Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Tuesday, May 18, 2010

ကျွန်တော် ဖြတ်သန်းခဲ့သော Interior Designer တစ်ယောက်၏ အတွေ့အကြုံများ- ၁

Interior Design & supervise လုပ်ရတာ အရမ်းခေါင်းစားပါတယ်။ အလွန်လဲ စိတ်ရှည် စေ့စပ်ရပါတယ်။ Client နဲ့ ဘယ်လောက်ပဲ အဆင်ပြေပါစေ တစ်ချက်ကလေး တိမ်းစောင်းသွားတာနဲ့ တော်တော်ကို ပြန်ဆယ်ယူရပါတယ်။ ဥပမာ- final painting မှာ နဲနဲ လက်ရာကြမ်းသွားတာပဲဖြစ်ဖြစ်၊ color နဲနဲ မကြိုက်တော့တာပဲဖြစ်ဖြစ် အရှေ့က လုပ်ခဲ့တာတွေ သွားရောပဲ။ အဆောက်အဦးရဲ့ structure အကြမ်းထည်မှာက client ကပုံမှန်အားဖြင် သိပ်မမြင်တော့ မြန်ပြီး ခိုင်ခန့် သပ်ရပ်အောင် လောက်ပဲ ဂရုစိုက်လေ့ ရှိပါတယ်။ Interior ပိုင်းမှာတော့ မြင်လွယ်ပြီး နောက်ဆုံး ထိတွေ့ အသုံးပြုရမှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်ရှည်ပြီး Client complain ကိုလည်း ထိမ်းရပါတယ်။ တစ်ကယ့်ကို ၀ါသနာပါမှ စိတ်ရှည်နိုင်မှ ဖြစ်မှာပါ။

2D design တွေ ချပြတဲ့ အချိန်မှာလည်း client ဖြစ်ချင်တာဟာ သူ့အတွက် technical point of view အရရော archi ပိုင်းပါအရပါ မသင့်တော်ရင် အဲ့ဒီ Client ကို အလိုလိုက်လို့ မရပါဘူး။ ဒါပေမယ် မလုပ်ပေးနိုင်ဖူး၊ လုပ်လို့မရဖူးလို့ သွားပြော ရင်လည်း အဆင်မပြေပါဖူး ။ ဒီတော့ Client ကို သဘောပေါက်အောင် သေသေချာချာ educate ပေးဖို့လိုပါတယ်။ ကိုယ် သိနေရုံနဲ့ မပြီးသေးပါဖူး။ ကိုယ် သိထားတဲ့အသိကို သူ့ကို သိအောင်လည်း ပြောပေး ဆွေးနွေးပေး ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ စကား အပြောအဆိုတွေက အရေးပါလာ တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ထားရပါမယ်။ တစ်ခါတစ်လေ client က technical term တွေ english စာ သိပ်မကောင်းရင် သတိမထားမိပဲ impression အရပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ပုံမှန် အလေ့အကျင့် အရပဲဖြစ်ဖြစ် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကို များများထည့်ပြောမိတတ်ပါတယ်။ တကယ်က အဲလိုပြောမယ့်အစား သူနားလည်အောင် မြန်မာလိုပဲ တတ်နိုင်သမျှ သတိထား ပြောပေးသင့်ပါတယ်။ တစ်ချို ကျတော့ oversea experience လဲရှိ အမြင်လဲရှိတဲ့သူ ဖြစ်ရင်တော့ technical term တွေ archi term တွေ concept တွေနဲ့ပြောမှ သင့်တော်ပါတယ်။ Interior Design ဟာလူမှုဆက်ဆံရေးနယ်ပယ်နဲ့ နီးကပ်လွန်းတဲ့အတွက် စကားအပြောအဆိုဟာ အရေးပါတဲ့ အချက်ပါပဲ။

Designer တော်တော်များများက 2d design ကိုပဲ complete ဆွဲပြီးပြလေ့ရှိပါတယ်။ အဲဒီလို လုပ်ဖို့ဆိုတာ အရမ်းကို master ကျပြီး အတွေ့အကြုံလဲ အများကြီးရှိဖို့ လိုပါတယ်။ အချိန်လဲ အများကြီးရပြီး စိတ်ကြိုက်လုပ်ခွင့်ရဖို့လဲ လိုပါတယ်။ 2D design ဆွဲ material specification တွေထည့်ပြီး color print နဲ့ပုံထုတ် client ကြိုက်ပြီဆိုရင်တော့ လုပ်ကြပေါ့လေ။ တစ်ကယ့် actual လဲလုပ်ရော wall တို့ ceiling တို့ရဲ့ color တွေနဲ့ material တွေရဲ့ composition တွေကို ကောင်းကောင်း မထိမ်းနိုင်ခဲ့ရင် တစ်ခုစီကြည့်တော့ ဟုတ်မလိုနဲ့ လက်တွေ့မှာ တစ်ခန်းလုံး အနေနဲ့ ဘာကို ခံစားရမှန်းမသိပဲ ပြသနာတတ်တော့တာပါပဲ။ ဒါကြောင့် Design ကို 3d visualization လုပ်ကြည့်ပြီး color, material, texture, lighting စတာ တွေကို သေသေချာချာ 3d visualizationမှာ အပြီးဆွဲခဲ့ဖို့ လိုပါမယ်။ ဒါမှ actual မှာ အမှားနည်းမှာပါ။ ပုံထဲကလို color တွေ ရအောင် သေသေချာချာ ဂရုစိုက်လုပ်တာတောင်မှ ဒီအတိုင်းကြည့်ပြီး color မှန်ပြီဆိုပြီး lighting လဲ ထွန်းရော color တွေ မမှန်တော့ပဲ ဖြစ်ကုန်လို့ ပြသနာ ဖြစ်ရတာတွေ အများကြီးပါ။


