် အထောက်အကူပြုပါတယ်။ angle အစောင်း မျဉ်းလေးတွေကတော့ ခွန်အား ကို တက်စေ ကျစေတဲ့ သဘောလေးတွေ ပေးတတ်သလို curve မျဉ်းကွေးလေးတွေက တော့ သိမ်မွေ့စေသလို၊ လွပ်လပ်တဲ့ freedom သဘောလေးတွေကိုလဲ ကိုယ်စား ပြုပေးတတ်ပါတယ်။ဒီလိုင်းလေးတွေနဲ့ သိမ်သိမ်မွေ့မွေ့ မသိမသာ design ထဲမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးနိုင်တာ အသေအချာပါပဲ။
















*** (Space )...

Space ဟာ အဓိက အရေးပါတဲ့ element တစ်ခုအဖြစ် ကျွန်တော်တို့ design ဖန်တီးဖိုအတွက် ပါဝင် နေပါတယ်။ Space ကို ဖန်တီးတဲံ အခါမှာ အမြင်အားဖြင့်လည်းကောင်း၊တစ်ကယ့်ကို physical အားဖြင့်ပါ သတ်မှတ် ဖန်တီးနိုင်ပါတယ်။ဥပမာ အခန်းလွတ်ကြီးတစ်ခုထဲမှာ အခန်းလေးတွေ ဖွဲ့စည်းရာမှာ partation တွေ ပြုလုပ်ကာရံခြင်းဖြင့်ဖန်တီးတာက physical သဘောပါ။ visual သဘောက ဥပမာ living room နဲ့ dinning room ကို လှေကားထစ်လေး တစ်ထစ် level ခွဲထားခြင်းဖြင့်ပိုင်းခြားတဲ့သဘော၊နောက်တစ်ခုက မတူညီတဲ့ material...floor အမျိုးအစား နှစ်မျိုးခွဲတာမျိုး ပေါ့။ အရေးကြီးတာက ကျွန်တော်တို့ ကိုယ်ပိုင် ဖြစ်စေ client လိုအပ်ချက်အရ ဖြစ်စေ အိမ်ထဲမှာ အခန်းတွေ ဖွဲ့တယ်ဆိုပါစို့။အဲဒီ space တွေက တစ်ခုနဲ့ တစ်ခု ဘယ်လို ချိတ်ဆက်နေမလဲ ဆိုတာ အရေးပါပါတယ်။သင့်ရဲ့ အခန်းနဲ့ တစ်ခြားအခန်းတွေ ဘယ်လို ချိတ်ဆက်မလဲပေါ့... function အရဖြစ်စေ design အားဖြင့်ပါ ဆက်သွယ်နေဖို့လိုပါမယ်။ထို့အတူပဲ အိမ် အတွင်းနဲ့ အပြင်ကို ဘယ်လိုချိတ်ဆက်နေမလဲ .visual အရနဲ့လား physical အရလား ဆိုတဲ့ မေးခွန်းလေး တွေကို တစ်ကယ်အလုပ်မှာ ပြေလည်စေဖို့ မဖြစ်မနေ စဉ်းစားစေချင်ပါတယ်။

*** (Shape & Form)...

ဒီ နှစ်ခုက တွဲပြီး ပြောမှ အဆင်ပိုပြေလို့ပါ။Shape ကတော့ two dimension ဖြစ်တဲ့ အလျားနဲ့အနံ ပါဝင် နေပြီး ပြင်ညီ တစ်ခုပေါ်မှာ တည်ရှိတာမျိုးပါ။ဥပမာ- rectangle,circle.. စသဖြင့် ပုံစံတွေကနေ ပုံစံမမှန်တဲ့ ကွေ့ကွေ့ကောက်ကောက် ရှုပ်ထွေးတဲ့ ပုံစံတွေ ပါဝင်နေပါတယ်။ form ကတော့ shape မှာ ထုပါဝင်လာပြီး three dimension ဖြစ်သွားတာပါပဲ။ကျွန်တော်တို့ ဒီဇိုင်း ဖန်တီးတဲ့အခါ ဥပမာ space တွေကို shape တွေ နဲ့ form တွေ ဖန်တီးတည်ဆောက်ရတာပါပဲ။ဥပမာ ကော်ဇောခင်းတယ်ဆိုပါဆို့.. shape လေးတွေလို့ပြောလို့ ရပါတယ်။အပြင်မှာ ဘယ်အရာမဆိုထုရှိပေမယ့် အမြင်အာရုံမှာ ထုအသွင်မဆောင်ရင် shape အနေနဲ့ လို့ ပြောချင်ပါတယ်။အခန်းတစ်ခုဆိုပါဆို့...ဒါဆို rectangular box ပေါ့။ form တစ်ခုပေါ့။လိုအပ်သလို shape တွေ form တွေ ကစားပြီး space တွေ design တွေ ဖန်တီးနိုင်ပါတယ်။ပုံမှန် rectangular shape တွေ Curve shape တွေ Circle shape တွေ စသဖြင့်အမျိုးမျိုး သုံးပြီး ဖန်တီးနိုင်ပါတယ်။..













