Showing posts with label ကာလာ(အရောင်). Show all posts
Showing posts with label ကာလာ(အရောင်). Show all posts

Monday, April 5, 2010

ကာလာလေးများက ပြောသောစကား (သို့မဟုတ်)အရောင်လေးတွေ အကြောင်းပါ ၃

ကာလာလေးများက ပြောသောစကား (သို့မဟုတ်) အရောင်လေးတွေ အကြောင်း- ၃

တစ်ချိန်မှာ သင့်ချစ်သူက သင်တို့ရဲ့  အခန်းလေးကို ဘယ်လို အရောင်လေးတွေနဲ့ မွန်းမံမှာလဲလို့ မေးလာတဲ့ အခါ… သင့်ရဲ့  ..ဖေဖေ .မေမေ တို့ရဲ့  အိပ်ခန်းလေးကို ပြင်ဆင်ပေးချင်တဲ့အခါ ဘာရောင် လေးတွေ နဲ့ အေးချမ်းအောင် မွမ်းမံမှာလဲ လို့ အတွေးရှိလာတဲ့ အခါမျိုးလေးတွေ.. စသဖြင့်…ဒီလို event လေးတွက် အတွက် သင့်တော်ရာ အရောင်လေးတွေ ရွေးဖို့ လိုအပ်လာခဲ့ရင် basic color theory လေး ကို နားလည်ပြီး color scheme လေးတွေ သိထားဖို့ လိုအပ်သလို ဘယ်လို အသုံးချရမလဲ ဆိုတဲ့ “ကာလာလေးတွေရဲ့  ပြောစကား" လေးတွေကို နားလည်ထားပါမှ ပိုပြီး အဆင်ပြေပြေ ရွေးချယ် အသုံးချနိုင်မှာပါ….။ ဥပမာ- …အေးမြတဲ့ ရာသီဥတု ရှိတဲ့ ၀န်းကျင်မှာ သင့်ရဲ့  အိပ်ခန်းလေးကို နွေးထွေးတဲ့ Warm color scheme လေးတွေ ရွေးချယ်ဖို့ သင့်တော်သလို..ပူပြင်းတဲ့ ရာသီဥတု ရှိတဲ့ ၀န်းကျင်မှာ သင့်ရဲ့  အိပ်ခန်းလေးကို အေးချမ်းတဲ့ Cool color scheme လေးတွေ ရွေးချယ်ပေးရင်လဲ အဆင်ပြေတဲ့ အရောင်ရွေးချယ်မှုလေး လို့ပြောရမှာပါ…

warm colors and cool colors

warm color with cold weather & cool color with warm weather


ကာလာလေးတွေဟာ အေးချမ်းတယ်..နွေးထွေးတယ် ..ပူလောင်တယ်..စသဖြင့် စိတ်ခံစားမှုလေးတွေကို လှုံ့  ဆော်ပေးရုံတင်မကပဲ.. အခန်းတစ်ခန်းရဲ့ shape , space တွေကိုပါ visual အမြင်အရပါ ပြောင်းလဲ စေနိုင်ပါတယ်… ဥပမာ အခန်းလေးကျဉ်းတဲ့အခါမျိုးမှာTone ရင့်ရင့်တွေ..warm color တွေ က အခန်းကို ပိုကျဉ်းစေတဲ့ …စိတ်ဖိစီးစေတဲ့ ခံစားမှုပေးနိုင်သလို ..light ဖြစ်တဲ့ cool color လေးတွေက အခန်းကို ပိုကျယ်စေတဲ့ ခံစားချက်နဲ့ သက်တောင့်သက်သာ ရှိစေတာမျိုးပေါ့နော်.. အဓိကက warm color တွေဟာ ရှေ့ကို ပိုနီးကပ်လာစေတဲ့သဘောလေးတွေ ဆောင်သလို.. cool color လေးတွေက အဝေးဆီကို ဆွဲခေါ်သွားတာမျိုးလေးတွေ ပေးတတ်တဲ့ သဘောသဘာဝ မျိုးလေးတွေကြောင့်ပါပဲ…. နောက်တစ်မျိုး အနေနဲ့က အရပ်နိမ့်တဲ့ အခန်းလေးမှာ color ၂ ရောင် သုံးတဲ့ အခါမျိုးဆိုရင် horizontal ပိုင်းပြီးသုံးရင် ပိုနိမ့်တယ်လို့ ခံစားရသလို ..vertical အတိုင်း သုံးမယ်ဆိုရင် ပိုမြင့်လာတဲ့ ခံစားမှုမျိုးပေါ့… အလွယ်မြင်သာအောင်ပြောတာပါ… ဒါက color နဲ့ design element ရဲ့  position ကိုတွဲပြီး ကစားလိုက်တာပါပဲ… ဒါကြောင့် အခန်းရဲ့  proportion နဲ့ အကျဉ်းအကျယ်ကို structural element တွေမပြောင်းပဲ color လေးတွေနဲ့ အသုံးချတတ် ခဲ့ရင် ငွေကြေးကုန်ကျမှူမများပဲ ပြင်ဆင်နိုင်တာပေါ့နော်…. ဒီတော့ ကာလာလေးတွေရဲ့  ပြောတဲ့ အခြေခံ စကားလေးတွေ သိသလောက်ပြောကြည့်ပါ့မယ်..။ ဒါလေးတွေနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ color အတွဲလေးဖြစ်ဖို့ အချိန်တိုတို နဲ့ ထိရောက်မယ်ထင်ပါတယ်..