ဥပမာ- အပြာရောင်နံရံပေါ် အဝါရောင်များတဲ့ မီးထွန်းလိုက်ရင် အစိမ်းရောင်သန်းနေပါမယ်။ ဒါရဲ့သဘောက ကောင်းကင်က အပြာ မြေကြီးကအဝါဖြစ်ပြီး ဒါကြောင် သစ်ပင်တွေ စိမ်းတာပါ။ အဲဒီတော့ ကိုယ့်ရဲ့ design ကို 3d visualization အတိုင်းရချင်ရင် color တွေသုံးတဲ့အခါ daylight ရော night light တွေပါ ထွန်းပြီး ထွက်ပေါ်လာမယ့် color ကို သေသေချာချာ ချိန်ပြီး သုံးသင့်ပါတယ်။ ဒါကြောင့်လဲ dressing shop တွေမှာ အများအားဖြင့် color အဖြူ light color အဖြူတွေ အသုံးများတာပါ။ မဟုတ်ရင် ကိုယ်ကဆိုင်မှာ lighting color effect ကို သတိမထားမိပဲ အရောင်ကြိုက်တာလေး ဝယ်ပြီး အိမ်ကျမှ အရောင်မတူလို့ အဆင်မပြေတဲ့ အဖြစ်တွေ ကြုံရတာလဲ အများကြီးနော်။ ဒါက Designer တွေ သတိထား စဉ်းစားလေ့ရှိတဲ့ အချက်ပါ။

အထက်ကပုံလေးကိုကြည့်ရင်ရှုထောင့်တစ်ခုထဲကနေ day light ရောnight scene ကိုပါထည့်သွင်းစဉ်းစားထားတဲ့ အခန်းလေး တစ်ခန်းကို တွေ့ရမှာပါ။ Designer တစ်ယောက်မှာ မျက်နှာမလိုက်ရမယ့် အရာတွေ ရှိပါတယ်။ ပထမ color ပါပဲ။ Designer ဟာ သူ့ရဲ့ favorite color တွေကို လိုက်ဖက်မယ့် Design တွေမှာပဲသုံးရပါမယ်။ တော်တော်များများက သူတို့ရဲ့ favorite colorတွေပေါ် မူတည်ပြီး Design ဆွဲခဲ့၇င် Design နဲ့ matchမဖြစ်တဲ့အခါ ကောင်းသင့်သလောက် မကောင်း ဖြစ်တတ်ပါတယ်။ ဥပမာ designer ရဲ favorite က white ဆိုပါစို့။ ဒါဆိုမှားဖို့မလွယ်တဲ့ အရောင်ပါ။

ကလေးခန်းလေး ကို white color main ထားပြီးသုံးခဲ့ရင် လှနေမှာပါ။ ဒါပေမယ့် ခ၇မ်းရောင်လေးတွေ၊ အဝါရောင်လေးတွေ၊ အပြာ အနုအရင့်လေးတွေ စသဖြင့် လိုသလို သုံးခဲ့ရရင် ကလေးခန်း ပီပီသသ လှလှလေး ဖြစ်သွားနိုင်တယ်နော်။ ဒါက ယဉ်ယဉ်လေးနဲ့ ဟနေတာ လေးပါ။ Designer ဆိုမှတော့ လုံးဝကြီးတော့ မလွဲနိုင်ဘူးလေ။ အခုလို ဟတာလေးတွေက တစ်ကယ့်ကို သတိမမူ မိတာလေးတွေနော်။ ဒါကြောင့် color တွေပေါ်မှာ မျက်နှာမလိုက်မှ သင့်တော်တဲ့နေရာမှာ client ရဲ Mindset ကိုမူတည်ပြီး အကောင်းဆုံး ambient color (အဓိကခြုံလွှမ်းတဲ့ color)ကို ရွေးချယ်နိုင်မှာပါ။...

ဆက်ပါ့မယ်...

ဆက်ဖတ်ရန်

Sunday, May 16, 2010

ကျွန်တော် ဖြတ်သန်းခဲ့သော Interior Designer တစ်ယောက်၏ အတွေ့အကြုံများ

ဒီစာစုလေးက မြန်မာအင်ဂျင်နီယာ ဖိုရမ် (MEF) မှာ နှစ်ပေါက်အောင် အချိန်အတော်ကြာ အပျင်းထူရေးခဲ့တဲ့ စာစုလေးတွေပါ။နှစ်နှစ်မြောက် ဂျာနယ်မှာ ညီမလေး ဂျွန်မိုးအိမ် ကူညီပေးလို့ စုစည်းပြီး နဲနဲ edit လုပ်ရေးဖြစ်ခဲ့တယ်။အခု အဲဒီထဲက ခွဲပြီး အပိုင်းလိုက်တင်ပေးလိုက်တာပါ။...

ကျွန်တော် ဖြတ်သန်းခဲ့ ဘူးတဲ့ Interior Designer တစ်ယောက်ရဲ အတွေ့အကြုံများ လေးတွေပါ။ နောင် Interior Design ကို စိတ်ဝင်စားတဲ့ ညီ၊ ညီမငယ်လေးများအတွက် ဗဟုသုတ အဖြစ်ပေါ့။

Interior Designer ဆိုတာ Architect ရဲ အစိတ်အပိုင်း တစ်ခုဆိုတာ သဘောပေါက်ဖို လိုပါတယ်။ ကျွန်တော် Interior Designer တစ်ယောက်အဖြစ် စိတ်ကူးတွေ ယဉ်မိတာ အိမ်မက်တွေမက်မိတာ မသိစိတ်ထဲက ဖြစ်နေတာ interior ပိုင်း မလုပ်ခင်ထဲကပါပဲ။ သူများတွေ ၀ါသနာပါလို့ လိုက်ပါတာမျိုး မဟုတ်သလို သေသေချာချာလဲ သိလို့လဲ လိုက်စားမိတာလည်း မဟုတ်ခဲ့ပါဘူး။ လုပ်ကြည့်ရင်းနဲ့ စိတ်ဝင်စားလာတာပါ။ လုပ်ရတဲ့ အလုပ်အပေါ်မှာလည်း ပင်ပန်းတယ်လို့ ခံစားမိတာထက် မိမိရဲ့ ဖန်တီးမှု တစ်ခု ပြီးသွားတာကို မြင်ရတဲ့အခါ အမောပြေ ကြည်နှုးတာက ပိုပါတယ်။