*** (Texture)...

ကျွန်တော် တို့ ဖန်တီးမယ့် design တွေမှာ အသက်သွင်းဖို့ မဖြစ်မနေ လိုအပ်လာမှာက Texture (material မျက်နှာပြင် အနေအထား)ပါ။အမြင်အားဖြင့် ဒါကတော့ ကျောက်နံရံ၊ဒါကတော့ ဆေးသုတ်ထားတယ်.. စသဖြင့် သိနိုင်သလို ထိတွေ့ ကိုယ်တွယ်ခြင်းအားဖြင့်လဲ အရသာ ခံစားပေးစွမ်းနိုင်တဲ့အတွက် အလွန်ပဲ အရေးပါတဲ့ element ပါ။ရွေးချယ်တဲ့ material texture တွေ ပေါ်လွင်ဖို့ လိုသလို ကျန်တဲ့ design တွေနဲ့ လဲ ဆက်စပ်နေဖို့လိုပါတယ်။ဒါကြောင့် texture တွေ ရွေးချယ် ရတာ design တစ်ခုအတွက် အရေးကြီးတဲ့ critical point လို့ပြောရင် မမှားပါဘူး။အခုခေတ်မှာ တော့ သသာဝ ပစ္စည်းတွေ အပြင် လူတွေ ဖန်တီးထုတ်
လုပ်တဲ့ နည်းပညာသစ် တွေနဲ့ material အသစ်တွေ ဘယ်လိုပဲ ရှိရှိ အဓိက texture သွင်ပြင်တွေက natural form သဘာဝ အရင်းအမြစ်တွေ က လာတာပါပဲ။ဥပမာ အနေနဲ့ ပုံလေးတွေ ကြည်ံနိုင်ပါတယ်။













*** (Color & Light)...

သူတို့ ၂ ခုကတော့ အားလုံး ရင်းနှီးနေပြီးသား ဖြစ်မှာပါ။နောက် light နဲ့ color က အကျယ်ရေးသင့်တဲ့ elements တွေ ဖြစ်တော့ ဒီမှာ မိတ်ဆက် သဘောပဲ ပြောပါ့မယ်။အလင်းနဲ့ အရောင် ၂ ခုဟာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေတဲ့ အတွက် တစ်ခု ပြောင်းတာနဲ့ နောက်တစ်ခုက မဖြစ်မနေကို ပြောင်းလဲ မှုရှိနေတာ ပါပဲ။အရောင်တွေဟာ အထူးသဖြင့် အမျိုးမျိုးသော အလင်း ရင်းမြစ်တွေ ပေါ်မူတည်ပြီး ပြောင်းလဲ တတ် တဲ့ အတွက် အရောင်ရွေးချယ်တဲ့အခါ အသုံးပြူမယ့် အလင်း ရင်းမြစ်တွေနဲ့ စမ်းသပ် ချိန်စ ပြီး ရွေးမှ အဆင်ပြေပါ့မယ်။ဥပမာ- မီးချောင်းထွန်းထားတဲ့ အခန်းထဲက အရောင်နဲ့ မီးလုံး တို့ မီးဆိုင်းတို့... စပေါ့လိုက်လိုမျိုး ကွက်ပြီး အလင်းပေးတာမျိုးတွေ ပေါ်မူတည်ပြီး မြင်ရတဲ့ အရောင်တွေ အနည်းနဲ့ အများကွဲပြားနိုင်ပါတယ်။ နောက်တစ်မျိုးက နေ့အလင်းနဲ့ ညဘက်အချိန် တွေမှာ ကွဲပြားတာတွေက အစ သတိထားလေ့လာ မှတ်သားထားမယ်ဆိုရင် ဒီဇိုင်းဖန်တီးတဲ့ အခါ အမှားနည်းပြီး ထိရောက်တဲ့ ဖန်တီးမှူလေးတွေ ရရှိ နိုင်ပါတယ်။