1) တစ်ကယ့် အခန်းလေးရဲ့  အကျဉ်းအကျယ် ၊ ပုံစံ(shape) ၊ သွင်ပြင် တွေဟာ color တွေနဲ့ ဆက်စပ်နေတာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

2) Color လေးတွေက အခန်းရဲ့  mood နဲ့ atmosphere ကို ဖော်ဆောင်နိုင်ပါတယ်.. Warm color လေးတွေက ဖော်ရွှေတဲ့ခံစားချက်(intimate)..နွေးထွေးပြီး သက်တောင့်သက်သာ ရှိစေတဲ့ ( cozy effect)၊ Cool color လေးတွေက ကျယ်ကျယ်ဝန်းဝန်း ( spacious) …သန့်ရှင်းသပ်ရပ်တဲ့ခံစားမှု (elegant) ..ဒီလိုလေးတွေ ပေးစွမ်းနိုင်တာ သိထားဖို့ လိုအပ်ပါတယ်။

3) အေးနေတဲ့ အခန်းမျိုးအတွက် အဓိကထားပြီး warm color လေးတွေ သုံးဖို့လိုအပ်သလို ပူတဲ့အခန်းအမျိုးအတွက် cool color လေးတွေကို အဓိက ထားသုံးဖို့ လိုအပ်ပါတယ်..။

4) နောက်တစ်မျိုးက contrast ဖြစ်တဲ့ color အတွဲလေးတွေဖြစ်အောင် သုံးတတ်ဖို့ပါပဲ..ဥပမာ harmony ဖြစ်တဲ့ color အတွဲမှာ တစ်ခုနှင့်တစ်ခု အရောင်တွေနီးပေမယ့် သူတို့ရဲ့  value တွေ intensity တွေ မကွာဘူးဆိုရင် flat ဖြစ်နေတတ်ပါတယ်.. ဥပမာ နွေးထွေးတဲ့ ခံစားမှူရှိပေမယ့် ကာလာတွေနီးနေတာကြောင့် စိတ်ထဲမှာ ၀ါးတားတား ဖြစ်နေသလိုမျိုး မပြတ်မသား ခံစားနေရတာမျိုးပေါ့….နောက်တစ်မျိုးအနေနဲ့ cool color သုံးထားတဲ့ ဧည့်ခန်းထဲမှာ ပန်းချီကား အနီရောင်လွှမ်းတာ မျိုးလေးချိတ်ထားတာမျိုး…နှင်းဆီပန်းအိုးလေး တင်ထားတာမျိုး .. warm color သုံးထားတဲ့ အိပ်ခန်းလေးထဲမှာ အိပ်ယာခေါင်းရင်းလေးမှာ Cool color သန်းတဲ့ သဘာဝကျောက်နံရံလေးမှာ warm color သန်းတဲ့ မီးလေးထွန်းထားတာမျိုး..စသဖြင့်ပေါ့

ဒီပုံလေးတွေမှာ ဆိုရင် အနီရောင်လေးထောင့် တုံးလေးဟာ အနက်ရောင်နောက်ခံမှာ အတောက်ပဆုံးနဲ့ contrast ဖြစ်သလို လိမ္မော်နဲ့ အနီဟာ ရောပြီး contrast အားနည်းနေတာတွေ့ရပါမယ်။ ထို့ အတူ rectangle ခရမ်းရောင် အတုံးလေးဟာ မတူတဲ့ နောက်ခံရောင်တွေပေါ် မူတည်ပြီး အရောင်မတူသလို ခံစားရတာကို တွေ့ရပါမယ်။ အမှန်က အတူတူပါပဲ။

5) ကျယ်ဝန်းတဲ့ အခန်းတွေအတွက် strong ဖြစ်တဲ့ color မျိုးတွေ…နောက် pattern တွေ သုံးခဲ့ရင်လဲ.. ထင်ရှားပြတ်သားပြီး. မသေးမနုတ်တဲ့ pattern တွေ သုံးသင့်ပါတယ်.. ဒီလိုပေါ့း)



