Saturday, January 29, 2011

အိမ်များနှင့် ကခုန်ခြင်း

ဒီပိုစ်လေးက ကျွန်တော် ဖိုရမ်တစ်ခုမှာ ရေးခဲ့ ဘူးပါတယ်။နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ နဲ့ အတော် ပတ်သတ်နေပါတယ် ဆိုပေမယ့် ပြည်တွင်းက သူတွေ အနေနဲ့လည်း သေချာတွေးကြည့်မယ်ဆိုရင် အသုံးဝင်မယ်ထင်ပါတယ်။

ကျွန်တော် ဖြတ်သန်းဘူးတဲ့ အတွေ့အကြုံအရ စွန့်ခွာခဲ့တဲ့အိမ်... ရောက်ချင်နေတဲ့အိမ်... ပြန်သွားချင်တဲ့အိမ်.. စသဖြင့် လူအမျိုးမျိုး အတွေ့အကြုံအထွေထွေ ပေါ်မူတည်ပြီး ကွဲပြားနေတဲ့ ခံစားချက်တွေ နဲ့ ရည်ရွယ်ချက်တွေ ကို ပြောပြချင်ပါတယ်။ သူငယ်ချင်းတို့ တစ်တွေလဲ ၀င်ရောက် ဆွေးနွေးပေးကြပါ... ခံစားချက် တွေ ဖလှယ်ကြပါ.. ဒီနေရာလေးမှာ ၀င်ကတည်းက ကာရံထားတဲ့ မာနတွေ... လောဘတွေ... ဒေါသတွေ ခဏလေး ခွာချခဲ့ပြီး ပြောစေချင်ပါတယ်....

အိမ်ဆိုတာ ကျွန်တော်တို့ မွေးဖွား ကြီးပြင်းပြီး အသိဥာဏ်ကလေး ရှိလာတာနဲ့ အိမ်ကိုထားပြီး အပြင်ထွက်ချင်တယ်.. အပြင်က ပြန်လာရင် အတင်းငိုတယ်လေ.. အိမ်မှာမနေချင်ဘူးပေါ့...း) ဒီလိုပဲ မူကြိုရောက်လို့ စသွားတဲ့နေ့တည်းက အုပ်ထိမ်းသူ လိုက်ပို့လို့... ကျောင်းကပြန်သွားတဲ့ အခါ ငိုပြီး ကျန်ရစ်ခဲ့ရတာက စလို့ အိမ်ပြန်ချင်တဲ့ စိတ်ကလေးကို စပြီး ခံစားတတ်လာတာပါပဲ...
(ချွင်းချက်အနေနဲ့ တစ်ချို့ကျောင်းမှာ ပျော်တာရှိတာတွေတော့ မပြောလိုဘူးနော်)
ကျွန်တော်တို့တတွေ အရွယ်ရောက်လာ တည်းက အုပ်ထိမ်းသူ(မိဘ) အိမ်မှာ ကြီးပြင်းခဲ့သလို စိတ်ကူး အိမ်မက်ထဲမှာလဲ... တစ်နေ့ကျရင် ငါတော့ ဘာတွေ လုပ်မယ် ဘယ်လိုနေမယ် စသဖြင့် ကိုယ်ပိုင် အိမ်ဆိုတာ လူတိုင်းနီးပါး ရှိခဲ့ ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ အရွယ်ရောက် လာတော့ ကိုယ့်ပညာရေးနဲ့ ပတ်ဝန်းကျင် ပေါ် မူတည်ပြီး အိမ်မက်အိမ်လေး တွေက ပိုကြီးထွားလာကြတဲ့ သူတွေ ရှိသလို.. ပျောက်ကွယ်လုနီးပါး.. လေလွင့်နေတဲ့သူတွေလဲ ရှိလာတာပါပဲ။ တက္ကသိုလ်တက်တော့ နွေရာသီ ကျောင်းပိတ်ရက်မှာ အိမ်ပြန်ကြဖို့ ပြင်ဆင်တဲ့အခါ... အိမ်ကျရင်.. ငါကတော့.... အိမ်ကျရင်.. အဖေ့ကို... အမေ့ကို.. အိမ်ပြန်ရောက်ရင်.. ဘာတွေလုပ်မယ်လို့ပျော်ရွှင်နေကြသလို တစ်ချို့တွေ တိတ်ဆိတ်နေတာ.. မချိပြုံးလေးနဲ့ နားထောင်ပေးနေတဲ့ သူငယ်ချင်းတွေကိုရော သတိထား ခံစားမိမလား မသိဘူး... :? အိမ်ပြန်ရောက်လို့မကြာခင်မှာပဲ.. အဖေက ဒါမလုပ်ရဘူး.. အမေက ခေတ်မမှီဘူး စသဖြင့်... စည်းကမ်းတွေ နဲ့ အဆင်မပြေလို့ ကျောင်းပဲပြန်တက်ချင်ကြပြန်တော့ အိမ်နဲ့ ဝေးရာကို စိတ်ပါပြန်ပြီရော.. ဘာပဲပြောပြော....ပြန်မယ်....မနေချင်ဘူး.. အဲဒါတွေ အကုန်လုံးက အချိန်တန်ရင် အိမ်ပြန်ရမယ့် အချိန်လေးတွေက အများအားဖြင့် သတ်မှတ် ပြီးသားလေ။... အဲဒါကိုတစ်ချို့က သတိထားမိသလို သတိမထားမိတဲ့သူတွေက များမှာပါ အဲဒီ အရွယ်မှာပေါ့... ဘာပဲပြောပြော... ကျွန်တော်တို့ အရွယ်ရလာတာနဲ့ အမျှ အိမ်ကထွက်ပြီး.. အိမ်ကိုပြန်တဲ့ အချိန်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ကာလတွေ ကြာရှည်လာတာ အသေအချာပါပဲ.

