Thursday, May 26, 2011

" မိုးညိုပြာ " နှင့် တွေ့ဆုံခြင်း


ဒီ မနက် အိမ်မက်ထဲမှာ မိုးနဲ့ တွေ့ဖြစ်တယ်လေ။မိုးမျက်နှာမှာ ဝေခွဲမရတဲ့ အမူအယာ အပြည့်နဲ့ ဖြစ်နေတာ သတိထားမိလိုက်တယ်။" "  ' မိုး ' ဘာတွေ စိတ်ညစ်စရာ ရှိလဲ  ပြောပါဦး " " မပြောတတ်တော့ပါဘူး အစ်ကိုရယ် .. ' မိုး' ကို သူတို့က စွပ်စွဲနေကြတယ် +?+????+" ၊ (((ဘာ))) မိုးကို သူတို့က +?+????+++။  "မိုး တစ်ကယ် သူတို့ပြောသလို ဖြစ်နေတာလား ဟင် " ကျွန်တော့် စိတ်ထဲ အတွေးများ ဖြတ်ခနဲ မိုးရဲ့  အတိတ်များဆီသို့  အာရုံများသွားမိတယ်။
        " မိုးညိုပြာ " ၏ ကဗျာများ ၊ အက်ဆေးများ သည် အင်တာနက် စာပေလောကတွင် အတော်ပင် လူကြိုက်များသည်။ မိုးညိုပြာ ၏ ကဗျာများကို အသည်းကွဲသူများက တစ်စု ၊ ချစ်တတ်သူများက တစ်သင်း ၊ ချစ်သူများက တစ်တပ် ၊ တစ်ကိုယ်ရေ သမားများက တစ်အား အစားစား  ကွဲပြားစွာမြတ်နိုးကြ၏  စွဲလန်းကြ၏ ။
        မိုးညိုပြာ ၏  အက်ဆေးများသည်လည်း ကိုရီးယား ဇာတ်လမ်းတွဲများနှင့် အပြိုင် သူ၊သူမ အတွဲများ သူ၏ ၊သူမ၏ အတွဲများ မှာကျော်ကြားလှသည်။အထူးသဖြင့် ထို အက်ဆေး အခန်းဆက်များ တစ်ပတ် တစ်ကြိမ် အက်(ပ်)ဒိပ်တင်သော နေ့များတွင် မိုးညိုပြာ ၏ အင်တာနက်စာမျက်နှာတွင် အချစ်ကို ကိုးကွယ်သော လူငယ်၊လုံမငယ်ကလေးများမှာ ညနေအစောပိုင်းကတည်းက ကြိုတင်ပြီး  မိုးညိုပြာ ၏  အင်တာနက်စာမျက်နှာကို ၀င်ထားကြပြီး နိုင်ငံခြားမှသူများက ကွန်ပြူတာ အနည်းဆုံးသုံးလုံးထက်မနည်း တစ်ပြိုင်တည်းဖွင့်ထားပြီး အင်တာနက် မီးပျက်သော ရပ်ကွက်မှ သူများကလည်း မတော်လို့ ကောနက်ရှင်ပြုတ်ရင်တောင် အော့ဖစ်လိုင်း မုတ်နှင့်  ကြည့်ဖို့ အထိ ဖတ်ဖို့ အသင့်ပြင်ဆင်ကြကုန်၏။
         အိမ်ပြန်နောက်ကျပြီးမှ နောက်ကျဝင်ကြသူများ အင်တာနက်ဆိုင်များသို့နောက်ကျပြီးလာမည့်သူများ မှာ bandwidth limit ပြည့်သွားပြီး ၀င်မရတော့ပဲ အရင်ဝင်ပြီးထားသူများ နှင့်ကပ်ပြီး ဖတ်ဖို့ တောင်းတောင်း ပန်ပန် လုပ်ပြီး ကြည့်ရသည် အထိ စွဲလန်းကြကုန်၏ ။
          အလားတူပင်  မိုးညိုပြာ ၏ အလယ် ၊ အလတ် ၊ အလယ်၏ အချစ် ၊ အလတ်၏ အမုန်း ..စသော အက်ဆေး အခန်းဆက်များ ကိုလည်း မြန်မာနိုင်ငံနှင့်တစ်ကွ အပြည်ပြည်ဆိုင်ရာ အလှဖန်တီးရှင်များ ၊ မာမီလေးများ ၊မာမီကြီးများ ၊ မာမီလောင်းလျှာများအထိ တစ်ဆတ်ဆတ်တုန် ရင်ခုန် စွဲလန်းရပြန်ပါတယ်။

        တစ်ကိုယ်ရေ သမားများကလည်း မိုးညိုပြာ ၏  တိတ်တိတ် ၊တိုးတိုး ၊တိတ်တိတ်လေးကွဲ၊တိုးတိုးလေးကြေ စတဲ့ အက်ဆေး အခန်းဆက်များနှင့် စိတ်၏စေရာနာခံကြကုန်၏ ( ကိုမိုးမြင့်တိမ်၏ လက်သုံးစကား အဌားသုံးထားပါသည်း) )။
       မှတ်မှတ် ရရပင် တိုးတိုးလေးကွဲ အခန်းဆက် ဇတ်သိမ်းပိုင်းနေ့က အပျိုကြီးတစ်ယောက် မခံစားနိုင်တော့လို့ သူတစ်သက်လုံးစောင့်စားလာခဲ့ရတဲ့ ချစ်သူဟာ သူ့ ညီမ သူငယ်ချင်းဖြစ်ကြောင်း မိုးညိုပြာ စီပုံးနှင့် စာတွင် မန့်ပြီး အိပ်ဆေးတွေ တရားလွန်သောက်ပြီး ဘ၀ထဲက ထွက်ပြေးတော့မည်အထိ မိန်းခလေးချင်း ချစ်တဲ့ အချစ်ကို ရဲဝံ့စွာပင် ကြေငြာသွားသည် အထိ လှုပ်ရှားအောင်မြင်ခဲ့ပါသည်။