6) ထို့အတူ ကျဉ်းတဲ့ အခန်းမျိုးမှာတော့ light ဖြစ်တဲ့ cool ဖြစ်တဲ့ color တွေ သုံးခြင်းအားဖြင့် ကျယ်ဝန်းတဲ့ ခံစားမှူ.. Pattern ဆိုရင်လဲ ယဉ်ယဉ်နုနုလေးတွေ သုံးသင့်ပါတယ်။

7) Active ဖြစ်တဲ့ atmosphere ဖြစ်ဖို့ လိုအပ်တဲ့ နေရာမျိုးတွေ အတွက် bright ဖြစ်တဲ့ ..cool ဖြစ်တဲ့ color တွေကို Complementary အတွဲ ..ဥပမာ..အ၀ါနဲ့ ခရမ်းတွဲတာမျိုးပေါ့…သုံးသင့်ပါတယ်။

8) relaxing atmosphere အတွက် pale ဖြစ်မယ့် ကာလာမျိုးလေးတွေ နဲ့ natural color လေးတွေတွဲတာမျိုးလေးတွေ ဒါမှမဟုတ် monochromatic scheme လေးတွေ သုံးတာ သင့်တော်ပါတယ် ။

9) နောက် strong ဖြစ်တဲ့ color tone ကို လျှော့ချင်တဲ့ အခါမျိုး…အရင့်ကနေ အနုကို ပြောင်းချင်တဲ့ အခါမျိုးလေးတွေမှာ Netural color လေးတွေနဲ့ link ချိတ် အသုံးပြုနိုင်ပါတယ်..။

10) သုံးလိုက်တဲ့ color တွေနဲ့ material တွေ ဟာ(day light) နေ့ခင်းအလင်းနဲ့ ရော …ညအလင်း( artificial light ) နဲ့ပါ ဟာမိုနီ ဖြစ်ဖို့လဲ လိုပါမယ်..။

-x-x-x-x-x-x-x-x-x-x-x-x-x-x-

ဒါလေးတွေ ဖတ်ပြီး ကိုယ့်ရဲ့  ပတ်ဝန်းကျင် ၊ ကိုယ်ချစ်သော သူများရဲ့  ပတ်ဝန်းကျင်လေးတွေကို မှန်ကန်သော အရောင်လေးတွေ ရွေးချယ်တတ်မယ့် အခြေခံကောင်းလေးတွေ ရဖို့ အထောက်အကူ ကောင်းလေးတွေ ဖြစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါတယ် ။ အဓိကကတော့ ကာလာ scheme တွေကို သုံးပြီး အတိအကျ ဘယ်အခန်းအတွက် ဘယ်လို သုံးရမယ်ဆိုတာမျိုး မရှိပါဘူး ။ဒီအခြေခံ tips လေးတွေပေါ် မူတည်ပြီး ပင်ကိုယ် အခြေခံနဲ့ ရွေးချယ်ကြရတာပါပဲ ။

ဒီpost လေးဖတ်ပြီးတွေကျွန်တော် ရှေ့က ရေးသွားတဲ့ (အရောင်လေးတွေအကြောင်း ၁ ) နဲ့ color အခြေခံ သီအိုရီနဲ့ (အရောင်လေးတွေအကြောင်း ၂ ) color scheme လေးတွေ ဖတ်ကြည့်ဖို့ လိုအပ်မယ်ထင်ပါတယ်။ ..ဆက်ပါဦးမယ်.. :D

PS..ဒီပို့စ်လေးက ညီမလေးဂျွန်မိုးအိမ်နေမကောင်းတုန်းက အိမ်မက်ဆိပ်ကမ်းအတွက်ရေးပေးခဲ့ဘူးပါတယ်။

ပါကြီး…

ဆက်ဖတ်ရန်

Sunday, April 4, 2010

အရောင်လေးတွေ အကြောင်းပါ ၂

ကျွန်တော်တို့ ကာလာ အခြေခံ တွေသိပြီဆိုရင် ဆက်လေ့လာရမှာက အဲဒီ ကာလာလေးတွေကို စိတ်ကြိုက် တစ်ရောင်ထဲသုံးတာထက် တစ်ခြားအရောင်တွေနဲ့တွဲသုံးရတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရမှာပါပဲ။ အဲဒီလိုအခါမျိုးတွေမှာ အသုံးချမယ့်နေရာပေါ်မူတည်ပြီး လိုက်ဖက်ညီအောင် အသုံးပြူမှ အမြင်အာရုံမှာ အဆင်ပြေတဲ့ ရသလေးတွေ ရမှာပါ။ အဲဒီလို အသုံးချတဲ့နေရာမှာ အချိန် အများကြီး ပေး ရွေးနေရတာထက် အရှေ့က ပညာရှင်တွေ ဖော်ထုတ်ပေးခဲ့တဲ့ ကာလာအတွဲလေးတွေရဲ့  အကြောင်းကို နားလည်ခဲ့မယ်ဆိုရင် အချိန်မကုန်ပဲ သင့်တော်တဲ့ ကာလာအတွဲအစပ်လေးတွေကို ရင်ခုန်ချင်စဖွယ် ရလာမယ်လို့ ပြောချင်ပါတယ်။ အဲဒီလို သင့်တော်တဲ့ ကာလာအတွဲအစပ်လေးတွေကို ကာလာဟာမိုနီ (color harmony) လို့ဆိုပြီး ကာလာတွဲ လေးတွေ ကို formula အနေနဲ့ color scheme လေးတွေ ခွဲခြားဖော်ထုတ်ပြထား ပါတယ်။