မိဘအိမ်က ထွက်လာပြီ ဆိုတည်းကိုက ပိုပြီးကောင်းမွန်တဲ့ ကိုယ်ပိုင်ဘ၀လေးတွေတည်ဆောက်ချင်လို့ပဲလေ။ သေချာစဉ်းစားကြည့်ရင် မိဘ အိမ်ဆိုတာ ကိုယ့်ဘ၀အတွက် အခြေခံ ဖြစ်ပေမယ့် ကိုယ့်မိသားစုအတွက်တော့ ကိုယ်ပိုင်အိမ်စစ်စစ် လိုအပ်နေတာမလွဲပါဘူး။ ဘယ်သူမဆို အိမ်ထောင်ပြူကြ ဘ၀တစ်ခုတည်ဆောက်ကြမှာ မလွဲပါဘူးနော်။ (အပျိုကြီး..လူပျိုကြီးရယ်လို့ ကပ်ပြီးတော့ မပြောနဲ့ပေါ့ဗျာ) ;D အဲတော့ အိမ်ပြန်မယ်ဆိုတဲ့ စကားလုံးလေးတွေရဲ. ဦးတည်ရာ က အဖေ့အိမ်.. အမေ့အိမ်ရယ်လို့ ပြောင်းလဲလာတာပါပဲ.. အဲ... တည်ဆောက်ထားတဲ့ အိမ်လေးမသာယာဘူးဆိုရင်တော့ မိဘအိမ်ပဲ... အိမ်လို့ ပြောနေဦးပေမယ့်.. သာယာနေပြီ ဆိုရင် ခဏတာ အလည်လောက်ပဲ ပြန်ဖြစ်တာ များတာပါပဲ။ ကိုယ့်အလှည့်ကျ လာမှာပဲနော် .. တစ်ချို့ ဆို မိဘနဲ့ နီးတဲ့ နေရာ..တစ်ချို့ဆို ဝေးတဲ့နေရာ စသဖြင့် ဘ၀အမျိုးမျိုးဖြစ်ကြပေမယ့် အခံစိတ်ဓိတ်ပေါ်မူတည်ပြီး သိတတ်...ကြည့်တတ်ကြတာပါပဲ။
ဒါတောင် သွေးရင်းသားရင်း မိဘတွေနော်.. သွေးမတော် သားမစပ်၊ တစ်မြေထဲနေ တစ်ရေတည်းသောက်၊ မြို့သူ၊ နယ်သူ၊ ပြည်သူ အချင်းချင်း ရှိုင်းပင်းဖို့ဆိုတာ တစ်ကယ်တော့ အပြောသာလွယ်တာ လက်တွေ့မှာတော့ ကိုယ့်ဘ၀နဲ့ကိုယ်ရှုပ်နေပြီဆိုရင် မိဘအိမ်တောင် မေ့တတ်တော့ တိုင်းပြည်ဆိုတာ အဝေးကြီးဖြစ်နေတာ တော်တော်များများပါ။

ကျွန်တော်တို့တစ်တွေ ပြန်ချင်တဲ့ အိမ်ဆိုတာ ဘယ်လိုမျိုးလဲ.. ဘယ်လို လိုအပ်ချက်တွေ ဖြည့်ဆည်းထားဖို့ လိုမလဲ... မိဘအိမ်လား.. ကိုယ့်မိသားစုအိမ်လား... မိမိတိုင်းပြည်ဆိုတဲ့ အိမ်ကြီးကကော....ဘာပဲပြောပြော ကိုယ့်မိဘအိမ်ပဲလို့ အဆင်မပြေတောင် ကျိတ်မှိတ်နေပေမယ့်.. ကိုယ့် ကိုယ်ပိုင်အိမ်ကသာနေရင် ခဏပဲ မိဘအိမ်မှာ နေမှာပါ ပြီးရင် ကိုယ်သာယာတဲ့ ဘ၀.. အိမ်မက်တွေ ရှိတဲ့အိမ်... နေရာကို ပြန်မှာ မလွဲပါဘူး။ အဲတော့ ကျွန်တော်တို့တစ်တွေရဲ့  ကိုယ်စီ အိမ်ဆိုတာကကော... :? ဘာတွေရှိနေမလဲ.... ဘယ်လို လိုအပ်ချက်တွေ ဖြည့်ဆည်းထားဖို့လိုမလဲ ??? သွေးရင်းသားရင်း မိဘအိမ်ထက် ပိုသာယာတဲ့အိမ်ကို အလေးသာမိသေးတာ သွေးမတော် သားမစပ်၊ တစ်မြေထဲနေ တစ်ရေတည်းသောက်၊ မြို့သူ၊ နယ်သူ၊ တိုင်းသူ ပြည်သူ စတဲ့ တိုင်းပြည်အနေနဲ့ ဆိုရင် အဝေးကြီးနော်...ကျွန်တော်တို့ တစ်တွေရဲ့  ရင်ထဲမှာ ဘယ်လို ယုံကြည်ချက်တွေ ရှိနေသင့်သလဲ.. :?