ကိုယ့်ရဲ့  design လေးကို realistic rendering ပြီးတဲ့ အခါ..ကြည့်ပြီး ကြည်နှုးရတာက မိဘက သားသမီးမွေးပြီး ကြည်နှုးပီတိ ဖြစ်တာမျိုးပေါ့.. နောက် ..အဲဒီ ပုံလေးအတိုင်း ဖြစ်လာအောင် ပြုစုပျိုးထောင်ရတာ ကြီးကြပ်ရတာက မိဘက သားသမီးကို မွေးပြီး..ကြီးပြင်းလာလို့ အောင်မြင်တာကိုခံစားကြည်နှုးမိတာမျိုး.. အဲလိုမျိုးလေးတွေလဲ ခံစား နှစ်ခြိုက်တတ်ဖို့ကလဲ designerကောင်း တစ်ယောက်အတွက် မရှိမဖြစ်ပါ။ သိသိသာသာ ပါရမီ ပါတာမျိုးတွေ ရှိသလို မသိလိုက်ပဲ ကိုယ့်မှာ ရှိနေတာမျိုးတွေလဲ မြင်အောင်ကြည့်တတ်ဖို့ လိုပါမယ်။ အရေးကြီးတာက ကိုယ်က ဖန်တီးဖို့ထက် သူများ ဖန်တီးထားတာလေးတွေ ခံစားတတ်ဖို့ သိပ်လိုပါတယ်။ မခံစားတတ်လို့ ကိုယ်က မဖြစ်ပါဘူးလို့လဲ အတွေး မစောပါနဲ့ဦး။ တစ်ချို့အရာတွေက ကျင့်ယူရတာ လေ့လာယူရတာတွေလဲ ရှိပါသေးတယ်။ အဓိကက အနုပညာကို ခံစားတတ်ဖို့ ဝေမျှချင်စိတ်ရှိဖို့ လေ့လာ သင်ယူတဲ့အခါမှာလဲ စိတ်ထဲမှာ ခံစားစီးမြောနေမယ်။ နောက် အဲဒီ စီးမြောနေတာလေးတွေလဲ မျှဝေပေးချင်စိတ်တွေ ပေါ်လာတာမျိုးလေးတွေက designer ဖြစ်ဖို့ အခြေခံကောင်းလေးတွေပါ။ အလားအလာရှိတဲ့ ရေခံမြေခံလေးတွေပါ။

ဘယ်လိုမျိုးတွေ ခံစားမိသလဲဆိုရင် လမ်းသွားရင်းပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေတာပဲ ဖြစ်ဖြစ် အိမ်မှာ တီဗီ ကြည့်နေတာပဲ ဖြစ်ဖြစ် အရောင်လေးတွေ သီချင်းလေးတွေပဲ ခံစားမိလိုက်တာပဲဖြစ်ဖြစ် design လေးတွေပဲ ဖြစ်စေ အမှတ်တမဲ့ကနေ အမှတ်တရလေးတွေ ဖြစ်လာအောင် ခံစားလာရတာမျိုးလေးတွေ အားကောင်းလာတာမျိုး ကိုယ်ကိုယ်တိုင်က ခံစားတတ်မှ သူများ ခံစားချက်လေးတွေကို ထိမိအောင် ဖမ်းဆုပ် ဖန်တီးနိုင်မှာပါ။ လှတာတွေ ကောင်းတာတွေ ခံစားတာကနေ ဘယ်ဟာလေးက လှနေတာလဲ ဘယ်လိုမျိုးလေး ဆွဲဆောင်မှုရှိတာလဲ အဲလိုမျိုးလေးတွေ ကြည့်တတ်လာမယ်။ နောက် ဒီထက်ပိုပြီး မလှတာတွေ ဆွဲဆောင်မှု အားမကောင်းတာတွေပေါ့။ ဒါလေးတွေကလဲ ဘယ်ဟာကြောင့် မလှတာ ဘယ်လို မကောင်းတာက အစ ခံစားမိလာဖို့လဲ လိုပါတယ်။ ဒါလေးတွေက ကိုယ်လုပ်ပေးမယ့် design ပေါ်မှာ ရှိနေတဲ့ စိတ်ထားလေးတွေကို အားကောင်းစေပါတယ်။ ဘယ်ဟာလေးက လှနေတာလဲ ဘယ်လိုမျိုးလေးဆွဲဆောင်မှုရှိတာလဲ အဲလိုမျိုးလေးတွေ ကြည့်တတ်လာမယ်။ နောက် ဒီထက်ပိုပြီး မလှတာတွေ ဆွဲဆောင်မှု အားမကောင်းတာတွေပေါ့။ ဒါလေးတွေကလဲ ဘယ်ဟာကြောင့် မလှတာ ဘယ်လို မကောင်းတာက အစ ခံစားမိလာဖို့လဲ လိုပါတယ်။ ဒါလေးတွေက ကိုယ်လုပ်ပေးမယ့် design ပေါ်မှာ ရှိနေတဲ့ စိတ်ထားလေးတွေကို အားကောင်းစေပါတယ်။

ယခု ပုံမှာ မြင်ရတဲ့ Mini waterfall လေးဟာ အိမ်လေးတစ်အိမ်ရဲ့  ထမင်းစားခန်းရဲ့ ဘေးဘက် ပြူတင်းပေါက် အပြင်ဘက် ကပ်လျက်မှာ ဖန်တီးထားတာပါ။ ပေးချင်တဲ့ ခံစားမှုလေးကတော့ ထမင်းစားခန်းမှာ စားသုံးတဲ့အချိန် ဘေးဘက်ကို ကြည့်တဲ့အခါ ရေလေးတွေ တစ်သွင်သွင် စီးကျနေတဲ့ သဘာဝ အသံလေးတွေနဲ့ အိမ်ထဲမှာ ထိုင်နေပေမယ့် သဘာဝ ဥယျာဉ်လေးထဲမှာ နေပြီး စားနေရသလိုမျိုး ဖြစ်အောင် ပေးထားတာပါ။