color scheme လေးတွေကို ကျွန်တော်လေးစားရတဲ့ architect တစ်ယောက်ရေးထားတာလေးက ဒီလိုဗျ..
လေ့လာကြည့်တဲ့အခါ color scheme ဆိုတဲ့စကားလုံး ကိုပဲ Cambridge Advanced Learner's Dictionary က a combination of colours that have been chosen for a particular room ( အခန်း တစ်ခန်းအတွက် ရွေးချယ်ထားသော အရောင်များ၏ အတွဲအစပ် ) လို့ ပြပါတယ်။ Oxford Advanced Learner's Dictionary က the way in which colors are arranged,especially in the furniture and decoration of a room ( အထူး သဖြင့် ပရိဘောဂ နှင့် အခန်းအလှဆင်ရာတွင် အရောင်များကို စီစဉ်ထားပုံ ) လို့ ပြပါတယ်။ တခြား Dictionary တွေထဲမှာလေ့လာကြည့်ရင်လည်း အမျိုးမျိုးပြထားပါလိမ့်မယ်။များလေရှုပ်လေ ဖြစ်တတ်တာမို့ စလေ့လာခါစမှာ နည်းနည်း သိရင်ပဲ ကိုယ့်ဖာသာဆက်တွေးဖို့ တိုက်တွန်း လိုပါတယ်။

Divergent Thinking မှာ ခှိုင်းနှိုင်းပုံ ( Analogy) လေးတွေပါဝင် တတ်ပါတယ်။ တွေးတောပုံ နမူနာလေး တစ်ခုတင်ပြပါမယ်။ အရောင်တွဲတစ်ခုကို စာအုပ်တစ်အုပ်နဲ့ ခှိုင်းနှိုင်းကြည့်ပါမယ်။ ပါဝင်နေတဲ့အရောင်တွေဟာ စာရွက်တွေနဲ့အလားတူပါတယ်။ အရောင်တွေရဲ့ ဝါ စိမ်း နီ ပြာ အနု အရင့် အပြင်း အပျော့ ( Hue, Brightness, Saturation ) စတဲ့ အရာတွေကတော့ စာရွက်တွေပေါ်မှာ ပုံနှိပ်ထားထားတဲ့ စာလုံးတွေ ( letters ) နဲ့ တူပါတယ်။

စာအုပ်ဖြစ်ဖို့ စာလုံးတွေပုံနှိပ်ထားတဲ့စာရွက်တွေကို စီစဉ်တွဲစပ်ရသလို အရောင်တွဲတစ်ခုဖြစ်ဖို့ ဝါစိမ်းနီပြာ အနုအရင့် အပြင်းအပျော့ စသဖြင့် အရောင်တွေကို တွဲစပ်ရပါတယ်။ စာလုံးတွေကိုရေးသားလိုတဲ့စကားလုံးတွေ ( words ) အဖြစ်စီစဉ်ထားသလို ဝါစိမ်းနီပြာ အနုအရင့် အပြင်းအပျော့တွေကိုလည်း အလိုရှိသောအရောင်များ (colors ) ဖြစ်အောင် ချိန်ညှိုရပါတယ်။
စာအုပ်နာမည် ( Title ) က အတွင်းထဲမှာ ပါဝင်တဲ့ အဓိက အကြောင်းအရာ ( theme ) ကို ကိုယ်စားပြု ဖော်ပြလေ့ရှိသလို အရောင်တွဲနာမည်တစ်ခုကလည်း အတွင်းထဲမှာပါဝင်တဲ့အရောင်တွေကနေ ဖြစ်ပေါ်စေတဲ့ အဓိကစိတ်ခံစားမှု ( mood ) ကို ကိုယ်စားပြုဖော်ပြပါတယ်။