အဆုံးသတ် conclusion ချရတာ ကျွန်တော့် ကိုယ်ပိုင်အမြင်နဲ့ အတွေ့အကြုံရပြောတာပါ။ သဘောထားမတိုက်ဆိုင်ခဲ့ရင်လဲ ဖြစ်နိုင်ပါတယ်ဗျာ.... ဒီခေါင်းစဉ်လေးရေးရတဲ့ ရေရွယ်ချက် ရှိပါတယ်။ ဘယ်ကစလာလဲ ဆိုတော့ မိဘအိမ်နဲ့ အဝေးမှာ.. ဇာတိမြေနဲ့ ဝေးတဲ့နေရာမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေသူတွေရဲ့  ပတ်ဝန်းကျင်မှာ အများဆုံး ကြားရတာက စတာပါ။ အိမ်ပြန်ချင်တယ်... မပျော်ဘူး.... မဖြစ်လို့နေရတာ.. စသဖြင့်ပေါ့.. ကျွန်တော်ကိုယ်တိုင်လဲ ပါဝင်ခဲ့ပါတယ်။ အဲဒီ စကားလုံးတွေရဲ့  နောက်ကွယ်က ဇာတ်လမ်းလေးတွေ အတော်များများ အဖြေရှာကြည့်မိခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ...အခုအခြေအနေ အသိနဲ့ ရေးတာဖြစ်လို့ နောင် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်ဗျာ...ကျွန်တော့်စိတ်ထဲတော့ ပြောင်းလဲ သိပ်ပြီး ကြီးကြီးမားမား မပြောင်းနိုင်ဘူးလို့ ယုံကြည်ပါတယ်။အကြောင်းအမျိုးမျိုး နဲ့ ဇာတိမြေက ခွဲခွာလာကြတာတော့ မပြောတော့ပါဘူး....အဓိက ဆန်းစစ်ကြည့်တော့ အိမ်ပြန်ချင်တယ်..လွမ်းတယ် ဘာအတွက်လဲ...???? တစ်ကယ် ပြန်ချင်တာလား...
  • ခဏပြန်ပြီး အပျော်နေပြီး...ပြန်လာဖို့ လွမ်းတဲ့သူ....
  • နောက်..လွမ်းတယ်..ပြန်ချင်တယ် ဒါပေမယ့် ပြန်ခဲ့ရင် လက်ရှိနေရာလောက်လဲ အဆင်မပြေ အခြေအနေလဲ ရပ်တည်ဖို့မလွယ်တော့ တစ်ကယ်မပြန်ဖြစ်ပဲ ဟန်နဲ့ပဲ ပြန်နေရသူ....
  • နောက်ပြန်ရင်လဲ အဆင်ပြေပါတယ်..ဒါပေမယ့် လက်ရှိနေရာ လောက်မကောင်းလို့ မပြန်ဖြစ်သူ
  • ပြန်မယ်..ဒါပေမယ့် တတ်တာတွေ အသုံးချဖို့မလွယ်လို့ မပြန်ဖြစ်သူတွေ ..
စသဖြင့် အများကြီးရှိပါသေးတယ်..

ကျွန်တော် တွေ့တဲ့ အထဲမှာ ကိုယ့်ဇာတိမြေမှာ ပြန်ပြီး ရပ်တည်နိုင်အောင် လက်ရှိနေရာမှာ ဘာတွေ လေ့လာဖို့လိုမလဲ... ဘာတွေစုဆောင်းဖို့လိုမလဲ ဘယ်လိုတွေ ပြင်ဆင်ဖို့လိုမလဲ.. ဆိုတဲ့ short term plan လေးတွေနဲ့ တစ်ဆင့်စီ လုပ်သွားရမယ့် long term plan မရှိတာက အဓိက ဒီပြဿနာတွေကို ဖြစ်စေတာလို့ သတိထားမိပါတယ်။.... အိမ်ကိုပြန်ပြီး တိုးတက်အောင် လုပ်နိုင်တဲ့ ၀န်းကျင်ရှိတဲ့သူတွေက ပြန်ပြီး လုပ်နိုင်အောင် တိကျတဲ့ အနာဂတ် plan တွေရှိသင့်သလို.... အဝေးကနေပြီး တိုးတက်အောင် အထောက်အကူပြုနိုင်တဲ့ ပတ်ဝန်းကျင်က သူတွေကလဲ အဝေးကနေ အကောင်းဆုံးလုပ်နိုင်အောင် တိကျတဲ့ အနာဂတ် plan တွေရှိနေမယ်ဆိုရင် ....ဘယ်လိုပဲ ဖြစ်ဖြစ် မဝေးတဲ့ အနာဂတ်မှာ ကိုယ်မမှီလိုက်တောင် နောက်မျိုးဆက်တွေ အတွက် home sick တွေ မဖြစ်ပဲ... ဂုဏ်ယူစရာကောင်းတဲ့ အဝေးခရီးတွေပဲ ရှိမယ့်..အချိန်တန် သာယာတဲ့ အိမ်လေး က အသင့်စောင့်ကြိုနေတဲ့ အနာဂတ်တွေ ပိုင်ဆိုင်စေမှာပါ။ အခုလို လုပ်ရမယ့် plan ကလဲ ကိုယ့်မိသားစု..ကိုယ့်ပတ်ဝန်းကျင်.. ကိုယ့်တိုင်းပြည်.. ကိုယ့် ဘာသာ.. သာသနာ အတွက် ချစ်တဲ့ စိတ်နဲ့ အရင်းခံ တည်ဆောက်မှပဲ ဖြစ်မယ်လို ယုံကြည်ပါတယ်။

ဒီပိုစ်လေးဖတ်ပြီး ကျွန်တော့် ညီမငယ် တစ်ယောက်ပြောတာလေးက ဒီလိုပါ...

အစ်ကိုရေ….