ပုံမှာတော့အားလုံးကို အသေးစိတ် မဖော်ပြတော့ပါဘူး။ အဲဒီ ထမင်းစားခန်းလေးရဲ့ အနောက်ဘက် ပြူတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်ရင် ခြံစည်းရိုး အုတ်တံတိုင်းနဲ့ ၆ ပေလောက်ပဲ ကျန်ပါတယ်.။ အဲဒီကြားမှာ ၀ါးရုံပင်လေး စိုက်ပေးထားပြီး အဲဒီ ၀ါးရုံပင်လေးတွေရဲ့ အနောက်ဖက်မှာ မြင်နေရမယ့် နံရံတွေမှာလည်း သဘာဝ ကျောက်လေးတွေကို ကပ်ပြီး အလှဆင်ထားပါတယ်။ ဒါကြောင့် အိမ်ထဲမှာ ဆိုပေမယ့် အိမ်ရဲ့  လုံခြုံနွေးထွေးမှု လည်း ခံစားရသလို သဘာဝ ပတ်ဝန်းကျင်လေးလဲ ပိုင်ဆိုင်နိုင်တဲ့ အတွက် တစ်နေကုန် ပင်ပန်းလာပြီး ညဘက် dinner စားတဲ့အခါမှာ အေးချမ်းတဲ့ သဘာဝ ညရှူခင်းလေးနဲ့ သဘာဝအသံလေးတွေက အပန်းပြေစေသလို ၊ မနက်အိပ်ရာထတဲ့ အချိန် အလုပ်မသွားခင် မိသားစု breakfast စားတဲ့အခါ လတ်ဆတ်တဲ့ သဘာဝနဲ့အတူ တစ်နေ့တာအတွက် ခွန်အားတွေရစေပါတယ်။

ဒီလို ခံစားမှုလေးတွေရဲ့  ရင့်ကျက်တည်ငြိမ်မှုမှာ Design Concept နဲ့ engineer ပိုင်းဆိုင်ရာ နည်းပညာတွေ ပေါင်းစပ်ပြီး အခြေခံကာ Visualization tools လေးတွေနဲ့ design အိမ်မက်စိတ်ကူးလေးတွေကို အကောင်အထည်ဖော်လိုက်ခြင်းအားဖြင့် propose design လို့ခေါ်တဲ့ သုံးဘက်မြင် အခန်းလေးတွေနဲ့ သူတို့ရဲ့  ဖွဲ့စည်းပုံ layout plan တွေကို ရရှိလာပြီး အသုံးချမည့်သူ(client) နဲ့ တင်ပြဆွေးနွေးနိုင်ပြီပေါ့နော်။ အဲဒီ design tools လေးတွေကတော့ handsketch ,(computer aided design) cad drawing တွေပါပဲ။ ဒါကြောင့်လဲ သူတို့ရဲ့  အပိုင်းကလည်း အရေးပါတယ်ဆိုတာ သိထားစေချင်ပါတယ်။ ဒါပေမယ့် ဒါတွေက ပုံဖော်ပေးတဲ့ ထောက်ကူပြု tools တွေ software တွေဆိုတာ ကိုလည်း သတိချပ်စေချင်ပါတယ်။

အများစုက Interior Design ဆိုတာ autocad 2d/3d ပြီးပြီးသား 3ds max တတ်ပြီးသား၊ interior design ဝါသနာပါရင် လုပ်နိုင်မယ်ထင်တယ် ဆိုပြီး ပြောကြတယ်။ တစ်ချို ကျတော့ interior ပုံတွေဆွဲခဲ့တဲ အတွေ အကြုံတော့ရှိတယ်။ Design concept မရှိဘူးလေ။ ခက်တာကလည်း ကျွန်တော်တို့ဆီမှာက interior design school မှ မရှိတာ။ Architect တွေပဲ ကျောင်းမှာ Interior design ကို ဘာသာရပ်တစ်ခုအဖြစ် သင်ရတာပါ။ ဒါတောင်မှ interior design professional အတွက်ဆိုရင် အများကြီး course တွေဖြည့်ဖို့ လိုပါဦးမယ်။ တစ်ကယ် ဝါသနာပါရင်တော့ သီးသန့် ဘာသာရပ် တစ်ခုလို အချိန်ပေး လေ့လာဆည်းပူးရမှာပါ။ Software တစ်ခုကို သင်ယူဖို့လွယ်ပေမယ့် ဒီဇိုင်းတစ်ခု မှန်မှန်ကန်ကန် ထွက်လာဖို့ကတော့ Professional ကျကျ လေ့လာရမှာပါ။

ဆက်ပါ့မယ်...

ဆက်ဖတ်ရန်

Wednesday, April 28, 2010

စု တု ပြု

ကျွန်တော် အမြဲ ပြောလေ့ရှိသလို အမြဲလဲ ကျင့်သုံးနေတဲ့ နည်းကလေးကတော့ စု တု ပြု ပါ။ ကျွန်တော် Interior Design စလုပ်ကတည်းက စုတုပြုဆိုတာလေး ကို အတော် လုပ်မိပါတယ်။ သူများတွေ လုပ်ပြီးသားလေးတွေကို အရင် တစ်ထပ်တည်းရအောင်လုပ်တယ်ပေါ့။ အဲဒီလိုလုပ်တာ လေးက တစ်ကယ်တော့ အဲဒီ ပုံလေးတင် ထပ်တူရအောင် လုပ်တတ်ရုံတင်မကပါဘူး။ သူ့ရဲ့  proportion, actual dimension တွေနဲ့ design concept တွေပါ စိမ့်ဝင်သွားပါတယ်။ အဲဒီက နေတစ်ဆင့်တက်ပြီး ကိုယ့် idea လေးတွေနဲ့ ပေါင်းပြီး ပြုကြည့်ဖို့ လိုပါမယ်။ ကိုယ့် idea ဆိုလို့ ဒီတိုင်းလုပ်နေရုံနဲ့ တော့ သိပ်တိုးတက်မှာမဟုတ်ပါဘူး။ Theory လေးတွေ ဖတ် စဉ်းစား.. ပြီးတော့ အပြင်က တစ်ကယ့် ဟာတွေနဲ့ ပေါင်းစပ်လေ့လာ..နောက် တစ်ကယ်ရှေ့က လုပ်နေတဲ့ professional designer တွေနဲ့ စကားပြော လေ့လာ သင်ယူဖို့လဲ လိုပါဦးမယ်။ ဘာပဲပြောပြော... တိုးတက်လာမှာ အသေချာပါ...