       မန့်ဆိုလို့ သူ၏ ကော်မန့် ဘောက်စ် တွင် မန့်လွန်းလှသဖြင့် အင်တာနက်စာပေဆိုင်ရာ ထရက်ဖစ် ဂျန့် အဖွဲ့ကြီးမှ လာရောက်ပြီး ဘလော့ကာဆိုင်ရာ မီးနီ မီးဝါ များ တပ်ဆင်ရသည် အထိ အောင်မြင်လှပါသည်။ထိုမျှအထိ အောင်မြင်လှသော  " မိုးညိုပြာ " တစ်ယောက် အင်တာနက်စာပေလောကမှ လွန်ခဲ့သော ၆ လ ခန့်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါသည်။
       ဘာကြောင့်လဲ ????? ဘာလို့လဲ လူတိုင်းရင်မှာ မေးခွန်းပေါင်းစုံနဲ့  ထင်ကြေးပေါင်းစုံ ထွက်နေကြခဲ့ပါတယ်။ခက်တာက " မိုးညိုပြာ " ဆိုတာ ဘယ်သူဘယ်ဝါမှန်း တစ်ယောက်မှ မသိတာလဲ အတော့်ကို လမ်းစပျောက်နေပါတယ်။ခုထိ " မိုးညိုပြာ "သည် စာဖတ်သူတို့ စိတ်ထဲတွင် အမျိုးသားလား ၊ အမျိုးသမီးလား ၊ ဒါမမဟုတ် ..?? စသဖြင့် အတွေးခက်နေဆဲပါ၊
     နောက်ဆုံးတော့ " မိုးညိုပြာ "၏ အင်တာနက်စာမျက်နှာမှာ အစောပိုင်းတော့ တမ်းစာတွေ လွမ်းစာတွေ ရေးကြတယ် တစ်ဖြည်းဖြည်းနဲ့ တမ်းရင်းလွမ်းရင်းက ကရုဏာဒေါသ စာတွေ ရေးလာကြတယ်။နောက်ဆုံး အသွင်ပြောင်းပြီး ကွဲစာ ဆဲစာတွေပါဖြစ်လာပါတော့တယ်။ဖြစ်လာရတဲ့ အကြောင်းကလဲ အများကြီးပါ။
         ဥပမာ တစ်ခုဆွဲထုတ်ရရင် " မိုးညိုပြာ " နောက်ဆုံး အခန်းဆက် အက်ဆေး အတွဲများမှာ အဆုံးမသတ်သေးပဲ အထူးသဖြင့်  သူ သူမတို့၏ အက်ဆေးမှာ သူမှန်းမသိ သူမမှန်းမသိ ကြားကာလဖြစ်နေတာမျိုး ၊ အလတ်နှင့်အလယ် တွေ့ရာဝယ် ဆိုသော အခန်းဆက် အက်ဆေး အတွဲများမှာလည်း အလတ်ယောင်ယောင် အလည်တောင်တောင် ဖြစ်နေဆဲ ၊ တိုးတိုးလေးကြေ အက်ဆေး အတွဲမှာလည်း ကြေလုကြေဆဲ မကြေကွဲ သေးတဲ့ အဆင့်မှာ က တစ်မှုနဲ့ အဆုံးသတ်ကို စာဖတ်သူတွေ အချင်းချင်း ကွန်ကလူးရှင်းတွေ ဆွဲကြရင်း ချစ်သူအချင်းချင်း အယူအဆတွေကွဲကြ ၊ သူငယ်ချင်းအချင်းချင်း ပြဿနာတွေ တက်နဲ့ နောက်ဆုံး " မိုးညိုပြာ " ဆီ စုတော့တာပါပဲ။
       မိုးညိုပြာ ရဲ့ အင်တာနက် စာမျက်နှာလေးကိုလည်း နောက်ဆုံး ဖျက်သိမ်းရသည်အထိ အရေးယူခဲ့ရပါတယ်။စာဖတ်သူတွေကလဲ အဲဒီ အချိန်တုန်းက စိတ်အရမ်းဆိုးကြပြီး backup တွေ ဖတ်မိပြီး စိတ်ထဲမှာ အနာပေါ်တုတ်ကျပြန်တာမို့ အကုန်လုံး အစမပေါ်အောင် ဖျက်ပစ်ခဲ့တာဆိုတော့ အခု မိုးညိုပြာနဲ့ ပတ်သတ်လို့ နောက်လူတွေ ပုံပြင်လိုပဲ နားထောင် စိတ်ကူးလို့ပဲ ရပါတော့တယ်။
      ကျွန်တော်လည်း အတွေးထဲကနေ ခဏထွက်ပြီး "မိုး" ကို ပြန်ပြောဖို့ အားယူရင် မိုးမှာတစ်ကယ်တော့ ???????? ။ ဆောရီးဗျာ ကျွန်တော် အိမ်မက်က နာရီနိုးစက်နဲ့ အတူ လန့်နိုးလာလို့ ဘာပြောခဲ့မှန်း မမှီခဲ့ဘူးဗျာ။ စာဖတ်သူမိတ်ဆွေတို့လဲ ကူညီပြီး မိုးအတွက် အဖြေ ပေးကြပါဦးဗျား( ကျွန်တော်လည်း သိချင်လို့ပါ။
ဆက်ဖတ်ရန်

Saturday, May 21, 2011

3D material များအကြောင်း သိကောင်းစရာ

Material အကြောင်း သိကောင်းစရာ ဆောင်းပါးမှာ ဘယ် software က ဘယ် material ဆိုတာကို မမှတ်ယူဘဲ material တွေရဲ့ သဘောတရားဆိုပြီး စဉ်းစားကြဘို့ ပထမဦး စွာမှာချင်ပါတယ်။
Material တွေကို တစ်မျိုးအားဖြင့် shader လို့လည်းခေါ်ပါတယ်။ သူများတွေကတော့် ဘယ်လိုခွဲချမ်းလည်းမသိ။ ကျတော် ကလည်း သူများဖွင့်ဆိုတာ မဆိုတာကို သိပ်စိတ်မ၀င်စားတဲ့လူ ဖြစ်နေတော့် ဒီလို ခွဲချမ်းလိုက်ပါတယ်။ material ရဲ့အောက်မှာ ၂ပိုင်း ခွဲပြစ်လိုက်ပါတယ်။ shading ပိုင်းနဲ့ texture ပိုင်းဆိုပြီ။ ဒီနေရာမှာကျတော်ပြောတဲ့ shading က ကျတော်တို့ drawing class တွေမှာဆိုရင် shading ဆိုတာဟာ အလင်းမှောင်နဲ့ object ရဲ့  form ကိုဖေါ်တဲ့ အရာပါ။ အဲဒီလိုဘဲ ကျတော့အမြင်မှာ 3d material တွေမှာလည်း shading ဆိုတဲ့ အပိုင်းအောက်မှာပါတဲ့ ဟာတွေဟာ အဲဒီအလိုဘဲ အရာတစ်ခုရဲ့ ဂုဏ်ရည်သွေးကို ဖေါ်ပြပေးပါတယ်။ ကျတော်ပြောတဲ့ material အောက်က shading ဆိုတာကို ဒီလိုမြင်လိုက်ပါ။