ကာလာ scheme တွေကိုစပြောပါ့မယ်။

Monochromatic


သူက ပုံမှာတွဲပြထားတဲ့ color စက်ဝိုင်းလေးမှာ အရောင် တစ်ရောင်ကိုရွေးပြီး အဲဒီ အရောင်ကိုပဲ tint တွေ shade တွေနဲ့ (အဖြူပေါင်းထည့်ရင် tint , အနက်ပေါင်းထပ်သွားရင် shade ) ကစားပြီး အဲဒီအရောင်တွေနဲ့ပဲ သုံးသွားတာ ဖြစ်လို့ မမှားနိုင်ဆုံးနဲ့ အလွယ်ကူဆုံးရွေးချယ်မှုလေးပါ။ monochromatic scheme တွေဟာ မျက်လုံးထဲမှာ လင်းလင်းချင်းချင်းနဲ့ ပေါ့ပေါ့ပါးပါးရှိစေတဲ့ ခံစားမှုမျိုးကို ပေးပါတယ်။ သူမှာ အဆင်မပြေတာ တစ်ခုကတော့ ကာလာတွေက နီးတော့ တစ်ခုနဲ့တစ်ခု ကွဲပြားတာမျိုး(contrast)မဖြစ်ပဲ flat ဖြစ်တတ်တယ်။ အဲဒီတော့ ပေါ်လွင်ထင်ရှားစေတဲ့ ကာလာအတွဲအစပ်မျိုးတွေ သုံးချင်ရင်တော့ အဆင်မပြေပါဘူး။


Analogous

သူကတော့ ကာလာ စက်ဝိုင်းလေးမှာ ရွေးလိုက်တဲ့ ကီးကာလာ (key color) ရဲ့  ကပ်ရပ် အရောင်တွေ ၀ါ အိမ်နီးချင်း အရောင်တွေပေါ့။ ဒီကာလာတွဲလေးကတော့ သူတို့ရဲ့  ပင်ကိုယ် သဘာဝ လေးတွေကို က သဘာဝဆန်တဲ့ အရောင်တွဲလေးတွေ များပါတယ်။ ပုံမှာနမူနာ ရွေးထားတဲ့ ကာလာလေးတွေ ထဲက အ၀ါနဲ့ အစိမ်းဘက်ကိုတွဲလိုက်ရင် နွေဦးမှာ သစ်ရွက်စိမ်းလေးတွေ ညှိုးဝါလာတဲ့ အတွဲအစပ်လေးပါပဲ။ သူတို့ဟာ အများဆုံးတွေ့ရတဲ့ အတွဲလေးတွေ ဖြစ်သလို သူတို့ နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုပါ အထောက်အပံ့ ကောင်းလေးတွေ ပေးနိုင်ပါတယ်။ အဲ ပိုပြီးစိတ်ဝင်စားအောင်က ကာလာ dimension တွေ ကစားပြီး contrast ဖြစ်အောင် သုံးတာမျိုးတွေပါပဲ။ နောက် ရှောင်သင့်တာကတော့ သူတို့ကို သုံးတဲ့အခါ အခန်းတစ်ခုပဲ ဖြစ်ဖြစ်.. scene တစ်ခုပဲဖြစ်ဖြစ်ပေါ့.. အပူရောင်နဲ့ အအေးရောင် တွဲသုံးတာမျိုး သတိထားစေချင်ပါတယ် ..အဓိက အခန်းတွေ အတွက်ပေါ့။

Complementary

ကာလာစက်ဝိုင်းမှာ တစ်ရောင်နဲ့ တစ်ရောင် အဝေးဆုံးမှာရှိနေကြတဲ့ မျက်နှာခြင်းဆိုင် အရောင်လေးတွေပါ။ သူတို့ကို ဆန့်ကျင်ဘက်အရောင်တွေလို့လဲ ခေါ်ပါတယ်။ ဒီကာလာတွဲတွေကတော့ တစ်ခုနဲ့ တစ်ခု contrast ဖြစ်တော့ ကြည့်ရတဲ့ ခံစားမှုက တောက်ပတယ်၊ ပြတ်သားတယ်၊ ထင်ရှားပေါ်လွင်တယ်ပေါ့ဗျာ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တော်တော် မြင်သာပါတယ်။ ခရစ်စမတ်ဆိုပါဆို့ .. tree က အစိမ်း.. အသီး လေးတွေ .. မီးလေး တွေက အနီအဓိက သုံးတယ်လေ။

နောက် နှင်းဆီနီ ( red rose ) ပေါ့ .. အပွင့် နီနီ က အစိမ်းရောင် အရွက်အောက်ခံပေါ်မှာမဟုတ်လားဗျာ။ အဲ သူ့မှာတော့ အဲဒီ ကာလာတွေ များများသုံးတာကို သတိထား ရှောင်ရမယ်လို့ ဆိုထား ပြန်တယ်။ ဘယ်လိုမျိုးလေးတွေ ဆိုဒါမျိုးတွေ ရှောင်ထားပြီးသား ဖြစ်လဲဆိုတော့ အဓိက key ကာလာရွေးပြီး ကျန်တဲ့ အရောင်ကို နုတာလေး.. soft ဖြစ်တဲ့ အရောင် အတွဲမျိုးဖြစ်အောင် သုံးရင် အဆင်ပြေတာပေါ့နော်။ အဲဒီ ဆန့်ကျင်ဘက် အရောင်တွဲ ၂ ခုကို သုံးခဲ့ရင်တော့ tetradic scheme. လို့ခေါ်ပါတယ်လို့ မှတ်သားဘူး ပါတယ်။