တစ်ရက်က magazine တစ်ခုမှာ အပြင်မှာ လုပ်ပြီး သား အခန်းလေးတစ်ခုရဲ့  ပုံလေးကို တွေ့မိပြီး.. ဒါလေးကို တုပြီး ပြုဦးမှ ဆိုပြီး အဲဒီ ဓာတ်ပုံထဲက အတိုင်း design နဲ့ measurement , proportion တွေ ကို Autocad နဲ့ ဆွဲ ပြီးတော့ max ထဲပို့ပြီး 3d ဆွဲ vray နဲ့ render လုပ်ပါတယ်။ သူရဲ့ နဂိုမူရင်းက warm ဖြစ်တဲ့ ဘက်ကို အလေးပေးထားပေမယ့် ကျွန်တော်က warm နဲ့ cool ကို တွဲဆက်ပြီး တစ်ချို့ design elements လေးတွေ color လေးတွေ , texture လေးတွေချိန်းထားပါတယ်။ ဒီ ပုံလေးရဲ့ အသက်ကတော့ light နဲ့ color composition ,material လေးတွေပေါ် မူတည်ပြီး visualize မှာ ဆွဲဆောင်မှုရှိတာကို သတိပြုမိစေချင်ပါတယ်...

နဂိုပုံလေးနဲ့ အခု လုပ်ထားတဲ့ render perspective လေးကို တင်ပေးလိုက်ပါတယ်..

ဆက်ဖတ်ရန်

Saturday, January 30, 2010

Interior Designer ဖြစ်ပြီလား..?

ဒီအကြောင်းလေး ပြောဖို့ရင်ထဲမှာ ရှိနေတာ အတော်ကြာပါပြီ.. အခုမှပဲ ပြောဖြစ်တယ်ဗျာ... ကျွန်တော့် အတွေ့အကြုံအရပေါ့နော်…3d ဆွဲ.. rendering ကောင်းအောင် လုပ်တတ်ပြီဆိုရင်. အများအားဖြင့် archi တွေ designer တွေအတွက် freelance အခန်းလေးတွေဆွဲ... အိမ်လေးတွေဆွဲ...နဲ့ .. တစ်ဖြည်းဖြည်းနဲ့ လုပ်သက်ကြာလာတော့ ခေါင်းစဉ်တတ်စ ပြုလာတယ်။

Interior Designer တဲ့... အိမ်ကျတော့ structure တွေ..အမိုးအချိုးတွေ.. လှေကားတွေ.. စသဖြင့်..by law တွေနဲ့ရောဆက်စပ်နေတော့ နီးစပ်လွယ်တဲ့ interior ဘက် လှည့်တတ်တဲ့သဘောပါ.. အမှန်က 3d visualizer ပါ။ နောက်တစ်မျိုးကတော့ civil engineer diploma ဒါမှမဟုတ် အဲဒီဝန်းကျင်မှာ လုပ်တာကြာလာတဲ့သူမျိုး.. လုပ်ငန်းအတွေ့အကြူံလေးရ.. အနှပညာအခြေခံရှိပြီး.. autocad ဆွဲတတ်.. နောက် 3d လေးပါ ဆွဲတတ်လာပြီး အလုပ်လုပ်ရင်းကနေ Interior Designer ဆိုပြီး အမည်တပ်လာသူတွေပါ။..တစ်ကယ်ဆိုရင်.. coordinator ဆန်ဆန်ဖြစ်လာတာပါ။ ကိုယ့်တိုင်းပြည်မှာတော့ ဒီလိုနဲ့ လုပ်နေကြတဲ့သူတွေ အများကြီးပါ....တစ်ကယ့် interior designer တွေ မတွေ့ဘူး မကြုံဘူးတာလဲပါမယ်.. ကိုယ့်ဆီမှာ.... နည်းတယ်လေ... ကျွန်တော်ကိုယ်တိုင်လဲ Interior Designer ကျောင်းမတက်ခဲ့ရပါဘူး... Architect လဲမဟုတ်ပါဘူး...ဒါပေမယ့် တစ်ကယ့် Interior Designer လုပ်မယ်ဆိုရင် Archi သမားတောင် Interior Subject ကို သပ်သပ်လေ့လာခဲ့မှ ရပါမယ် ။ ဒါတောင် နိုင်ငံတစ်ကာမှာ interior နဲ့ ပတ်သတ်ပြီး သပ်သပ်ကို diploma ,advance diploma , Degree တွေ အထိတောင် သပ်သပ်ခွဲထုတ် သင်ကြားနေပါပြီ။ တစ်ချို့ဆို master အထိတောင် special subject တွေ ခွဲပြီး..Interior ကို သင်ကြားနေတာတွေ့ရပါတယ်။ ကျွန်တော် ကိုယ်တိုင် ၀ါသနာပါလို့ အခုနပြောသလိုအဆင့်တွေ ကို civil အင်ဂျင်နီယာဘ၀နဲ့ အဆောက်အဦးတွေဆွဲ.. နောက် supervise လုပ်နဲ့ ..အတွေ့အကြုံတွေ ၃ နှစ်ကျော် ၄ နှစ် လောက်ရှိမှ interior ကိုတွဲလုပ်ပါတယ်။ သူငယ်ချင်း Architect တွေဆီက နဂိုတည်းက design အခြေခံတွေ လေ့လာသင်ယူခဲ့သလို သူတို့ရဲ့ စာအုပ်တွေကိုလဲ copy ကူးလေ့လာခဲ့ပါတယ်။နောက် interior စလုပ်ပြီဆိုတဲ့ အချိန်မှာကို မလုပ်ခင်ထဲက ရှေ့က interior လုပ်နေတဲ့ သူတွေ ..နာမည်ကြီး project တွေ..နောက် ရနိုင်သမျှ interior နဲ့ ပတ်သတ်တဲ့ သီအိုရီစာအုပ်လေးတွေ ဖတ်ပြီးလေ့လာခဲ့ပါတယ်။ နောက် ကံကောင်းတယ်လို့ဆိုရမှာက အဲဒီအချိန် ၂၀၀၅ ၀န်းကျင်လောက်က internet ကို ရုံးမှာ အမြဲ သုံးခွင့်ရတာက တော်တော် မျက်စေ့ပွင့်စေခဲ့ပါတယ်။