" billiard ball တစ်လုံးမှာရှိတဲ့ no.8 ဆိုတဲ့ အရာနဲ့ အနက်ရောင် ဟာ texture ပါ။ အပေါ်က ပြောင်နေနဲ့ အရာလေးဟာ shading ပါ၊ golf ball မှာဆိုရင်တော့ brand label and white colour ဟာ texture ပါ။ gloss ဖြစ်နေတဲ့ layer လေးနဲ့ bump ဖြစ်နေတဲ့ သဘောတရားဟာ shading ပါ။ Bump ဖြစ်နေတဲ့ သဘောလေးကို ဘာလို့ shading ထဲထည့်တာလည်းလို့ မေးလာရင်။ texture ဟာ flat surface ပါ သူ့ခြည်း ဘာမှ မလုပ်နိုင်ပါဘူး surface ကိုပြောင်းလည်းပေးတဲ့ shading ရဲ့ အာဏိသင်ကြောင့် bump တွေဖြစ်လာတယ်လို့ ကျတော်ဖွင့်ဆိုပါတယ်။
drawing လုပ်တဲ့ နေရာမှာလည်း shading လုပ်တဲ့ အခါကြမှ ဒီ object ဟာ ကြမ်းတယ် ချောတယ် ပြောင်တယ် မှိန်တယ် ဆိုတဲ့ သဘောတရားတွေကို define လုပ် သွားပါတယ်။"

အဲဒီလောက်ဆို ကျတော်ဆိုလိုရင်းကို မြင်လောက်ပြီလို့ထင်ပါတယ်။

အဲဒီတော့ material တွေကို ကြည့်လိုက်ရင် မူရင်းအားဖြင့်။ blinn ၊ phong and Anisotropic ဆိုပြီး များသောအားဖြင့် မူရင်း တွေရှိပါတယ်။ software မတူသလိုလိုက်ပြီး အနည်းအများ ကွာပါတယ်။ မိမိတို့ create လုပ်မဲ့ material ကိုလိုက်ပြီး သင့်တော်မဲ့ အရာကို ရွေးချယ် အသုံးပြုကပါတယ်။ ဘယ်ဟာက ဘာအတွက်သင့်တော်တယ် ဆိုတာတော့ မပြောတော့ပါဘူး ။ မိမိဘာသာ explore လုပ်ကြည့်ပါ။
အဲဒီတော့ ကျေးဇူးရှင်တို့ 3d material တစ်ခုကို ကြည့်လိုက်မယ်ဆိုရင် 2 layer ပါတယ်။ texture layer နဲ့ shading ဆိုပြီ။ ပါလိမ့်မယ်။ material တွေကို recreate လုပ်တဲပ နေရာမှာ အဒီ main layer တွေဟာ ရှင်းရှင်းလေး ၂လွှာ ၃ လွှာလောက်ဘဲ ဖြစ်နိုင်သလို 12 လွှာ ၁၅ လွှာလည်းဖြစ်နိုင်ပါတယ်။

e.g orange skin လိုဟာမျိုး ဟာ ရှင်းရှင်းလေးပါ။ texture ပါတယ်။ reflection(gloss) ပါမယ်။ မညီညာတဲ့ skin အတွက် bump ပါလိမ့်မယ်။ အဲဒီ ဟာတွေကို texture based shading သုံးပြီး လုပ်သွားလို့ရပါတယ်။ texture based shading ဆိုတဲ့ဟာမျိုးကတော့ drawing မှာ အောက်က တခုခု ခံပြီး အပေါ်ကနေခဲတံနဲ့ ခြစ်လိုက်တဲ့ သဘောတရားမျိုးပေါ့။
၅ လွှာ လောက်ပါနိုင်တဲ့ ဟာမျိုးကကြတော့ e.g. metallic multi-colour car paint လိုဟာမျိုး သူ material ကိုလေ့လာကြည့်ရင်။ based colour တွေပါမယ်။ အပေါ်ဆုံးက gloss layer ပါတယ်။ metallic paint တွေမှာပါတယ့် ငွေမှုန်လေးတွေ ရွှေမှုန်လေးတွေပါမယ်။ အဲဒီ ငွေမှုန်လေးတွေ ရွေမှုန်လေးတွေ က ပြောင်နေတဲ့ layer ပါမယ်။ ပြီးတော့မှ car paint တွေမှာပါတဲ့ super gloss ဖြစ်နေတဲ့ layer ကြီးနဲ့ အုပ်ထားလိုက်မယ်။
အဲဒီလိုဟာကနေ အလွာတွေအများကြီးပါနိုင်တဲ့ material တွေကို တွေ့ရပါမယ်။ material က complicated ဖြစ်လေ အလွှာတွေကများလေဖြစ်ပါတယ်။ အဲဒီများပြားလှတဲ့ layer တွေကို ထပ်ထားဘို့ shader တွေလည်းရှိပါတယ်။ အဲလို ထပ်တဲ့ နေရာမှာ Alpha channel ကို ကောင်းစွာ အသုံးချပြီး ထပ်လို့ရပါတယ်။
texture based shading ပြီတော့ နောက်တစ်မျိုး ရှိနေတာက procedural shading ပါ။ အဲဒီ ဟာ က တော်တော် စိတ်ဝင်စားဘို့ကောင်းပါတယ်။ အပြင်က texture တွေမသုံးဘဲ သူ့ထဲမှာပါတဲ့ colour တွေကိုဘဲ use ပြီး create လုပ်သွားတဲ့ နည်းပါ။ ဒီနည်းဟာ လုပ်ကတာ ခက်ပေမဲ့ အားသာချက်တွေအများကြိး ရှိပါတယ်။ ကျေးဇူးရှင်တို့ mosaic tile လိုဟာမျိုးကို procedural မလုပ်ဘဲ texture base shading နဲ့လုပ်ရင် randam mosaic tile တွေဘယ်တော့မှ မရပါဘူး။ game တွေအတွက်တော့ ဒီနည်းက အသုံးမ၀င်ပေမဲ့ အခြားကိတ်စတွေမှာတော့ တော်တော် အသုံးကြပါတယ်။
လုပ်ကတာ ခက်လို့ procedural material လုပ်တတ်တဲ့ လူတွေက procedural လုပ်ထားတာ ဆိုပြီး ဂုဏ်ယူပြီးပြောလေ့ရှိပါတယ်။
အဲဒီတော့ material တစ်ခုကို ပြန်ပြီး recreate လုပ်တော့မယ်ဆိုရင်။ detail ကိုသေခြာကြည့်ပြီး ကျေးဇူးရှင်တို့ အနေနဲ့ အလွာဘယ်နှစ်လွှာလောက် အသုံးပြုသင့်တယ် ဆိုတာ သေခြာ ဆုံးဖြစ်ပြီးမှ အသေးစိတ်လုပ်သင့်ပါတယ်။ scan တန်းဖတ်ပြီး လုပ်ဘို့ စိတ်မစောပါနဲ့။
decent bump and displacement map create လုပ်နိုင်အောင်လေ့ကျင့်ပါ။
displacement map နဲ့ create လုပ်ထားတဲ့ ဒူးရင်းသီးဖြစ်ပါတယ်။