*** (Time)...

material color form တွေ ဟာ အချိန် ကြာလာတာနဲ့ အမျှ ပြောင်းလဲ နိုင်တဲ့ အတွက် client အတွက် function အသုံးဝင်မှုကော aesthetic အမြင်အာရုံ ပသာဒ ပိုင်းပါ long term period ကိုပါ ထည့်သွင်း စဉ်းစား တတ်ဖို့လဲ လိုပါမယ်။ထို့အတူ material တွေဟာ နေ့တစ်နေ့မှာကိုပဲ မနက်၊နေ့လည်၊ညနေ.... တွေက စပြီး လအလိုက် နှစ်အလိုက် ရာသီတွေ အလိုက် စသဖြင့် သဘာဝအလင်းတွေ ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာတွေကိုလည်း အကုန်လုံးမစဉ်းစားနိုင်တောင် အရေးပါတဲ့ ပြောင်းလဲမှုကို ဖြစ်စေတတ်တဲ့ material တွေ ကိုတော့ အနည်းဆုံး စဉ်းစား သင့်ပါတယ်။ဒါမှလဲ designer တစ်ယောက်ရဲ့  ဖန်တီးမှုတွေ အပေါ် client အနေနဲ့ စိတ်ကျေနပ်ပြီး အသုံးဝင်နေမှာ ဖြစ်တဲ့အတွက် အမြဲ ကုသိုလ်ရနေသလို... အဆင်မပြေခဲ့တာ ရှိခဲ့ရင်လဲ သူတစ်ပါး စိတ်ဆင်းရဲနေရတဲ့ အတွက် အချိန်နဲ့အမျှ ကိုယ့်အတွက် မကောင်းတဲ့ အကျိုးတွေ ပေးနိုင်ပါတယ်။ Principle of Design ဆက်ပါ့မယ် ..။

ဆက်ဖတ်ရန်

Saturday, August 21, 2010

Minimalist Design Introduce

Minimalist ဆိုတဲ့ စကားလုံးလေး နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ကျွန်တော်တို့ တစ်တွေ ဒီစကားလုံးလေးတွေ ကို ဒီနေ့ ခေတ် လက်ရှိ အခြေအနေမှာ နေရာအတော်များများမှာ ကြားရတွေ့နေရမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ ၀န်းကျင်တွေမှာပေါ့... ကျွန်တော် ကတော့ interior ပိုင်းနဲ့ ပတ်သတ်တဲ့ minimalist အကြောင်းလေးကို ပြောမှာဖြစ်ပေမယ့် ဒီအခြေခံ concept လေးတွေကတော့ တစ်ခြား ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ၀န်းကျင်တွေ မှာလဲ အထောက်အကူပြုမှာပါ။

ဒီစကားလုံးလေးကို မရင်းနှီးသေးဘူးဆိုရင်လဲ ဥပမာ..webdesign ဆိုပါစို့.. google မှာ minimalist web design or minimalist graphic design ,minimalist life style စသဖြင့် search လုပ်လိုက်ပါ...အများကြီးတွေ့ပါလိမ့်မယ်။ interior design နဲ့ ပတ်သတ်ပြီး အခုနမူနာ ပြထားတဲ့ ပုံလေးတွေ မြင်တဲ့ အခါမှာတော့ ဒါလေးတွေ မြင်ဘူးတယ် ကြိုက်တယ်ပေါ့ အခုမှ ဒီလို ခေါ်မှန်းသိတာလို့ တွေးမိမယ်လို့ မျှော်လင့်ပါတယ်။ သူရဲ့  ဆောင်ပုဒ်လေးကတော့ ' Do Less More ' တဲ့... နည်းနည်း နဲ့ ပိုကောင်းတယ်ပေါ့.. အကြမ်းအားဖြင့်... မြန်မာလို ဆိုရင်တော့ ဒီစကားလုံးလေးရဲ့ concept လေးကို " ရိုးရှင်း သက်သာ ကောင်းမွန်စွာ " ဆိုရင် အတော် ပြည့်စုံမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးလေးဟာ minimalism design မှာ ဒီဇိုငိး concept အနေနဲ့ အများကြီး ပညာပါပါတယ်။ အနည်းဆုံး... (မရှိမဖြစ်လိုအပ်တာတွေ) နဲ့ ရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု ရှိနေအောင်ဆိုတဲ့ Composition မကောင်းရင် Do less more က နေ Do less bore ဖြစ်သွားနိုင်တာ သတိချပ်ဖွယ်ပါ။ အခု မြင်ရတဲ့ ထမင်းစားခန်းလေးဟာ သာမန်လူတန်းစား နေတဲ့ Dinning Area design လေးပါ...ဒီထက်ဆွဲဆောင်အားရှိတဲ့ အခြား design တွေ အများကြီး ရှိပေမယ့် ဒါလေးက သာမန်နေထိုင်တဲ့ ၀န်းကျင်မှာ minimalist concept လေးနဲ့ စိတ်ချမ်းမြေ့ပြီး ဆွဲဆောင်မှုရှိတာလေးကို မြင်စေချင်လို့ပါ။