ဒါတွေပြောနေတာ ကျွန်တော့်အကြောင်း ပြောနေတာ မဟုတ်ပါဘူး... အခုဒီဆောင်းပါးကို ရေးနေတဲ့သူ ဖြတ်သန်းခဲ့ရတဲ့ interior designer ခြေလှမ်းလေးတွေ သိစေချင်တာပါ။ ဒါမှ အခုရေးတာကို သဘောပေါက် နားလည်နိုင်မှာမို့ပါ။ အဲဒီအချိန်မှာကို ကိုယ်လုပ်တဲ့ project လေးတွေ တစ်ခုပြီးတိုင်း အမှားအမှန်သုံးသပ် နောက်စာအုပ်ထဲ သီအိုရီလေးတွေနဲ့ တိုက်ကြည့် ကောင်းမယ်ထင်တာလေးတွေ မှတ်ပြီး..လိုမယ်ထင်တာတွေ နောက်လာမယ့် project တွေမှာ ထပ်ဖြည့်သုံးအဲလိုနဲ့... ဖြတ်သန်းခဲ့ရပါတယ်။ တစ်ကယ့် interior ကျောင်းလေး တက်ရရင်တော့ အချိန်တွေ အများကြီး သက်သာသွားမှာပါ။ အဲဒီအချိန်မှာကို international project တစ်ခုလုပ်ခွင့်ရခဲ့တယ်။သူက renovation နဲ့အကြီးစား commerical interior project တစ်ခုပါ။အဲဒီမှာ သူတို့ဆီက archi က facade renovation အတွက်အရှေ့ပိုင်း နဲ့ interior designer က အတွင်းပိုင်းတွေ ဆွဲလာပြီးသား လာအပ်တော့ ကျွန်တော်အဲဒီ archi နဲ့ရော interior designer နဲ့ပါ ဆွေးနွေးခွင့်ရသလို သူတို့ရဲ့  drawingတွေpresentationတွေထိတွေ့လေ့လာခွင့်ရပြီး...အဲဒီ design တွေ ပုံဖော်ခဲ့ရတာ ကျွန်တော့်အတွက် ကျောင်းအသေးစားလေး တက်ခဲ့ရသလိုအပြင် စာအုပ်ထဲက မသိသေးတဲ့ သီအိုရီတစ်ချို့ကော ..နောက် အမြင်တွေ ..internet ကို အသုံးချလေ့လာ မှုတွေ တိုးပွားလာခဲ့ပါတယ်။..အဲဒီအချိန်မှာ ကျွန်တော် အခုပြောတဲ့ ခေတ်ရေစီးကြောင်းထဲမျောပြီး ခေါင်းစဉ်တပ် လုပ်နေတဲ့ interior designer တွေသဘောကို တွေ့မြင်သိလာသလို ကိုယ်ကိုယ်တိုင်လဲ ပိုရှက်လာမိပြီး ပိုလေ့လာကြိုးစားခဲ့ပါတယ်။အဓိကက engineer အခြေခံလေးရှိ.. အတွေ့အကြုံလေးလဲရှိ.. အနှပညာ အမြင်လေးလဲရှိပြီး... ပုံလေးတွေဆွဲတတ်.. နောက် rendering ပါလုပ်တတ်လာပြီး.. အဲလိုဖြစ်နေတာပါ။.. Interior Designer မဟုတ်ပါဘူး...Decorator ပါ။ အများကြီးကွာပါတယ်။ knowledge ဆင်းရဲလို့ အဓိကဖြစ်ရတာပါ။ ဒါကြောင့်လဲ ကျွန်တော်သိတာလေး ရေးတာပါ။ Interior Designer တစ်ယောက်ရဲ့  တာဝန်တွေ မနည်းပါဘူး....တန်ရာတန်ကြေး ရတယ်မရဘူးဆိုတာထက် ကိုယ့်ဘက်ကတာဝန်ကျေဖို့အတွက် သိရမှာလေးတွေပြောတာပါ။ ဒါမှ တိုင်းပြည် မှာ အခွင့်အလန်းတွေ ပွင့်လာတဲ့အခါ အပြင်ကလာမယ့် သူတွေဆီကယူနိုင်မှာ ဖြစ်သလို နောက်ကျကျန်မနေပဲ ရင်ဘောင်တန်းနိုင်တာမျိုးတွေဖြစ်မှာပါ။ ဒါအပြင်.. အခြေအနေကောင်းရင် ကိုယ့်တိုင်းပြည်ကနေပြီး.. outsourcing project တွေလုပ်နိုင်မှာပါ။...

ဒါနောင် ဖြစ်ကိုဖြစ်လာမယ့် အခွင့်အလမ်းတွေပါ.. အချိန်နှေးတာ မြန်တာပဲရှိပါတယ်။ နောက်ဆက်ရရင် ...အထက်ကပြောခဲ့သလို အတွေ့အကြုံများလာပြီး.... နိုင်ငံခြားထွက်မယ်... အထူးသဖြင့် စင်္ကာပူပေါ့... ဟိုမှာ Interior Designer အလုပ်လုပ်မယ်... ခေါ်နေတာအများကြီးပဲ... အဲမှာ ကျွန်တော် ပြောချင်စိတ်တွေ အများကြီးပေါ့ဗျာ... နိုင်ငံခြားမပြောနဲ့ ကိုယ့်တိုင်းပြည်မှာကိုပဲအရင်လုပ်ပြီးပြီလား.... ဥပမာ....အိမ်ရှင်နဲ့တွေ့ အခန်းဖွဲ့ စည်းပုံအရင်ညှို ..နောက် elevation design ဆွဲ..နောက် 3d perspective render လုပ် .. ကြိုက်ရင် ဈေး ညှို ပြီးရင် အလုပ်လုပ်ဖို့ material တွေရွေး... .working drawing တွေထုတ်.. မီးပွိုင့်တွေ...ရေကအစ လုပ်မယ့် သူတွေနဲ့ ညှို ပုံထုတ်..အများကြီးနော်..တစ်ကယ်လုပ်ရင်.. အခက်အခဲတွေ ရှင်းရမှာတွေ ..ပုံထဲကလို အပြင်မှာ ထွက်ဖို့တွေ ...နောက် အသုံးပြူလို့ အဆင်ပြေဖို့ လက်တွေ့ကျဖို့.... ကျန်းမာရေးအရရော... ရေရှည်အတွက်ပါအဆင်ပြေဖို့... မှန်းထားတဲ့ budget အတိုင်းဝင်ဖို့ အချိန်မှီပြီးဖို့ . .ပြီးရင်လဲ Asbuilt drawing တွေဆွဲပြန်အပ် ရပါမယ်။..ဒါတောင် design concept တွေအကြောင်းမပါသေးဘူး.... ဒါမျိုးတွေကလဲ ရိုးရိုး catalog ထဲကပုံတူတို့ ..ဟိုမှာလုပ်ခဲ့တာမျိုးတို့.. ဒီမှာလုပ်ခဲ့တာမျိုးတို့ ကူးချတာမျိုးတွေ အစုံပေါ့....အများကြီးပါပဲ.. ပြောမယ်ဆိုရင်... အဲဒီလိုမျိုး project တွေ အများကြီးလုပ်ခဲ့ လေ့လာခဲ့တာတောင်မှ အထက်ကလို တစ်ကယ့် interior designer တစ်ယောက်ဖြစ်ဖို့ သေချာလေ့လာမှ ကြိုးစားမှ ဖြစ်နိုင်မှာပါ။...ခက်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး...လုပ်သင့်တာလေးတွေ မြင်ဖို့ပြောတာပါ။