တစ်ချိန်တုန်းက အိမ်လေးတစ်နေရာ ကနေ အိမ်အတွင်းကနေ ထွက် လောကကြီးကို ကြည့်ဖို့ ဓါးတွေ သွေးနေခဲ့ကြတယ်..။
တစ်ချို့က ဓါးသွား မြမြ ဘ၀တိုက်ပွဲကို ထွက်လာခဲ့တယ်…။
တစ်ချို့က ဓါးသွေးရင်း သွေးဆဲနဲ့ တိုက်ပွဲချိန်ရောက်လို့ ထွက်လာခဲ့တယ်…။
တစ်ချို့က ဓါးသွေးဖို့ကိုတောင် မပြင်ဆင်နိုင်ပဲနဲ့ ထွက်လာခဲ့ရတယ်…။
အိမ်လေးရဲ့ ပြင်ပကို ရောက်တဲ့အခါကျတော့လည်း ကိုယ့်အိမ်လေးကို ကိုယ်ပြန်ဖို့အတွက် ဓါးတွေ ဆက်သွေးရ ပြန်တယ်..။
အိမ်လေးတစ်နေရာ ပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့ ဧည့်ခန်းလေးမှာ ကိုယ်နဲ့ တိုက်ပွဲတစ်လျှောက် အတူ တိုက်ခဲ့တဲ့ ဓါးတစ်လက်ကို ချိတ်ဖို့ပေါ့…။
အဲ့ဒီဓါးအပေါ် စွန်းထင်နေတာက ကျွန်တော်တို့ သုံးခဲ့တဲ့ ဓါးဟာ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သုံးခဲ့တာလဲဆိုတဲ့ အဖြေပေါ့…။
အိမ်လေးတစ်လုံးကနေ ထွက်ခွာလာချိန်၊ အိမ်လေးတစ်လုံးကို ပြန်သွားမယ့်အချိန်၊ ကိုယ်စီကိုယ်ငှ တန်ဖိုးထားကြမယ့်စံနှုန်းတွေနဲ့ ကိုယ်စီကိုယ်ငှ တည်ဆောက်နေကြတဲ့ အိမ်လေးတွေရဲ့အကြောင်းပေါ့…။

ဒီတော့ ကျွန်တော်တို့တစ်တွေ ပြန်မယ့်အိမ်လေးတွေက ကျွန်တော်တို့တစ်တွေ အတွက် နွေးထွေးမှုလဲ ပေးနိုင်သလို တိုးတက်ဖို့လဲ အခြေခံနေရာ ကောင်းတွေ ဖြစ်အောင် ဖန်တီးမှ ကျွန်တော်တို့တစ်တွေ လွမ်းရတဲ့ အိမ်လေးတွေ အစစ်ဖြစ်မယ်လို့ ယုံကြည်လျှက်...


စာရေးသူ...ဝေဖြိုး
ဆက်ဖတ်ရန်

Sunday, January 2, 2011

Design Basic

Designer တစ်ယောက်အတွက် Architectural နဲ့ Interior Design မှာပါ ကိုယ့် project ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ (သို့မဟုတ်) သေးငယ်ပါစေ မပါမဖြစ် မသိမဖြစ် အမြဲနှလုံးသွင်း သိထားရမှာကတော့ အခြေခံ Elements of Design နဲ့ Principles Design တွေပါပဲ ။

Elements of design ဆိုတာတွေကတော့ line , space, form, shape, texture, colour, light, and time တွေပါပဲ။သူတို့တွေ ကို ပေါင်းစပ် အခြေခံ တည်ဆောက်ထားတဲ့ Principles Design တွေကတော့ Rhythm , Balance , Unity , Scale ,Proportion , Asymmetrical balance ,Variety , Harmony ,Emphasis တွေပါ။

Elements of design
နဲ့ Principles Design ကို ဘယ်လို ဆက်စပ် နေလဲ ဆိုတဲ့ သဘောတရားလေး သိဖို့လိုပါမယ်။လူတစ်ယောက် ဆိုပါစို့...သူ့မှာ ခြေတွေ လက်တွေ စတဲ့ ကိုယ်လက် အင်္ဂါတွေ ပေါင်းစပ် ပါဝင်နေတာ ကြည့်ပြီး လူလို့ သတ်မှတ်နိုင်တယ်..ဒီထက်ပိုပြီး အမျိုးသားလား အမျိုးသမီးလားပေါ့။အဲဒီ ကိုယ်လက် အင်္ဂါတွေက elements တွေပါ။သူတို့တစ်တွေ အချိုး တစ်ကျ ပေါင်းစပ်ဖွဲ့စည်းမှုအား ပေါ် မူတည်ပြီး လှတယ် ရုပ်ဆိုးတယ် ချစ်စရာကောင်းတယ် ဆိုတဲ့ ခံစားမှု အာရုံလေးတွေ ထွက်ပေါ်လာစေ တာတွေက Principles Design တွေပါ။ဥပမာ မျက်လုံးတစ်ဘက်က ကြီးပြီး တစ်ဘက်က သေးနေတယ် ဆိုပါစို့...) Balance အောက်နေပြီလေ။ဒီသဘောလေးပါ....