ကျတော်ဟာ လူတစ်ယောက်က သူ့ တပည့်တွေကို bump and displacement map ကိုသေခြာလေ့ကျင့်ဖို့ မှာကြားနေတာကို တွေ့လိုက်တဲ့ အခါမှာ အံအားသင့်မိတယ်။ bump and displacement map များ အဲလောက်အထူးတလယ် လေ့ကျင့်ဘို့လိုလားလို့ထင်မိပါတယ်။ နောက်ပိုင်းမှာတောာ့ တကယ် အရေးကြီးမှန်း သိလာခဲ့ပါတယ်။ စာဖတ်သူတို့လည်း သေခြာလေ့ကျင့်ပါ။ အဲဒီက ရလာတဲ့ နားလည်မှုကို အခြား alpha map, specular map , transparent map etc. တွေမှာ အသုံးချပါ။ အားလုံးဟာ သဘောတရားတူတူပါဘဲ။ ဒါပေမဲ့ displacement map ကို အသုံးပြုရင်တော့ displacement map ဟာ တကယ် 3d form ဖြစ်လာတဲ့ အတွက် အသုံးပြုတဲ့ object ဟာလည်း မိမိ အသုံးပြုထားတဲ့ displacement map အပေါ်မူတည်ပြီး mesh အစိတ်အကြဲဟာ ကိုက်ညီမှဖြစ်ပါလိမ့်မယ်။ ထိုသို့မဟုတ်ရင်
displacement form ဘို့ mesh မရှိတဲ့ အတွက် ဘာမှာ form ဖြစ်မလာဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလောက်နဲ့ ဘဲ ကျတော် ရပ်လိုက်ပါတော့မယ်။ အလုံးဆုံ မပါပေမဲ့ ။ ခွဲခြမ်းစိတ်ဖြာမှု တွေးခေါ်လေး အရေးကြီးတဲ့ ဟာလေးတွေ ခေါင်းထဲရှိသလောက်တော့ ပါအောင် သိကောင်းစရာအနေနဲ့ ဦလေးရဲ့ တိုက်တွန်းချက်အရ ရေးသားပေးလိုက်ပါတယ်။
လေးစားစွာဖြင့်
စာေ၇းသူ :D (မားရီးယပ်စ်)
ဆက်ဖတ်ရန်

Thursday, May 5, 2011

ဗီရေး render ပလပ်အင် ဖော် စကပ်အပ် ပရို ၈


ဗီရေးရမ်းဒါးပလပ်အင်လေးပါ
စကပ်အပ် pro version ၈ အတွက်ပါ။
အထဲက ခရက် ဖိုဒါဖွင့်ပြီး readme ဖတ်
လုပ်ကြည့်ပါ။နောက် ဗီရေးနဲ့ စကပ်အပ် ရမ်းဒါးလုပ်တဲ့ စကပ်အပ် tutorials တွေ အတော်စုံတဲ့ web site လေးပါ ညွှန်းပေးလိုက်ပါတယ်။
ဒီမှာ ဒေါင်းပါ  
ဒီမှာ လေ့လာဖို့ လင့်ပါ။ အဆင်ပြေကြပါစေဗျားး)။
PS..စကပ်အပ် ၈ မရှိသူများအတွက် တင်ပေးထားပြီးသားပါခင်ဗျာ
ဒီမှာပါ                                                                                                                                        
ဆက်ဖတ်ရန်