အထက်က နိုင်ငံခြားမှာဆိုတဲ့ အကြောင်းဆက်ရရင် ...ကျွန်တော့်အတွေ့အကြုံအရ .. စင်္ကာပူမှာ နာမည်ကြီးdesign company တွေမှာဆို မြန်မာက architect ကို Master ဘွဲ့ရပြီး အတွေ့အကြုံရှိတဲ့သူလောက်မှjunior designer လောက်ခန့်ပါတယ်။....ပုံမှန် interior firm တွေမှာဆို... ကျွန်တော့်အတွေ့အကြူံလေးဖတ်လိုက်ရင် သိမှာပါ။ကျွန်တော် စကာင်္ပူမှာ စအလုပ်လျှောက်တော့ interior designer ရော 3d visualizer ပါလျှောက်ဖြစ်ပါတယ်။ ကျွန်တော့် portfolio တော်တော်များများက မလုပ်ခင် render ပုံတွေရော ..သူတို့ရဲ့  actual ပြီးသွားတဲ့ပုံတွေ ရောတွဲထားပါတယ်..၉၀ ရာနှုန်းလောက်က ကျွန်တော်ဆွဲထားတာနဲ့..actual ပြီးသွားတာတွေက သိပ်မကွာပါဘူး...အဲမှာ interior company တစ်ခုက interview ခေါ်ပါတယ်..ပိုင်ရှင်က ပြည်ကြီးတရုတ်တွေပါ။... သူကိုယ်တိုင်က artist ပါ။.. သူကကျွန်တော့်ရဲ့  max ပုံတွေကြည့်ပြီး .lighting concept နဲ့ design ပါသဘောကျတာနဲ့ ခေါ်တာပါ.. တွေ့တော့ ဈေးစကားတွေပြောပြီး..နောက်နေ့မနက် confirm လုပ်မယ်ဆိုပြီး.. ပြန်ခဲ့တယ်.. နောက်နေ့ ဆက်သွယ်တော့ ..အရင်ကပေးတာထက်၂၅ %လောက် လျှော့ပေးတယ်... ဘာလို့လဲဆိုတော့ မြန်မာလူမျိုးတစ်ယောက်ကို စစချင်း အဲလောက်ပေးတာ များတယ်တဲ့... (spass)stay ရဖို့ကို မလွယ်ဘူးတဲ့ ..ကြိုက်တယ် ..နှိမ်တယ်ဗျာ.. ဘာတတ်နိုင်မှာလဲ... go ပေါ့ ဒီအလုပ်...