ဒီတော့ ကျွန်တော်တို့ ဒီဇိုင်းတစ်ခု ဖန်တီးတဲ့ အခါမှာ အမြင်အာရုံအားဖြင့် ကိုယ့်ရဲ့  ဒီဇိုင်းပေါ်လွင်အောင် design principles လေးတွေ နဲclient ခံစား အသုံးဝင်နိုင်အောင် ဆွဲဆောင်နိုင်ဖို့ဒီ Elements လေးတွေကို သတိထား ရွေးချယ် အသုံးပြုတတ်ဖို့ လိုပါမယ်။ ဒီအခြေခံလေးတွေကို ပိုင်နိုင်အောင် ကိုယ်နဲ့ တစ်သားတည်းဖြစ်နေအောင် ဖတ်နေ သိနေရုံနဲ့ တင်မက အမြဲနှလုံးသွင်းပြီး မြင်သမျှ အာရုံတွေမှာ Design နဲ့ ပတ်သတ်သမျှ ဘယ်လိုဖွဲ့စည်းထားတယ် ဘယ်လိုတော့ ကောင်း၏ ၊ ဆိုး၏ စသဖြင့် အသွေးအသားထဲ စိမ့်ဝင်နေအောင် အားထည့် ခံစားလေ့လာရပါမယ်။ ကျွန်တော် ဖြတ်သန်းလာတဲ့ အတွေ့ အကြူံနဲ့ ဖတ်မိတဲ့ စာလေးတွေပေါင်းစပ်ပြီး ကိုယ်ပိုင် အတွေးများရောယှက်ကာ online က အမြည်းပေးထားတဲ့ interior ကျောင်းတစ်ခုက course လေးကို reference လုပ်ပြီး ပြောကြည့်ချင်ပါတယ်။ မသိသေးတဲ့ သူတွေအဖို့ အသိမှား မဖြစ်အောင် အကောင်းဆုံး ကြိုးစားထားပါတယ်။သိတဲ့သူတွေ အတွက်လဲ ရှူထောင့် သစ်တွေ ရတာပေါ့။နောက် ကိုယ်မြင်တဲ့ အမြင်လေးတွေလဲ ဝေမျှဆွေးနွေးပေးပါဦးလို့လဲ ဖိတ်ခေါ်ပါတယ်။


*** (Line)...

line တွေဟာ တစ်ကယ်တန်းဆိုရင် စိတ်ကူးနဲ့ ဖော်ထုတ်ထားတဲ့ အခြေခံ geometry ပါပဲ။တစ်ကယ့် အပြင်မှာ လိုင်းနဲ့ ပုံစံတူတဲ့ shape တွေပဲရှိတာ သတိထားမိမယ်ထင်ပါတယ်။ line တွေ မှာ ပုံစံအမျိုးမျိုး ပါဝင်နေတာလဲ တွေ့ရမှာပါ။ Horizontal line (ရေပြင်ညီ) , Vertical line ( ထောင်လိုက်) , Angle line or Slope (ထောင့်တစ်ထောင့်နဲ့ မြင့်တက်၊ နိမ့်ဆင်း) နောက် Curve ပေါ့ Line segment လေးတွေ အများကြီးတွဲဆက်ပြီး Increasing Curve ,Decreasing Curve စသဖြင့် သူတို့ရဲ့  ကိုယ်ပိုင် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ နဲ့ အမျိုးမျိုး ရှိပါတယ်။

ဥပမာ အားဖြင့် အခန်းတစ်ခု ကိုကြည့်တယ် ဆိုရင် ပဲ
line လေးတွေက အမြင်အာရုံကို ဆွဲခေါ်သွားတာ ကစတာပါပဲ။ရေပြင်ညီ မျဉ်းလေးတွေ က မျှခြေရှိတဲ့သဘော၊သက်တောင့်သက်သာရှိစေသလို၊ပိုပြီး ကျယ်စေတဲ့သဘော လေးတွေရှိပါတယ်။ထောင်လိုက် မျဉ်းလေးတွေကတော့ တည်ငြိမ်တဲ့သဘော၊ စနစ်တစ်ကျရှိစေတဲ့ ခံစားမှု၊ကြီးကျယ်ခမ်းနားတယ်ဆိုတဲ့ ခံစားမှုတွေ အတွက် အထောက်အကူပြုပါတယ်။ angle အစောင်း မျဉ်းလေးတွေကတော့ ခွန်အား ကို တက်စေ ကျစေတဲ့ သဘောလေးတွေ ပေးတတ်သလို curve မျဉ်းကွေးလေးတွေက တော့ သိမ်မွေ့စေသလို၊ လွပ်လပ်တဲ့ freedom သဘောလေးတွေကိုလဲ ကိုယ်စား ပြုပေးတတ်ပါတယ်။ဒီလိုင်းလေးတွေနဲ့ သိမ်သိမ်မွေ့မွေ့ မသိမသာ design ထဲမှာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးနိုင်တာ အသေအချာပါပဲ။
