Tuesday, April 19, 2011

Moroccan Design Concept + History

ကျွန်တော် ဖန်တီးမိခဲ့တဲ့ D ဒီဇိုင်းလေးကို Moroccan Design 1 လို့ အမည်တပ်ရင်း.... D ဒီဇိုင်းလေးကတော့ ကိုပါကြီးရဲ့ မွေးနေ့အတွက် အမှတ်တရ ပေးခဲ့တာလေးပါ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အကြောင်းအရာ ( ၁ ) … ။
တစ်နေ့သ၌ ကံကြမ္မာ သဝေထိုးမှုကြောင့် ( ဆရာ ) ကို ယဉ်အောင်ထွေး နှင့် သိကျွမ်းခွင့် ရပြီးသည့်သကာလ ကျွန်တော်တို့အတွက် များစွာသော ဒီဇိုင်းပညာများ ဆည်းပူးရှာ သိုလှောင်ရုံကြီးတစ်ခု တိုးပွားလာလေသည်အမျှ pure sharing စိတ်ဓာတ်များအတွက် များစွာ မြတ်နိုး လေးစားမိခဲ့လေသည်။
စနစ်တကျ လေ့လာထားသူတစ်ယောက်၏ သင်ကြားမှုများကြောင့်
ကျွန်တော်တို့ရင်တွင်း၌ ဒီဇိုင်းနှင့် ပတ်သတ် ကိန်းအောင်းနေသော
မသေချာမှုများ၊ ဇဝေဇ၀ါများ၊ သို့လောသို့လော အတွေးများစွာကို ပီပြင်ကျနမှုများ ရှိလာလေတော့သည်။
သူ၏ သြ၀ါဒများထဲမှ Style & Theme သည်လည်း ယခု Moroccan Design
ဖြစ်ပေါ်လာစေခြင်း အကြောင်းများထဲမှ တစ်ခုလည်း ဖြစ်လာခဲ့လေတော့သည်။
ဤနေရာမှ ( ဆရာ ) ကိုယဉ်အောင်ထွေးအား လေးစားစွာဖြင့် ကန်တော့သမှုပြုလိုက်ပါသည်။

အကြောင်းအရာ ( ၂ ) … ။
မျက်စိလည် လမ်းမှားခြင်းမျိုးတော့ မဟုတ်။
ရောက်တတ်ရာရာ ( အွန်လိုင်း ) လမ်းသလားရင်း ကျွန်တော်တို့ရောင်းရင်းကြီး Lionslayer ရဲ့ http://blog.yoeyar.com/ ကို ပတ်စိတ်တိုက် လက်ကမျင်းမှုကြောင့်
Moroccan Design ဆိုသော ဒီဇိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့သည်။
ထိုသို့သော အကြောင်းအရင်းတစ်ခုသည်လည်း Moroccan Design ( The Kingdom Of Morocco ) ဖြစ်လာစေခြင်း အကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေပါသည်။

အကြောင်းအရာ ( ၃ ) … ။
ဂစ်တာသမားကြီး ချစ်စမ်းမောင် ( ဆရာချစ် ) ပြောခဲ့သော စကားတစ်ချို့ကို ပြန်ကြားယောင်မိခဲ့တာလေးကို မှတ်မိသလောက် ပြန်တွေးကြည့်ရသည်ရှိသော် ..
သူသည် ဂစ်တာ ကို ဘယ်လောက်တီးတီး ပင်ပန်းတယ်ဟု မထင်မိသော်ငြား သီချင်းတစ်ပုဒ် ဆို ဘို့တော့ အား အတော်ယူရတဲ့သဘောမျိုး ပြောသွားခဲ့တာခြင်းဖြစ်သည်။
ထိုကဲ့သို့အမျိုးအစားနည်းတူ ကျွန်တော်သည်လည်း ဒီဇိုင်းများကို စဉ်းစားလုပ်ကိုင်ရတာ ခုံမင်မက်မောသလောက် ကလောင်ကိုင်ရလျှင်
( ကဗျာ ရေးခြင်းကလွဲလို့ ) လေးလံနေသလိုလို..။ ဘာလိုလို..ညာလိုလို..။
လက်ရှောင်ရေး အတွေးများကို ပီပီပြင်ပြင် ဆင်ခြေများဖြင့် ဖုံးအုပ်ထားမိလေတော့သည်။

သို့သော်ငြား…,

လက်တွဲခေါ်သည် ဆိုခြင်းထက်..လက်ဆွဲခေါ်မတတ် လက်ဆင့်ကမ်းခဲ့သော အကိုတော်များ ( mmo & mtzo) ၏ စေတနာများကို အားတုန့်အားနာ ဖြစ်မိသော အခါများတွင်သော်လည်းကောင်း၊
တစ်ခါတစ်ရံ ငွေကြေးမ၀င်ဘဲ လက်ဖ၀ါးများ ယားယံနေသော အခါများတွင်သော်လည်းကောင်း၊
အသိအကျွမ်းများ sharing လုပ်သော စာပေများကို ဖတ်ရှုပြီးသကာလ ချီးကျူးအားကျမိသော စိတ်များ တဖွားဖွားပေါ်လာသော အခါများတွင်သော်လည်းကောင်း၊
ခင်မင်ရင်းနှီးရသော မိတ်ဆွေများ၏ အမှတ်တရ မွေးနေ့များအတွက် post လက်ဆောင်ပေးတတ်သော ဆန္ဒများ တိုးဝင်လာသည့်အလျောက် ပေးနိုင်ဘို့ အခြေအနေများ ရှိနေသည့် အခါများတွင်သော်လည်းကောင်း၊
ယခုကဲ့သို့ စာများရေးသားရန် အကြောင်းများ ဖန်လာလေတော့သည်။
ထိုသို့သော အကြောင်းများနည်းတူ..
မိတ်ဆွေကြီး ( ဆရာ ) ကိုပါကြီး၏ မွေးနေ့အတွက် အမှတ်တရလက်ဆောင်အဖြစ် မွေးနေ့ကိတ်နှင့်အတူ The Kingdom of Morocco ဟုတ် အမည်တပ်ထားသော် Moroccan Deisgn Theme အား.. လက်ဆောင်အဖြစ် ဖွဲ့တည်ခဲ့မိလေတော့သည်။
ဤသည်ကား The Kingdom Of Morocco ( Moroccan Design ) နိဒါန်းတည်း။…။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခု Moroccan Design သည်ကား Style & Theme ကို ကျောရိုးပြုထားသည်မို့
Style and Theme ကို ဦးစွာ ရှင်းပြရန်လိုပေတော့သည်။
ဥပမာများဖြင့် ပြောဆိုရသော်…
Design တစ်ခုလုပ်ရန် စဉ်းစားသမှုပြုစဉ် ဖရဲသီးတစ်လုံးကို မြင်ယောင်မိသည် ဆိုပါစို့။



၎င်း ဖရဲသီးမှ Style ကို ယူမည်ဆိုခဲ့လျှင် ဒီဇိုင်းတစ်ခုသည် ဤကဲ့သို့ ထွက်ပေါ်လာပေလိမ့်မည်။