Split Complementary

ဒီကာလာတွဲ ကတော့ Complementary မှာလို မျက်နှာခြင်းဆိုင်ကို အတည့် မယူပဲ အဲဒီ မျက်နှာခြင်းဆိုင် ကာလာရဲ့ တစ်ဘက်တစ်ချက်က အရောင်တွေနဲ့ တွဲတာပါ။ ဒါဆိုရင် သူကလဲ contrast ဖြစ်ပေမယ့် နဲနဲ key ကာလာနဲ့ တွဲမယ့် အရောင်တွေက intensity ပျော့တဲ့သဘော ပေါ့နော်။ သူကျတော့ balance ဖြစ်အောင် ကာလာလေးတွေ ရွေးတာမှာ သတိထား ပိုအာရုံစိုက်ရပါတယ်။


Triadic

ဒါလေးကတော့ ကာလာစက်ဝိုင်းမှာ ကာလာတစ်ခုရွေးလိုက်ပြီး သူနဲ့ နောက် တွဲမယ့် ၂ ခုက တစ်ခုနဲ့ တစ်ခုကြား ကာလာ ၃ ခုခြားတဲ့ အညီအမျှ စိတ်ထားတဲ့ ကာလာတွဲတွေပါ။ သူ့ကလဲ အထက်က Split Complementary လိုပါပဲ။သူ့ကိုရွေးရာမှာ key ကာလာရွေးပြီးတာနဲ့ ကျန်တဲ့ကာလာတွေက သူထက် intensity နည်းပြီး soft ဖြစ်တာမျိုးလေးတွေရွေးရင် အဆင်ပြေပါတယ်။

Netural

သူကတော့ အဖြူ ၊ အမည်း ၊ gray (မီးခိုး) ၊ beige(အညိုဖျော့ဖျော့)၊ စသဖြင့် အပူသဘော.. အအေးသဘော မဆောင်ပဲ အရောင်ပါးပါးလေးတွေ၊ အခန်းဆို .. တစ်ခန်းလုံးမှာ အရောင်ရယ်လို့ သေချာ သုတ်ထားတာမျိုး မဟုတ်ပဲ black & white tones ဆန်ဆန်မျိုးကို ဆိုလိုတာပါ။ ပထမ post မှာ ရေးခဲ့ပြီးသားပါ။ ဒါပေမယ့် ထပ်ဖြည့်ပြောချင်တာက အရောင်ရဲ့  intensity .. ကာလာ အားနည်းပြီး အဖြူ၊ အမဲ၊ မီးခိုး စတဲ့ tint and shade ပါဝင်မှုတွေ နဲ့ ကစားထားတဲ့ အရောင်တွေကို ဆိုလိုတာပါ။ အဲဒီတော့ ဒီကာလာ တွေဟာ ဘယ်အရောင် ၊ ကာလာတွဲတွေနဲ့ မဆို လိုက်ဖက်နေပါလိမ့်မယ်။

တစ်ချို့ sensitive ဖြစ်တဲ့ client တွေ ဆို ဒီ natural color အတွဲတွေနဲ့ ဆို အဆင်ပြေတာများပါတယ်။