*** (Space )...

Space ဟာ အဓိက အရေးပါတဲ့ element တစ်ခုအဖြစ် ကျွန်တော်တို့ design ဖန်တီးဖိုအတွက် ပါဝင် နေပါတယ်။ Space ကို ဖန်တီးတဲံ အခါမှာ အမြင်အားဖြင့်လည်းကောင်း၊တစ်ကယ့်ကို physical အားဖြင့်ပါ သတ်မှတ် ဖန်တီးနိုင်ပါတယ်။ဥပမာ အခန်းလွတ်ကြီးတစ်ခုထဲမှာ အခန်းလေးတွေ ဖွဲ့စည်းရာမှာ partation တွေ ပြုလုပ်ကာရံခြင်းဖြင့်ဖန်တီးတာက physical သဘောပါ။ visual သဘောက ဥပမာ living room နဲ့ dinning room ကို လှေကားထစ်လေး တစ်ထစ် level ခွဲထားခြင်းဖြင့်ပိုင်းခြားတဲ့သဘော၊နောက်တစ်ခုက မတူညီတဲ့ material...floor အမျိုးအစား နှစ်မျိုးခွဲတာမျိုး ပေါ့။ အရေးကြီးတာက ကျွန်တော်တို့ ကိုယ်ပိုင် ဖြစ်စေ client လိုအပ်ချက်အရ ဖြစ်စေ အိမ်ထဲမှာ အခန်းတွေ ဖွဲ့တယ်ဆိုပါစို့။အဲဒီ space တွေက တစ်ခုနဲ့ တစ်ခု ဘယ်လို ချိတ်ဆက်နေမလဲ ဆိုတာ အရေးပါပါတယ်။သင့်ရဲ့ အခန်းနဲ့ တစ်ခြားအခန်းတွေ ဘယ်လို ချိတ်ဆက်မလဲပေါ့... function အရဖြစ်စေ design အားဖြင့်ပါ ဆက်သွယ်နေဖို့လိုပါမယ်။ထို့အတူပဲ အိမ် အတွင်းနဲ့ အပြင်ကို ဘယ်လိုချိတ်ဆက်နေမလဲ .visual အရနဲ့လား physical အရလား ဆိုတဲ့ မေးခွန်းလေး တွေကို တစ်ကယ်အလုပ်မှာ ပြေလည်စေဖို့ မဖြစ်မနေ စဉ်းစားစေချင်ပါတယ်။

*** (Shape & Form)...

ဒီ နှစ်ခုက တွဲပြီး ပြောမှ အဆင်ပိုပြေလို့ပါ။Shape ကတော့ two dimension ဖြစ်တဲ့ အလျားနဲ့အနံ ပါဝင် နေပြီး ပြင်ညီ တစ်ခုပေါ်မှာ တည်ရှိတာမျိုးပါ။ဥပမာ- rectangle,circle.. စသဖြင့် ပုံစံတွေကနေ ပုံစံမမှန်တဲ့ ကွေ့ကွေ့ကောက်ကောက် ရှုပ်ထွေးတဲ့ ပုံစံတွေ ပါဝင်နေပါတယ်။ form ကတော့ shape မှာ ထုပါဝင်လာပြီး three dimension ဖြစ်သွားတာပါပဲ။ကျွန်တော်တို့ ဒီဇိုင်း ဖန်တီးတဲ့အခါ ဥပမာ space တွေကို shape တွေ နဲ့ form တွေ ဖန်တီးတည်ဆောက်ရတာပါပဲ။ဥပမာ ကော်ဇောခင်းတယ်ဆိုပါဆို့.. shape လေးတွေလို့ပြောလို့ ရပါတယ်။အပြင်မှာ ဘယ်အရာမဆိုထုရှိပေမယ့် အမြင်အာရုံမှာ ထုအသွင်မဆောင်ရင် shape အနေနဲ့ လို့ ပြောချင်ပါတယ်။အခန်းတစ်ခုဆိုပါဆို့...ဒါဆို rectangular box ပေါ့။ form တစ်ခုပေါ့။လိုအပ်သလို shape တွေ form တွေ ကစားပြီး space တွေ design တွေ ဖန်တီးနိုင်ပါတယ်။ပုံမှန် rectangular shape တွေ Curve shape တွေ Circle shape တွေ စသဖြင့်အမျိုးမျိုး သုံးပြီး ဖန်တီးနိုင်ပါတယ်။..













*** (Texture)...

ကျွန်တော် တို့ ဖန်တီးမယ့် design တွေမှာ အသက်သွင်းဖို့ မဖြစ်မနေ လိုအပ်လာမှာက Texture (material မျက်နှာပြင် အနေအထား)ပါ။အမြင်အားဖြင့် ဒါကတော့ ကျောက်နံရံ၊ဒါကတော့ ဆေးသုတ်ထားတယ်.. စသဖြင့် သိနိုင်သလို ထိတွေ့ ကိုယ်တွယ်ခြင်းအားဖြင့်လဲ အရသာ ခံစားပေးစွမ်းနိုင်တဲ့အတွက် အလွန်ပဲ အရေးပါတဲ့ element ပါ။ရွေးချယ်တဲ့ material texture တွေ ပေါ်လွင်ဖို့ လိုသလို ကျန်တဲ့ design တွေနဲ့ လဲ ဆက်စပ်နေဖို့လိုပါတယ်။ဒါကြောင့် texture တွေ ရွေးချယ် ရတာ design တစ်ခုအတွက် အရေးကြီးတဲ့ critical point လို့ပြောရင် မမှားပါဘူး။အခုခေတ်မှာ တော့ သသာဝ ပစ္စည်းတွေ အပြင် လူတွေ ဖန်တီးထုတ်
လုပ်တဲ့ နည်းပညာသစ် တွေနဲ့ material အသစ်တွေ ဘယ်လိုပဲ ရှိရှိ အဓိက texture သွင်ပြင်တွေက natural form သဘာဝ အရင်းအမြစ်တွေ က လာတာပါပဲ။ဥပမာ အနေနဲ့ ပုံလေးတွေ ကြည်ံနိုင်ပါတယ်။