အကယ်၍ ၎င်း ဖရဲသီးမှ Theme ကို ယူခဲ့မည်ဆိုလျှင် ဤကဲ့သို့ ထွက်ပေါ်လာပေလိမ့်မည်။





သို့တည်းမဟုတ်.. Style & Theme နှစ်ခုပေါင်းစပ်မည်ဆိုလျှင် ဤကဲ့သို့ ထွက်ပေါ်လာရန် စွမ်းဆောင်နိုင်ပေလိမ့်မည်။


အနည်းငယ် ထပ်မံ ချဲ့ကားရသော်…
ဗစ်တိုးရီးယား နန်းတော် ဒီဇိုင်းတစ်ခုကိုလည်း မိမိတို့နေအိမ်များတွင်လည်း Style ဖြင့် ကူးယူနိုင်သည်။
နေအိမ်အခန်းများကိုလည်း ဘီဂီတ်၏ ဧည့်ခန်း ကဲ့သို့ ပင်လယ်ရေအောက်ရောက်သွားသည့်သဏ္ဌာန် Theme များဖြင့် ဖန်တီးနိုင်သည်။

၎င်းအပြင်
Theme များဖြင့် ဖန်တီးထားသော ရေအောက်ဒီဇိုင်းပုံစံ အခန်းထဲတွင်
Style များဖြင့် ကူးယူထားသော ဗစ်တိုးရီးယားနန်းတော်ဒီဇိုင်းကိုလည်း
Style & Theme ကို ရောနှော ဖန်တီးနိုင်ခြင်းဖြင့် အလိုရှိရာ ဒီဇိုင်း ခံစားမှုများကို ပေနိုင်ပေလိမ့်မည်။
ဤမျှ ဥပမာပြုရသော် Style & Theme ကို ကောင်းစွာ နားလည်မည်ဟု ထင်မိသည်။
အချို့သော Style များအား အသုံးပြုသောအခါ History များကိုပါ လေ့လာရန် လိုအပ်လာပေတော့သည်။
ကျွန်တော်သည် မော်ရာက်ကို ( Morocco ) ဒီဇိုင်းပြုလုပ်ရန် စဉ်းစားခဲ့မိသည့်အလျောက်
၎င်း Moroccan တို့၏ History ကိုလည်း လေ့လာရန် လိုအပ်လာခဲ့လေတော့သည်။