နောက်တစ်ခုက ခေါ်တုန်းက 3d visualizer အလုပ်..interview တွေ့တော့interior designer အလုပ်ဗျ...အဲဒါလေးကို ပြောပြချင်တာပါ.. .ဖုံးလှမ်းဆက်ထဲကိုက မင်းက archidesignနဲ့ ပတ်သတ်ပြီး ဘာမှ မရှိဘူးလားလို့မေးတယ်။civil engineer ဘွဲ့ပဲရှိတယ်..myanmar မှာinterior design school မရှိကြောင်း ..နောက် လုပ်ခဲ့လေ့လာခဲ့တဲ့ နှစ်တွေနဲ့ project တွေအကြောင်းနဲ့ CV ထဲမှာသေချာ ဖတ်ကြည့်လို့ရကြောင်း ပြောမှ ဖုံးပြန်ဆက်မယ်တဲ့။နောက် SPASS အတွက်တင်ရမရ check ကြည့်ချင်သေးတယ်တဲ့...ဲနောက်ရက် ကြမှ interview ချိန်းတယ်လေ....အဲဒီနေ့မှာသူတို့ချိန်းထားတဲ့ အချိန်ရောက်တာနဲ့ ကွက်တိရောက်အောင်သွားတယ်... လူကနေရာမနည်း ရှာရတောနဲနဲ ဟိုက်နေပြီပေါ့... အဲဒီမှာ တစ်ယောက်က သူတို့ showrooom မှာ ရှိတဲ့ kitchen အတိုင်းအတာတွေကို ချက်ချင်း ဒါဘယ်လောက်ရှိလဲ..ဟိုဟာဘယ်လောက်လဲ... နောက် ဘီဒိုတွေဆို ဘယ်လောက်ရှိမလဲ..စသဖြင့် standard အတိုင်းအတာတွေ မေးပါတယ်။ကိုယ့်ဆီမှာက ပေလက်မ..သူတို့ဆီမှာmm အခြေခံဆိုတော့ unit conversion ကလဲလုပ်ပြီး ဖြေရတာပေါ့။ အဲဒီမှာ တစ်ချို့နေရာလေးတွေ နဲနဲစီလွဲတယ်ပေါ့...ကိုယ့်စကားနဲ့ဆို ပြောလွယ်ပေမယ့် သူတို့နဲ့ကျတော့ နဲနဲလွဲရင်ကို မလွယ်ဘူးလေ.. ပြီးတော့ plan တစ်ခုချပြပြီး...အဲဒီ plan က living room နံရံမှာ TV console design လုပ်ခိုင်းတယ်..လုပ်ခိုင်းတာကလဲ စာရွက်အလွတ် နဲ့ ခဲတံပေးပြီး ဆွဲခိုင်းတယ်..ကျွန်တော် design စဉ်းစားလေ့ရှိတာက 2d conceptual ကို စာရွက်ပေါ်မှာ ခြစ်..ပြီးရင် autocad နဲ့ အချောဆွဲ ..ပြီးမှ 3d ဆွဲတာကိုး.... အဲမှာ သူက ကို.ယ့် 2d အကြမ်းခြစ်ထားတာရယ် ..နောက် design ရယ် ကို ရိုးလွန်းတယ်တဲ့ဖောက်ထွက်တာမျိုးလိုချင်တာတဲ့ design ကိုတဲ့...ကိုယ်လဲသိတယ် သူလိုချင်တာကို.. ခက်တာက ကိုယ်လုပ်နေကြ style လိုမစဉ်းစားရတာရယ်..သူတို့ဝန်းကျင်မှာ စိမ်းနေတာရယ်နဲ့ ဘယ်လိုမှ concept ကောင်းမထွက်ပါဘူး.. ကိုယ့်ဟာကို.ယ်လဲ မကြိုက်ပါဘူး... အဲဒီမှာ သူကထပဆွဲချင်သေးလားတဲ့.. ဆွဲမယ်ပေါ့..ဒါပေမယ့် စိတ်ကျေနပ်မှုမရပါဘူး.. ကိုယ်လုပ်နိုင်တာ သိသိကြီးနဲ့ လုပ်မရတာပေါ့ဗျာ.. နောက်တော့ သူ့ကိုပြောလိုက်ပါတယ်.. ငါစဉ်းစားတာ ဒီလိုမျိုးလုပ်လေ့ရှိတယ်.. အခုလဲ စိတ်တွေ မကြည်တာ ပါတယ်ဆိုတာပေါ့..သူကလဲ ပွင့်လင်းပါတယ်.. ကျွန်တာ့် အရှေ့က ကောင်မလေးတစ်ယောက် ဆွဲသွားတဲ့ပုံလေး.. လက်နဲ့ perspective ဗျ..ကောင်းတယ်.. သူလဲကြိုက်တယ်ပေါ့.. အဲဒါမျိုးလိုချင်တာာပေါ့. .အဲဒါနဲ့ သူကဒါဆိုလဲ အဲဒါကိုပဲ max နဲ့ ဆွဲ render လုပ် ဘယ်လောက်ကြာမလဲပေါ့.. တစ်နာရီကြာမယ်ပြောတော့ ok တဲ့ အချိန်မှတ်ထားမယ် ဆိုပြီးဆွဲခိုင်းပါတယ်..အဲဒီပုံမာ လုံးဝ အတိုင်းအတာမပါပါဘူး ...material လဲမရွေးပေးထားပါဘူး.. ကိုယ့်ဘာသာကိုယ်အခုနနံရံမှာ ကွက်တိ propotion ကျအောင် မှန်းဆွဲရပါတယ်.. အတွေ့အကြုံမရှိရင် ဘယ်လိုမှဆွဲလို့မရပါဘူး.. .အဲဒါတော့ ok ပေါ့..သူက မင်းက software ပိုင်းပြောစရာမလိုဘူးတဲ့.. သူလိုချင်တာcreative thinking ကိုတဲ့...အဲဒါနဲ့ မင်းအိမ်မှာ ကြိုးစားကြည့်ချင်သေးလားတဲ့.. .လုပ်ချင်သေးရင်ဆွဲပြီး mail ပို့လိုက်ပါတဲ့..သူသိပုံရတယ်ဗျ.. ကျွန်တော်အားမရတာ...အဲဒါနဲ့ ညကျတော့ အကြမ်းခြစ် autocad နဲ့ဆွဲ.. sketchup နဲ့ 3d ဆွဲတာ ၃ နာရီ ခွဲနဲ့ အားလုံးပြီးသွားပါတယ်..သူတို့ကြိုက်တယ်ဆိုတဲ့ design က tvconsole သက်သက်ဗျ.. furniture designဆန်တယ်.. ကျွန်တော်က အဲဒီနံရံနဲ့ပေါင်းစပ်တာမျိုး ဖြစ်ချင်တာ..အဲဒီအမြင်လေးပါ mail မှာထည့်ပြီး ရေးပေးလိုက်တယ်.။ နောက်နေ့ကျတော့ ..သူဖုံးဆက်ပြီး..ကျွန်တော့်ကို ပို့တာသေချာကြောင်း မေးတယ် နောက် သူကြည့်ပြီးတော့ပြောတယ်.. မနေ့က ကျွန်တော်ဆွဲတာလို့တောင်မထင်ဘူးတဲ့... ကဲအဲဒီပုံလေးလဲကြည့်လိုက်ပါဦး.... တစ်ကယ်တော့ လက်နဲ့ပါ perspective ဆွဲနိုင်ခဲ့ရင် အဲဒီထဲကok ပေါ့နော်..အခုဟာ first impression ကျတာပေါ့.. ဒါပေမယ့် ကိုယ်လုပ်နိုင်တာ အသိအမှတ်ပြုသွားတာတော့ ကျေနပ်ရတာပေါ့လေ... သူလဲ ပြန်ကိုစဉ်းစားရတဲ့ အထိပြန်ကြည့်ခဲ့ပါတယ်။. .





အခုပုံလေးတွေကြည့်ရင် design concept ရော material ပါအဆင်ပြေပြေ မြင်နိုင်ပါတယ်... .ပြီးတော့ ဒီdesign အတွက် လိုအပ်တဲ့ detail drawing တွေလုပ်ပုံလုပ်နည်းတွေပါ ပြောပြနိုင်ရပါမယ်.. ..ဒီအတွေ့အကြူံလေးကို မူတည်ပြီး ဘယ်လိုလုပ်သင့်တယ်. .ဘယ်လောက် level အထိပြင်ဆင်ထားရမယ်ဆိုတာ Interior Designer အလုပ်အတွက် မှန်းဆလို့ရမယ်ထင်ပါတယ်။ ဒါတောင် junior Designer အဆင့်လောက်ပါ....Archi ပုံတွေကို rendering လုပ်တဲ့အတွေ့အကြုံများလာ ကိုယ်ကလဲဆက်လေ့လာ ...၀ါသနာပါရင်တော့ 3d visualizer ပိုင်းကိုသွားသင့်ပါတယ်.. ဒါတောင်မှ တစ်ကယ်ခွဲရင် architectural visualizer ကတစ်လိုင်းပါ။

အချိန်ရရင် ဆက်ပါဦးမယ်နော်...အဆင်ပြေကြပါစေ..။

(ပါကြီး..)

ဆက်ဖတ်ရန်