*** (Color & Light)...

သူတို့ ၂ ခုကတော့ အားလုံး ရင်းနှီးနေပြီးသား ဖြစ်မှာပါ။နောက် light နဲ့ color က အကျယ်ရေးသင့်တဲ့ elements တွေ ဖြစ်တော့ ဒီမှာ မိတ်ဆက် သဘောပဲ ပြောပါ့မယ်။အလင်းနဲ့ အရောင် ၂ ခုဟာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေတဲ့ အတွက် တစ်ခု ပြောင်းတာနဲ့ နောက်တစ်ခုက မဖြစ်မနေကို ပြောင်းလဲ မှုရှိနေတာ ပါပဲ။အရောင်တွေဟာ အထူးသဖြင့် အမျိုးမျိုးသော အလင်း ရင်းမြစ်တွေ ပေါ်မူတည်ပြီး ပြောင်းလဲ တတ် တဲ့ အတွက် အရောင်ရွေးချယ်တဲ့အခါ အသုံးပြူမယ့် အလင်း ရင်းမြစ်တွေနဲ့ စမ်းသပ် ချိန်စ ပြီး ရွေးမှ အဆင်ပြေပါ့မယ်။ဥပမာ- မီးချောင်းထွန်းထားတဲ့ အခန်းထဲက အရောင်နဲ့ မီးလုံး တို့ မီးဆိုင်းတို့... စပေါ့လိုက်လိုမျိုး ကွက်ပြီး အလင်းပေးတာမျိုးတွေ ပေါ်မူတည်ပြီး မြင်ရတဲ့ အရောင်တွေ အနည်းနဲ့ အများကွဲပြားနိုင်ပါတယ်။ နောက်တစ်မျိုးက နေ့အလင်းနဲ့ ညဘက်အချိန် တွေမှာ ကွဲပြားတာတွေက အစ သတိထားလေ့လာ မှတ်သားထားမယ်ဆိုရင် ဒီဇိုင်းဖန်တီးတဲ့ အခါ အမှားနည်းပြီး ထိရောက်တဲ့ ဖန်တီးမှူလေးတွေ ရရှိ နိုင်ပါတယ်။















*** (Time)...

material color form တွေ ဟာ အချိန် ကြာလာတာနဲ့ အမျှ ပြောင်းလဲ နိုင်တဲ့ အတွက် client အတွက် function အသုံးဝင်မှုကော aesthetic အမြင်အာရုံ ပသာဒ ပိုင်းပါ long term period ကိုပါ ထည့်သွင်း စဉ်းစား တတ်ဖို့လဲ လိုပါမယ်။ထို့အတူ material တွေဟာ နေ့တစ်နေ့မှာကိုပဲ မနက်၊နေ့လည်၊ညနေ.... တွေက စပြီး လအလိုက် နှစ်အလိုက် ရာသီတွေ အလိုက် စသဖြင့် သဘာဝအလင်းတွေ ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာတွေကိုလည်း အကုန်လုံးမစဉ်းစားနိုင်တောင် အရေးပါတဲ့ ပြောင်းလဲမှုကို ဖြစ်စေတတ်တဲ့ material တွေ ကိုတော့ အနည်းဆုံး စဉ်းစား သင့်ပါတယ်။ဒါမှလဲ designer တစ်ယောက်ရဲ့  ဖန်တီးမှုတွေ အပေါ် client အနေနဲ့ စိတ်ကျေနပ်ပြီး အသုံးဝင်နေမှာ ဖြစ်တဲ့အတွက် အမြဲ ကုသိုလ်ရနေသလို... အဆင်မပြေခဲ့တာ ရှိခဲ့ရင်လဲ သူတစ်ပါး စိတ်ဆင်းရဲနေရတဲ့ အတွက် အချိန်နဲ့အမျှ ကိုယ့်အတွက် မကောင်းတဲ့ အကျိုးတွေ ပေးနိုင်ပါတယ်။ Principle of Design ဆက်ပါ့မယ် ..။

ဆက်ဖတ်ရန်

Friday, September 24, 2010

Autocad tips 1 (3)

ကျွန်တော် တို့ တစ်တွေ autocad သုံးတဲ့ အခါမှာ အရေးပါတဲ့ tips လေးတွေ ကိုယ်စီရှိကြပါတယ်။ အချိန် ရသလို သိတာလေးတွေ ဝေမျှပါ့မယ်။ အခု ၃ ခု စရေးလိုက်ပါတယ်။
  1. ကျွန်တော်တို့ တစ်တွေ ပုံတွေ ဆွဲတဲ့ အခါ dimension တွေ တပ်တဲ့ အခါ ညီနေအောင် အမြဲသတိထား တပ်ပေမယ့် continous နဲ့ ဆက်သွားလဲနည်းနည်းလေးတွေ မညီလို့ အမြဲ ညှို ရလေ့ရှိပါတယ်.။ အဲဒါတွေ အတွက် dimspace ဆိုတဲ့ command လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
    ပုံလေးမှာ သေချာ ပြထားပါတယ်။ ပုံ ၁ က မလုပ်ရသေးတဲ့ပုံ...ပုံ ၂ က လုပ်ပြီး သွားတဲ့ပုံလေးပါ။