အကျဉ်းချုံးမျှ ဖော်ပြအံ့။

~~~~~~
မနုဿ ဗေဒဆိုင်ရာ နှီးနွယ်မှု နည်းဟန်တစ်ခုဖြစ်သော မော်ရာက်ကို ( Morocco ) နိုင်ငံ၏ သမိုင်းကို လေ့လာခြင်းသည် လွန်စွာ ခက်ခဲ့သော အလုပ်တစ်ခုဆိုတာမှာ ငြင်းဖွယ်ရာ မရှိပေ။
မော်ရာက်ကို ( Morocco ) ယဉ်ကျေးမှုတွင် အာဖရိကန်စပ်ပွား ( African )၊ မြေထဲပင်လယ်အနီးတ၀ိုက် နေထိုင်သော ဒေသလူမျိုး ( Phoenician )၊ ရိုမန် ( Roman )၊ အာရပ် ( Arab )၊ စပိန်လူမျိုး ( Spanish )၊ ပေါ်တူဂီလူမျိုး ( Portuguese ) နှင့် ဖရန့် ( Franch ) သြဇာခံ စသောလူမျိုးတို့၏ ယဉ်ကျေးမှုများ ရောနှောပါဝင်လျက် ရှိနေသည်။

ထိုလွှမ်းမိုးမှုများတစ်ခုခြင်းစီသည် တောင်နှင့်အရှေ့ အစရှိသော တရုတ် ( China )၊
အိန္ဒိယ ( India ) မှ မော်ရာက်ကို ( Morocco )သို့ ကိုယ်ပိုင် လွှမ်းမိုးမှုများ သယ်ယူလာခဲ့ကြသည်။
မော်ရာက်ကို ( Morocco ) လူမျိုးများသည် တခြားလူမျိုးစုများ၏ ယဉ်ကျေးမှုများကို တစိတ်တဒေသ ပြုပြင်မွမ်းမံပေါင်းစပ်ကာ သူတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဒဏ္ဌာရီ အဖြစ် လက်ခံကျင့်သုံးခဲ့ကြသည်။
ထိုသူတို့သည် မူလသဘာဝ ဖြစ်စဉ် ယဉ်ကျေးမှုများကို ချုပ်နှောင်ကန့်သတ်ရန် ကြိုးစားခြင်းသည် မူးနောက်စရာ ရူးပေါပေါကစားနည်းဟု ယူဆမိခဲ့ဟန် တူသည်။
စိတ်လှုပ်ရှားဖွယ် တိုတောင်းသော ကာလများလည်း ရှိလာကြသည်။
အိန္ဒိယ ( India ) မှ ယူရုတ် ( Europe ) သို့ စစ်တုရင် ကစားနည်းကို ပြောင်းရွှေ့ခြင်းဟာ အစဦး ကုန်သွယ်လမ်းကြောင်းအတွင်းသို့ ထိုးထွင်းသိမြင်နားလည်စွမ်း ဥာဏ်ကို ထောက်ပံ့ပေးနိုင်သကဲ့သို့ မော်ရာက်ကို ( Morocco ) လူမျိုးတို့၏ လျှို့ဝှက်နက်နဲသော ရိုးရာယဉ်ကျေးမှုများတွင်လည်း လူသားတို့၏ နက်ရှိုင်းသော ယဉ်ကျေးမှုနှင့် နားလည်မှုတို့မှ ပေါ်ပေါက်လာသော အာဏာရေး၊ နက္ခက်ဗေဒင်၊ အနုပညာနှင့် ဂီတတို့ သဟဇာတ ရောနှော စီဆင်းလျှက် ရှိသည်။
သို့သော် ထိုအရာများသည် ချိန်းကြိုးကွင်းအဆက်ပမာနှယ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ သဘောတရားများ အမြဲယှက်နွယ်လျှက်ရှိသည်။ ထို့ကြောင့် မော်ရာက်ကို ( Morocco ) ၏ သမိုင်းကြောင်းသည် စာပေးများရေးသားရန် များလွန်စွာ ခတ်ခဲနေပေလိမ့်မည်ဟု ညွှန်းဆိုခဲ့ခြင်း ဖြစ်ပေတော့သည်။

စာဖတ်သူများအား ရိုးအီမှု ကင်းဝေစေရန်အလို့ငှါ စာရေးနည်း Style ပြောင်း၍ သော်လည်းကောင်း၊
အကြောင်းအရာများကို ခေါင်းစဉ်ငယ်လေးများ ခွဲခြား၍ သော်လည်းကောင်း ရေးသားမိခဲ့သည်။
စာရေးသူသည် သမိုင်းအတွက် ဒီဇိုင်းပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ၊
ဒီဇိုင်းအတွက် သမိုင်းလေ့လာခြင်းဖြစ်ပါသဖြင့် သမိုင်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာအမှားအယွင်း ၊ လိုအပ်ချက်များ ရှိခဲ့ပါသော် နားလည်ခွင့်လွတ်ပေးစေလိုပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Facts and Statistics

2004 ခုနှစ် ၀န်းကျင် မှတ်တမ်းအရ လူဦးရေ 34 million ခန့်ရှိသော မော်ရာက်ကို ( Morocco ) သည် North Africa အပိုင်းတွင် တည်ရှိပြီး Algeria, Western Sahara, Spain (Ceuta), Spain (Melilla) တို့သည် မော်ရာက်ကို ( Morocco ) ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်၍ မြို့တော်ကတော့ Rabt ဖြစ်ပေသည်။ ကိုးကွယ်သည့်ဘာသာများကို ဖော်ပြရသော်.. Muslim 98.7%, Christian 1.1%, Jewish 0.2% ဖြစ်သည်။

Languages in Morocco
အဓိက အသုံးပြုသော ဘာသာစကားမှာ Arabic ဖြစ်ပြီး ကျေးလက်ဒေသများတွင် အမျိုးအစားများပြားသော ဘာသာစကားများကို သုံးစွဲနေကြသည်။
English၊ French၊ Spanish၊ Amazigh များကိုလည်း သုံးစွဲနေကြဆဲ ဖြစ်သည်။

Moroccan Society & Culture
Christianity၊ Judaism တို့ ကိုးကွယ်သူများ ရှိသော်လည်း Islam Society ကို အခြေပြုထားသော မော်ရာက်ကို ( Morocco ) Culture များသည် African, Muslim and European
စသော Culture များကို ပေါင်းစပ်ထားပြန်သည်။
Muslim တို့ဘာသာသဘောတရားများနှင့် လွန်စွာတူပြီးသကာလ အနည်းငယ် ကွဲလွဲဟန်ရှိသော အကြောင်းများကတော့….
ကြာသပတေး၊ သောင်္ကြာကို ရုံးပိတ်ရက် weekend အဖြစ် သတ်မှတ်တတ်ကြပြီး သောင်္ကြာနေ့သည် ဥပုသ်နေ့အဖြစ် သတ်မှတ်ထားခြင်းကြောင့် ဘုရားရှိခိုးခြင်းလုပ်ငန်းများကို ဂရုတစိုက်လုပ်ဆောင်စေလိုခြင်းအတွက် ဖြစ်ပေမည်ဟု တွေးတောမိသည်။
အဘယ်ကြောင့်ဆိုရသော်.. မော်ရာက်ကန် ( Moroccan ) တို့၏ တစ်နေ့တာတွင်
အာရုဏ်တက်၊ နေ့လည်၊ မွန်းလွဲ၊ နေ၀င်ချိန်၊ ညနေ … ဟု အချိန်များကို ၅ ချိန်မျှထိ သတ်မှတ်ထားပြီး ဘုရားရှိခိုးချိန်များကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် အတိအကျ ဖော်ပြပါရှိသည်။

Etiquette & Customs in Morocco

Meeting Etiquette နှင့် ပတ်သတ်ပြီး ယောင်္ကျားလေးချင်းချင်း၊ မိန်းကလေးအချင်းချင်းတွေ့သောအခါ ပါးချင်းကပ်ပီး နှုတ်ဆက်သလို ခွဲခွါခါနီးတွင် အနောက်တိုင်းဆန်ဆန် လက်ဆွဲနှုတ်ဆက်ပီး Good-Bye ဟု ယဉ်ကျေးပျူငှါစွာ နှုတ်ဆက်တတ်သော မော်ရာက်ကန်( Moroccan ) တို့အိမ်များကို အလှည် သွားမည်ဆိုလျှင်တော့ အရက်ပုလင်းကို ယူမသွားဘို့ သတိပေးရပါလိမ့်မည်။ သွားလည်မည့်အိမ်မှ ကလေးငယ်များကို လက်ဆောင်ပေးခြင်းဖြင်တော့ သင် သူတို့အပေါ် လေးနက်ကြောင်း ပြသနိုင်သည်။ လက်ဆောင်တစ်ခုခု ပေးခဲ့လျှင်တော့ ချက်ချင်း ဖွင့်မကြည့်ဘိုလည်း လိုနေပြန်ပါသေးသည်။