ဆက်ဖတ်ရန်

Wednesday, March 24, 2010

အရောင်လေးတွေ အကြောင်းပါ ၁


အရောင်များကို ဆန်းစစ်ခြင်း


အရောင်လို့ဆိုတာနဲ့ ကျွန်တော်တို့တစ်တွေ မျက်လုံးထဲ တန်းပြီး မြင်တာပါပဲ။အမြင်အာရုံနဲ့ ခံစားလို့ရတဲ့အရာမျိုးဆိုတော့ အမြင်အာရုံမရှိတဲ့ သူတွေအဖို့တော့ သေချာစဉ်းစား
ကြည့်မယ်ဆိုရင် အရောင်များနဲ့ကင်းဝေးရတာ ဘယ်လောက်တောင် ဆုံးရှုံးရတယ် ဆိုတာ တွေးမိရင်တောင် ရင်မောစရာတော်တော်ကောင်းပါတယ်။ဒီတော့ အဲဒီကံကောင်းမှုလေးကို
တန်ဖိုးရှိစွာ ခံစားတတ်ဖို့က အရောင်လေးတွေရဲ့  အကြောင်းကို သဘောပေါက်နားလည်ထားမယ်ဆိုရင် နားမလည်ဘဲ..ဒီအတိုင်းခံစားနေသူအဖို့ အမြင်အာရုံ မရှိတဲ့ သူနဲ့မခြားသလို
ခံစားမိနေတာကို မြင်တွေ့လာမှာ မလွဲပါဘူး။…အ၀ါ ၊ အနီ ၊ အပြာ ဆိုတဲ့  ပင်မအရောင် ၃ ရောင် က စပြောရမှာပါပဲ။ အ၀ါ(အနွေး) ၊ အနီ ( အပူ) ၊ အပြာ (အအေး) ပေါ့.။
 (primary color) ဒီ ပင်မ အရောင် ၃ ရောင်ကနေ ပေါင်းစပ်ပြီး နောက်ထပ်အရောင်တွေ ပေါ်ထွက်လာခဲ့တာ နောက်ထပ် ၃ ရောင် ( secondary color) ၊ အဲဒီက မှ နောက်ထပ် ၆ ရောင် (tertiary color) တိုးလာပြီး ၁၂ ရောင် အထိ ဖြစ်လာပါတယ်။
အ၀ါ(yellow) + အပြာ ( Blue) = အစိမ်း ( Green)
အ၀ါ(yellow) + အနီ ( Red) = လိမ္မော် (orange)
အနီ ( Red) + အပြာ ( Blue) = ခရမ်း( violet) အထက်က အတိုင်း primary color တွေ ပေါင်းလိုက်ရင် အစိမ်း ( Green), လိမ္မော် (orange), ခရမ်း( violet) ရယ်လို့ ဒုတိယ (secondary color)တွေရပါမယ်။
ထို့အတူ ရလာတဲ့ primary နဲ့ secondary color တွေကို ပေါင်းစပ်ခြင်းဖြင့် …စိမ်းပြာ,နီလိမ္မော်၊ ခရမ်းပြာ..စသဖြင့် tertiary color ၁၂ ရောင်ထပ်မံရလာပါလိမ့်မယ်။
Attach လုပ်ထားတဲ့ Circle မှာ အနီရောင် triangle မှာ Primary color (Red,Blue,Yellow)တွေ ၊ အစိမ်းရောင်triangle မှာ Secondary color(Green,Orange,Violet)
နှင့် ခဲရောင်ကြက်ခြေခတ်လေးတွေ Primary color နဲ့ Secondary color ကြားမှာရှိတာတွေက tertiary colorတွေပါ။
နာမည်ကတော့ ကိုယ့်ဘာသာကို ရေးလို့ရအောင်ချန်ထားပါတယ်။ဥပမာ...Blue နဲ့ Violet ကြားက ဆို (blue.violet)ခရမ်းပြာ ...Blue နဲ့Greenကြားက ဆို (blue.green)စိမ်းပြာပေါ့။
Color composition ကတော့ theory အရတော့ Primary color ၂ခုပေါင်းရင် ကြားက secondary color ရပါတယ်။ဥပမာ..Yellow & Blue ပေါင်းရင် Green ရပါတယ်။
ကာလာ အခြေခံ စက်ဝိုင်း(မူလ ၃ ရောင် နှင့် ဒုတိယ ၃ ရောင်)

Prove လုပ်ပြရရင်တော့ပုံမှန်အရကောင်းကင်ကအပြာ၊မြေကြီးကအဝါ...ဒါကြောင့်ကြားကသစ်ပင်တွေ  အများစု စိမ်းနေတာပါ။အနီနဲ့အဝါပေါင်းရင် လိမ္မော်ပေါ့ (red + yellow=orange)..ဒါဆိုသဘောပေါက်မှာပါ။