  2. SAVE ဆိုလို. autocad save ၇ဲ. လူသိနည်းတဲ. save အကြောင်ပြော ကြည့်မယ်နော်..... File 1 ခုnew တောင်းပြီး menu ကပဲဖြစ်ဲဖြစ် ၊ command line ကပဲဖြစ်ဲဖြစ် ၊ Ctrl +S နှိပ်တာပဲဖြစ်ဲဖြစ် "save as" dialog box ကျလာပြီိး name ပေး save ၇ပါတယ်။ Save ပြီးတဲ. ဘယ်file ဖြစ်ဖြစ် command line မှာ "save" လို. ရိုက်ကြည်.၇င် "save as" dialog box ကျလာပြီိး name ပေးပြီး save ၇င် အဲဒီ new file က save တဲ. path အတိုင်း save ပြီးး autocad မှာ နဂို file ပဲ ဆက် ရှိနေ မှာနော်။ Original Save as နဲ. ပြောင်းပြန်နော်။ But you must do type "save" in command line.
    နဂိုဆွဲနေတဲ့ ဖိုင်ကနေ save as လုပ်ပြီး နာမည် အသစ်ပေး နဂိုဟာက အော်တိုပိတ်ပြီး အသစ်ပဲရှိနေတော့ နဂိုဟာလိုချင်ရင် ပြန်ဖွင့် ..အသစ်ကို တစ်ခြားပေးဖို့ အတွက်ပိတ်နဲ့ အလုပ်မရှုပ်တော့ပါဘူး။
    နောက် 1 ခုက autocad မှာ file 2 or 3 or 4 files...etc (eg...3 files) ဖွင်.ပြီိး files 1 ခု စီတိုင်း ကို new geometry (eg...rectangle or line or circle..) ဆွဲပြီး ကြိုက်တဲ. file ထဲ မှာ command line " saveall " လို. ရိုက်ပြီး autocad ကို ပိတ်ပါ။ပြီိး၇င် ခုနက files တွေကို check လုပ်ကြည်.၇င် နောက်ဆုံး ဆွဲ ထားတဲ.အတိုင်း တွေ.၇ပါမယ်။ ဖွင့်ထားတဲ့ Files အများကြီး ကို 1 ခါထဲနဲ. save တာနော်။

  3. Rename
    Autocad ဆွဲရင်းနဲ. layers တွေလဲ 2ခု 3ခု ၊blocks...textstyle...dimstyle...စသဖြင်. နံမည်ပြန်ပေးစရာ(rename လုပ်ဖို.)များ နေရင် တစ်ခုချင်းစီ သွားလုပ်၇င် အချိန်ကုန်ပါတယ်။ မြန်အောင် လို. command line မှာ "rename"လို. ရိုက်လိုက်တာနဲ. DialogBox တစ်ခုကျလာပြီး left side မှာ rename လုပ်လို.၇တဲ. types တွေနဲ. right side မှာ left side ကရွေး ထားတဲ. current types မှာပါတဲ.. detail တွေ၇ဲ.name တွေနဲ. အမြန် rename ပြန်ပေးလို.၇ပါတယ်။

ဆက်ဖတ်ရန်

Wednesday, September 22, 2010

ရာသီမဲ့ ပျံသန်းခြင်း



















ညနေခင်း မှောင်ရီပျိုးမှာ မောလျတဲ့ တမ်းခြင်းတစ်ချို့ နဲ့ ခြေလှမ်းတစ်စုံ ကို ပိုင်ဆိုင်ရတာ နှစ်တောင် ကြာခဲ့ပြီကော။ သောကတစ်ချို့ ပြေပျောက်ဖို့ ပျော်ရွှင်မှု ၊ လွပ်လပ်မှု လောင်စာတွေ နဲ့ လောင်ကျွမ်း ရတာ မျှော်လင့်တဲ့ မျက်ဝန်းတွေသာ မရှိဘူးဆိုခဲ့ရင် ဦးတည်ရာ လမ်းတစ်လျှောက် ခဏလောက် မှေးပျောက်ချင်တာ အသေအချာပေါ့။

နေ့တွေ မှာ ပါးလှပ်တဲ့ မာနတရားတွေနဲ့ ညဘက်တွေ ရောက်မှ တစ်ခဏလေး ကိုယ်ပိုင်တွေးနိုင်တာတောင် ညတိုင်း မပိုင်ဆိုင်ရပါဘူး။ကာရံတွေ မသီကုံးနိုင် မွန်းကြပ်တဲ့ အပြူံးတွေ ကြားမှာ ကိုယ်ဟာ အမှောင်လူသား တစ်ယောက်ပေါ့။

လေပြေလေးတွေ စီးဆင်းတဲ့ ညတစ်ချို့မှာ ရယ်သံချိုလေးတွေကို လက်တစ်စုံနဲ့ တစ်မြတ်တစ်နိုး ခံယူရင်းနိုးထခဲ့ရတဲ့ မနက်ခင်းတွေမှာတော့ အိမ်မက်အနာဂတ် တစ်ချို့ အတွက် ခွန်အားတွေပေါ့။

အဝေးတစ်နေရာက အသံလှိုင်းတွေအားပြုလို့ တစ်ခါတစ်ရံမှ သက်ဆိုင်ရတဲ့ နွေးထွေးတဲ့ အသံ တစ်ချို့ အတွက် ချိန်ခါတွေ နှောင်းမှ ဆိုတဲ့ စိတ်တွေက တိတ်တဆိတ် အိမ်ပြည့် နေတယ်လေ။

ငှက်ကလေး အဝေးပျံပေမယ် အချိန်တန်ရင်အိမ်အပြန်လှချင်တာ အသေအချာပါ။အတောင်ညောင်းလို့ နားမိတဲ့ အခါ ဒဏ်ရာ တစ်ချို့နဲ့ ရာသီတွေ ခြောက်ခန်းတဲ့ ငှက် ၊ လမ်းပျောက်တဲ့ငှက် ၊ လေဆန်တွေ ပျံရတဲ့ ကြားက မုန်တိုင်းထန်လာလို့ ဘ၀ပါ ပျောက်တဲ့ငှက်.....ခရီးက ကြမ်းပေမယ့် မျှော်လင့်တဲ့ နှလုံးသားတွေ ရှိတဲ့ အသိုက်အမြုံ သို့ တစ်ခေါက် အပျော်တွေ ပိုက်ရင်း ပျံတတ်အောင်လို့ သန်မာတဲ့ အတောင်ပံ တစ်စုံ ကျွန်တော် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာ ...ခု..ထိ...ပါ ။......
ဆက်ဖတ်ရန်