ဒီထမင်းစားခန်းလေးမှာ ဖွဲ့စည်းထားတဲ့ အဓိက concept လေးက မရှိမဖြစ်လိုအပ်တဲ့အရာတွေကလွဲပြီး ကျန်တဲ့ အရာတွေ အားလုံးကို မြင်ကွင်းမှာမထားပဲ သိမ်းဆည်းပြီး ဖျောက်ထားတာပါပဲ။ အဲ တစ်ခုတော့ သတိထားရမယ်.. do less bore မဖြစ်အောင် ဘားကောင်တာလေးပေါ်မှာ အသီးလေးတွေ ရှိနေတာလေးမျိုး..
ဥပမာ.. ဘာမှမစားဘူးဆိုပြီး minimalist ဖြစ်အောင် အပြောင်ထားမယ့်အစား ပန်းအိုးလေးတစ်လုံးလောက်တော့ တင်ထားတာမျိုးလေးပေါ့... ဒါလောက်ဆို သဘော ပေါက်မှာပါ။ ဒီ ထမင်းစားခန်းလေးမှာ ဘား stools လေးတွေရယ် တစ်ဖက်က အသားခုံလေးတွေက အပုလေးတွေ သတိထားမိမယ်ထင်ပါတယ်။ ကလေးတွေ အတွက်ရော အဆင်ပြေအောင်ပေါ့။ နောက် တတ်နိုင်သရွေ့ သဘာဝအလင်းကို ယူထားတဲ့ အတွက် မီးတွေ အများကြီးမလိုအပ်တော့ ဘူးပေါ့။နောက် ရေချိုးခန်းလေးဆိုလဲ မြင်ကြည့်ပါ။ ကျွန်တော်တို့တစ်တွေလဲ နည်းနည်းပိုက်ဆံစုပြီး အဲလိုလေးတွေ ဖန်တီးလို့ ရပါတယ်။ လိုအပ်တာလေးတွေပဲသုံးပြီး အ၀င်မှာ ကျောက်တုံးအမဲလေးတွေ နဲ့ ပြူတင်းပေါက်နား က မီးချောင်းလေး ၂ ချောင်းက အလင်း အတွက်ရယ် အလှဖြစ်အောင်ရယ်သုံးထားပါတယ်။ ဟုတ်ပါပြီ..ဒါလောက်ဆို..း)

Benefits of a Minimalist Home
အကျိုးကျေးဇူးလေးတွေ အနေနဲ့က ...

1 .Less stressful
.
မြင်ကွင်းမှာမလိုအပ်တဲ့ ပစ္စည်းသေးသေးမွှားမွှားလေးတွေ မရှိတဲ့အတွက် ရှင်းလင်းပြီး စိတ်ထဲမှာ အေးချမ်းစေတော့ အထူးသဖြင့်စိတ်ဖိစီးမှုတွေနဲ့ အလုပ်ကပြန်လာရင် ဒီမြင်ကွင်းလေးက စိတ်ကို အေးချမ်းတည်ငြိမ်ဖို့ အထောက် အကူပြုတာ အမှန်ပါ။