အဲဒီ primary color (blue triangle ) ထိပ် color တွေနဲ့မျက်နှာချင်းဆိုင် color (secondary color)တွေ ကသူတို့ရဲ့ဆန့်ကျင်ဘက် color တွေပါ။
ဥပမာ..yellow & violet (အဝါနဲ့ခရမ်း) ကဆန့်ကျင်ဘက်(opposite color)တွေပါ။
အခု  primary color , secondary color , tertiary color တွေ အပြည့်အစုံရေးထားတဲ့ color circle လေးကို တွေ့ရမှာပါ။
အထက်ပါ color ၁၂ မျိုးဟာ ကိုယ်ပိုင် အရည်အသွေး ( Hue ) ရှိကြပါတယ် ။ ဒီ အရောင် ၁၂ မျိုးကို (အဖြူ , အနက် , မီးခိုး ) စသဖြင့် ရောစပ်ပြီး အချင်းချင်းပေါင်းစပ်သွားခြင်းဖြင့်
နောက်ထပ် အရောင်ကွဲများစွာ ရလာပါမယ်။ color တွေ ကို အဓိက ချိန်ညှိပေးဖို့ အသုံးပြုနေကြတဲ့ စနစ် color dimension ကတော့
 HUE , INTENSITY , VALUE တွေပါပဲ ။
 HUE - ကတော့ အနီ, အ၀ါ , ခရမ်း ..စသဖြင့် ကာလာတွေရဲ့  အခေါ်တွေပါ။
INTENSITY(satuation) - သူက အခုန hue color တွေမှာ သူတို့ရဲ့  ပါဝင်မှူအား. ဒါမှမဟုတ် သန့်စင်မှု အားပေါ့..ဥပမာ - အနီစစ်စစ် ဆို intensity များမယ် ၊ အနီဖျော့ဖျော့ ဆို intensity နည်းမယ်ပေါ့
                                  အဓိကက တော့ အဲဒီ hue color ထဲမှာ အနက်ပါဝင်မှူများရင် intensity နည်းမယ် ၊ အနက်ပါဝင်မှုနည်းရင် intensity များမယ် လို့ဆိုလိုတာပါ။
VALUE - သူကတော့ Hue color တွေရဲ့ အလင်း ,အမှောင်ပါပဲ…ဥပမာ ပန်းရောင်ဟာ အနီထဲ အဖြူပေါင်းထည့်ပေးခြင်းဖြင့် (tint) ဖြစ်လာတာဖြစ်သလို
             နီညိုရောင်ဟာလည်း အမည်းပေါင်းထည့်ပေးခြင်းဖြင့် (shade) ဖြစ်လာတာပါ။   အဓိကက အဖြူ နဲ့ အမည်း ကို ပေါင်းးစပ်သွားခြင်းကို value ကစားတယ်လို့ဆိုလိုတာပါ။
ဒီ color dimension တွေကို ပိုင်ပိုင်နိုင်နိုင် သိမြင်ပြီး ကစားနိုင်မှ color contrast ဆိုတာကို အသုံးချနိုင်မှာပါ…
ဒီ color လေးတွေရဲ့  ဖွဲ့စည်းပုံလေးတွေ သိပြီဆိုရင် သူတို့ရဲ့ အကြောင်းလေးတွေဆက်တာပေါ့နော်။ဒီအရောင်လေးတွေကို တွေ့မြင်ခံစားခြင်းအားဖြင့်
စိတ်ထဲမှာ ပူလောင်မယ် ၊ အေးချမ်းမယ် ၊ တောက်ပတယ် ..စသဖြင့်ခွဲခြား ခံစားတတ်ဖို့ လိုပါမယ်။
ကာလာစက်ဝိုင်းမှာ အနီကစပြီး အ၀ါအထိ တစ်လျှောက်လုံးမှာပါဝင်တဲ့ အရောင်တွေကို warm color တွေလို့သတ်မှတ်ထားပါတယ်။
ထို့အတူ ကျန်တဲ့ အစိမ်းကနေ နီခရမ်း(Red violet) အထိတော့ အအေး cool color တွေလို့ဆိုပါတယ်။သူ့ရဲ့  သဘောကတော့ အနီက စပြီး အ၀ါအထိ warm အဖြစ်ဆုံးကနေ..လျှော့သွားသလို
အပြာကနေတစ်ဘက်စီကို cool အဖြစ်ဆုံးကနေ လျှော့သွားတာမျိုးပါ။အောက်ကပုံလေးကိုကြည့်ရင် သိမှာပါ။





   ဒီကာလာတွေကိုမှ …(Soft color)နူးညံ့တဲ့အရောင်လေးတွေ (သူတို့ကို တောက်ပတဲ့ အရောင်တွေကို အဖြူရောပေးခြင်းအားဖြင့် ရရှိနိုင်ပါတယ်)  

 နောက်..တောက်ပတဲ့အရောင် (bright color) တောက်ပတဲ့အရောင်တွေပေါ့..မြင်သာပါတယ်..primary color တွေနဲ့ သူတို့ပါဝင်မှုများတဲ့ color မျိုးတွေပေါ့။

Natural color( မူလအရောင် ) သူကတော့ အဖြူ ၊ အမည်း ၊ gray (မီးခိုး) ၊ beige(အညိုဖျော့ဖျော့)၊ စသဖြင့် အပူသဘော ..အအေးသဘောမဆောင်ပဲ အရောင်ပါးပါးလေးတွေ၊
အခန်းဆို ..တစ်ခန်းလုံးမှာ အရောင်ရယ်လို့ သေချာသုတ်ထားတာမျိုးမဟုတ်ပဲ black & white tones ဆန်ဆန်မျိုးကို ဆိုလိုတာပါ။

ဒါလောက်ဆိုရင်တော့ ကာလာ အခြေခံလေးတွေ တီးမိခေါက်မိရှိသွားမှာပါ။..နောက်မှ ဒီကာလာလေးတွေကို တွဲဆက်အသုံးချတဲ့ color schemes လေးတွေအကြောင်းပြောပါ့မယ်။









ဆက်ဖတ်ရန်