2. More appearing
အိမ်ထဲမှာနံရံလေးတွေ မှာ ပန်းချီကားချိတ်တာမျိုး... အမှတ်တရ ဓာတ်ပုံလေးတွေ ချိတ်တာမျိုး.. နောက် artwork ပေါ့ ပန်းပုရုပ်လေးတွေပဲ ဖြစ်ဖြစ် ပန်းအိုးလှလှလေးတွေပဲဖြစ်ဖြစ် ပုံမှန် အများကြီး ချိတ်မယ့်အစား တစ်ကယ့်ကို သင့်တော်တဲ့နေရာလေးတွေမှာ မရှိမဖြစ် ထည့်သွင်း ထားလိုက်ခြင်းအားဖြင့် ဒီအရာလေးတွေ က မြင်ကွင်းမှာ ပိုမိုပေါ်လွင်ပြီး တန်ဖိုးတက်စေပါတယ်။ ဥပမာ ဓာတ်ပုံ ဆိုပါစို့..ဒီဓာတ်ပုံလေး တစ်ပုံ ဥပမာ living room ပေါ့ ..အတော့်ကို မိသားစုအတွက် အရေးပါ တန်ဖိုးထားတဲ့ပုံလေး အဖြစ် ပိုမို ပေါ်လွင်စေပါတယ်။

3.Easier to clean
ရှင်းရှင်းလေးပါ...ပစ္စည်းတွေ များနေတဲ့ နေရာမှာ နဲနဲလေး ရှုပ်မိတာနဲ့ စိတ်ထဲမှာ အတော်ပွနေပြီး ရှင်းရမှာလဲ အတော်အားယူရသလို အချိန်ယူမိတဲ့အတွက် ရှင်းရပြီဆိုရင်လဲ အချိန်တွေ ပေးရတာပါပဲ။minimalist design အနေနဲ့ က နဲနဲလေး ရှုပ်တာနဲ့ ထင်းနေပြီး..ချက်ချင်းပဲ အလွယ်တစ်ကူ ရှင်းပစ်နိုင်တာက သန့်ရှင်းသပ်ရပ်မှူကို အထောက်အကူပြုနေမှာပါ။

Characteristics of a minimalist home:
minimalist design ဆိုတဲ့အိမ်မျိုးဆိုတာ ဘယ်လိုလဲ ဆိုတာ ဆုံးဖြတ်ဖို့ကတော့ တစ်ယောက်ချင်းစီရဲ့  ကိုယ်ပိုင် ခံစားမှု sensitive အနည်းအများပေါ်အများကြီးမူတည်ပါတယ်။ ဘယ်လောက် အသန့်ကြိုက်သလဲ.. ဘယ်အနေအထားက ရှုပ်နေပြီဆိုတာမျိုးက သတ်မှတ်ဖို့အနေနဲ့ကို ဆိုလိုတာပါ။

Minimal furniture
Living Room မှာ ဆိုရင် ဆိုဖာခုံရှည်လေးရယ်...နောက်ခုံပုလေးလိုမျိုး... ဒါမှမဟုတ်.. love seat လို့ခေါ်တဲ့ ၂ ယောက်ထိုင်ဆိုဖာလေးတွေရယ်.. ပြီးရင် TV console အနေနဲ့ နံရံမှာ shelves ရှည်ရှည် ကြီးကြီးမှာ TV တင်ထားတာမျိုးပေါ့ ဘေးမှာ မီးအိမ်လေး တစ်ဖက်တစ်ချက်စီထည့်ချင်ထည့်ပေါ့..နောက် ကော်ဖီ table လေး ... နံရံမှာ ပန်းချီကားတစ်ချပ်လောက်ပေါ့.. အိပ်ခန်း ဆိုရင်လဲ ရိုးရိုးရှင်းရှင်း ကုတင်လေးရယ်...dressing table လေးရယ်..နောက် ညဖက် ထွန်းတဲ့ မီးအိမ် floor lamp လေးရယ်၊ စာအုပ်စင်အသေးလေးရယ်ဆို အဆင်ပြေပါပြီ။

ဒီအခန်းလေးမှာဆို အပင်လေးနဲ့ ပန်းအိုးလေးက do less bore အတွက်ပါး)

Clear surfaces
ဘယ်နေရာမဆို ရှင်းလင်းနေတဲ့ မျက်နှာပြင်လေးတွေ ရှိနေတာမျိုးပေါ့။ဒါပေမယ့် decoration item လေး တစ်ခု နှစ်ခုက လွဲရင်ပေါ့။း) စားပွဲပေါ်မှာ ဖတ်လက်စ စာစောင်တွေ သတင်းစာတွေ တင်ထားတာမျိုး မဟုတ်ဘူးနော်.။ ရှင်းနေလွန်းရင် ပျင်းစရာကြီးဖြစ်မှာလို့ ပြောမိလို့ .. ကြိုပိတ်ထားတာပါး)

Accent decorations.
အထက်ကပြောချင်တာဒါပါ။ပေါ်လွင်ထင်ရှားတဲ့ အလှဆင်ပစ္စည်းလေးထားတာမျိုးပါ။ ဥပမာ အပေါ်က ပုံလေးထဲကလို coffee table ပေါ်မှာ ပန်းလေးတွေနဲ့ ပန်းအိုးလေးတင်ထားတာမျိုး၊ နောက်... စာကြည့်စားပွဲမှာဆို မိသားစုဓာတ်ပုံလေးတင်ထားတာမျိုးပေါ့။ နံရံ အလွတ်ကြီး နေရင်လဲ ပန်းချီကား ချိတ်ထားတာမျိုးပေါ့.. ဖြစ်နိုင်ရင် အဲဒီပန်းချီကားတောင် မိသားစုဝင်ထဲက အမှတ်တရ အရာမျိုးလေးတွေ ဆိုပိုကောင်းပါတယ်။ ဥပမာ.. ကျွန်တော့် အမေဆို အိမ်မှာ ကျွန်တော်လုပ်ထားတဲ့ render design photo လေးကို print ထုတ် ဘောင်သွင်းပြီး ချိတ်ထားတာမျိုးပေါ့။

Quality over quantity.
ဒါကတော့ ရှင်းပါတယ်.... ပြောခဲ့သလို လိုအပ်တဲ့ ပစ္စည်းလေးတွေ ကို အပြင်မှာထားမယ်ဆို သုံး လေး ခုထားမယ့် အစား.. မရှိမဖြစ်လိုအပ်တာ.. အမြဲနီးပါးသုံးတတ်တဲ့ ပစ္စည်းလေးတစ်ခု.. အလွန်ဆုံး နှစ်ခုလောက်ပဲ ထားတာမျိုးပေါ့။ ဥပမာ... စားပွဲ လှလှ သေးသေးလေး ၃.. ၄ ခုထက် ကြီးကြီး တစ်လုံးသုံးတာမျိုးပေါ့.. အလွယ်ပါ...သဘောပေါက်မယ်ထင်ပါတယ်။

Examples.
ဒါလေးက မပါလဲ ရပါတယ်။ ကျွန်တော့်အမြင်ကတော့ ပါရင် ပိုကောင်းတာပေါ့။ minimalist design ပုံလေးတွေ..ပါတဲ့ စာအုပ်လေးတွေ ထားတာမျိုး.. photo လေးတွေ ချိတ်တာမျိုးလေးတွေ.. အဓိကက minimalist ခံစားမှု inspiration လှုံဆော်ပေးတဲ့ အရာလေးတွေ ရှိပေးတာမျိုးလေးတွေပါ။

ဒီထမင်းစားခန်းလေးက ကျွန်တော် လုပ်ထားတဲ့ ဒီဇိုင်းလေးပါ.. ဒီပုံလေးက ဒီ ပိုစ့် လေးရဲ့  သမိုင်းပါ။ ကျွန်တော် ဒီရောက်တော့ အလုပ်မှာ client နဲ့ တွေ့တဲ့ အခါ စီနီယာနဲ့ အတူဆွေးနွေးတော့ သူတို့က minimalist design လိုချင်တယ် ပြောတော့ ကျွန်တော် သေချာမသိဘူးဗျ... စီနီယာနဲ့အချေတင် ဆွေးနွေး နေကြတာ ကိုယ်က ကောင်းကောင်း မသိ တော့ ရှက်လိုက်တာ...း( ဒါနဲ့ စာတွေ ဖတ်လိုက်ပြီး ကိုယ်လုပ်ဘူးတာ လေးတွေနဲ့ ဆက်စပ်ပြီး ဖန်တီး ပေးလိုက်တာပါ။.. ဒီပုံလေးမှာ အမှန်က စားပွဲပေါ်က ကော်ဖီနှစ်ခွက်ရယ်.. bay window ပေါ်က ပန်းအိုးလေး နှစ်လုံးက မပါသင့်ပါဘူး။ ဒီဇိုင်းအရတော့ ဟုတ်ပေမယ့် presentation မှာ စိတ်ပူပြီး ထည့်ထားတာပါ။

How to Create a Minimalist Home ဆိုတာလေးကိုတော့ ရေးပါဦးမယ်ဗျာ...
အတိအကျမရှိပေမယ့် အများစု ဘုံပါတဲ့ အချက်လေးတွေပါ..........အဆင်ပြေကြပါစေ....
ဆက်ဖတ်ရန်