Business Etiquette and Protocol in Morocco
Relationships & Communication ကို ပူးတွဲထားတဲ့ မော်ရာက်ကန် ( Moroccan ) တွေရဲ့ စီပွားရေးနဲ့ပတ်သတ်တဲ့ ဒဿနလေးကတော့
Who you know is more important than what you know


Fashion in Morocco

အ၀တ်အစားပုံစံကို ကြည့်ပီး လူတစ်ဦးတစ်ယောက်၏ social standing ကို ခန့်မှန်းကြသော
မော်ရာယ်ကန် ( Moroccan ) တို့သည် သန့်သန့်ပြန့်ပြန့် ၀တ်ကြသည်မှာ အဆန်းတကျယ် ဟု မဆိုနိုင်တော့ပေ။ ရိုးရာဝတ်စုံကို djellaba ဟုခေါ်တွင်ပီး ၎င်းဝတ်စုံများသည်ပင် Moroccan Culture များကိုလည်း ဖော်ပြနေပြန်သည်။

Music and Dance in Morocco
Music နဲ့ ပတ်သတ်လို့ကတော့..
Arab, Berber and classical styles များကို အကြိုက်နှစ်သက်ကြဆုံး ဖြစ်ကြပြီး
အခြား အရေးပါသော Music အမျိုးအစားများကတော့
ANDALUSIAN
BERBER MUSIC
CHAABI
GHARNATI MUSIC
THE GNAWA
GRIHA တို့ ဖြစ်သည်။
Dance ( အက ) နဲ့ပတ်သတ်ရင်တော့..အထူးတလည် ပြုလုပ်ကျင်းပသော
Ceremonies ၊ festival like marriage ၊ harvest festival, religious gatherings အချိန်များတွင်သာ အများဆုံး က ကြပြီး အသုံးများသော အကအမျိုးအစားများကတော့..
AHOUASH
AHAIDOUS
GUEDRA
TISSINT တို့ ဖြစ်ကြသည်။

Arts and Crafts in Morocco
Arts and Crafts ဖြစ်တဲ့ Aesthetic movement နဲ့ပတ်သတ်ပြီး မော်ရာက်ကို ( Morocco ) နိုင်ငံဟာ
a country rich in culture and tradition is unique in every way လို့ ဆိုပါတယ်။
သူတို့ရဲ့ ထုံလမ်းစဉ်လာ တစ်ခုဖြစ်လာတဲ့ Arts and Crafts ကတော့ Right Colors and Bold Patterns တွေကို ဘယ်လို အစီအစဉ်တကျ ပြလုပ်ရမယ်ဆိုတာကို ကောင်းစွာ နားလည်ခြင်းပါပဲ။
Geometric shapes and Vibrant color များဖြင့် ပြလုပ်လိုသော ဒီဇိုင်းများတွင် ထည့်သွင်း ပေါင်းစပ် ဖွဲ့စည်းတတ်ကြသည်။
( သို့သော် ကျွန်တော်တို့ အမြင်တွင်မူ ရှုပ်ထွေးလှသည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း ဒီဇိုင်နာဟူသည် အထီး၊ အမ၊ တရုတ်၊ ကုလား ဟု ဆိုခြင်းထက် Client အနေဖြင့် ကြည့်ရှုရတတ်သောအခါ
အချို့သော အခါများတွင် လူမျိုးပေါင်းစုံ အမြင်မျိုး ရှိနေတတ်ပြန်သည်။
ဥပမာ ဆိုရသော်.. ဂျပန် ဒီဇိုင်းတစ်ခု စဉ်းစားနေချိန်တွင် ဂျပန်မလေးများသည် လှပနေပြီးသကာလ မော်ရာက်ကို ဒီဇိုင်းများကို လေ့လာနေသောအခါတွင်လည်း မော်ရာက်ကို သူငယ်မလေးများ၏ အလှသည် အမြင်အာရုံတွင် ချောမွေ့ပြေပြစ်နေကြပြန်သည်။ )
မော်ရာက်ကို ( Morocco ) ဒီဇိုင်းများသည် ကောင်းနိုးရာရာများကို စုပေါင်းဖွဲ့စည်းနေသော်လည်း
၎င်းတို့၏ standard များကိုတော့ ထိန်းသိမ်းကြပြီး ပိုမို ဆန်းကျယ်သော လက်ရာများကိုသာ ဆက်လက် ပေါင်းစပ်ကြသည်။

Moroccan Lighting နှင့် ပတ်သတ်သော
Lanterns, Sconces, Lamps, Henna Lamps, Stars များတွင်သော်လည်းကောင်း၊
Moroccan Furniture နှင် ပတ်သတ်သော
Armories & Cabinets, Tables & Night, Stands, Moroccan Seating, Dividers & Screens, Proofs & Hassocks များတွင်သော်လည်းကောင်း၊
Accentes & Decorating များဖြစ်သော
Ceramics & Pottery, Mirrors, Boxes & Chests, Animal Accents, Candles, Hardware, Tiebacks များတွင်သော်လည်းကောင်း၊
Fabrics and Textiles များဖြစ်သော
Fabric, Pillows, Bedding & Bath များတွင်သော်လည်းကောင်း၊
Gifts & Favors များဖြစ်သော
Apparel & accessories, Tea, Glasses, Special Gifts များတွင်သော်လည်းကောင်း၊
Tableware and foods များဖြစ်သော
Berber foods, spices များတွင်သော်လည်းကောင်း၊
Architectural လက်စွဲများဖြစ်သော
Floor Tiles, Wall tiles, Murals & Fountains, Doors, Panels & Archways များတွင်သော်လည်ကောင်း
၎င်းတို့၏ လက်ရာ အသေးစိတ်များကို ကောင်းစွာ လေ့လာသိရှိနိုင်သည်။
ထို့အပြင် ၎င်းတို့၏ လက်ရာမွန်များကို စနစ်တကျ သိုမှီးပြီး လက်ဆင့်ကမ်း လေ့လာနိုင်စေရန်လည်း ထိန်းသိမ်းထားတတ်ခြင်းဖြင့် ဂုဏ်ယူ ၀င့်ကြွားတတ်ပြန်သည်။
Museums of Morocco like:
The Qoubba Art gallery
The Marrakesh Art Gallery
Galerie Delacroix inTangier
Atelier Hassan el Kass in Essaouira


Architecture of Morocco
The kingdom of morocco အလံလေးကတော့ ဒီလိုလေး အရောင် စပ်ထားပါတယ်။



နိုင်ငံတော် အလံဆိုတာ နိုင်ငံတိုင်း နိုင်ငံတိုင်း မှာ နက်နဲလေးနက်လွန်းတဲ့ ကိုယ်ပိုင် အဓိပယ်ဖွင့်ဆိုချက်များနှင့် အရောင်များ ပြည့်ဝနေတတ်စမြဲပါ။
အသုံးပြု ခြယ်သထားသော အရောင်များသည်ပင်လျှင် အဓိပယ်များစွာကို ကိုယ်စားပြုနေကြသည်မှာ အသေအချာတည်းပင်။
မော်ရာက်ကို ရိုးရာဒီဇိုင်းတွင် အရောင်များသည် မရှိမဖြစ်သောအရာတစ်ခုအပါအ၀င်ဖြစ်နေပါသည်။ အပြာရင့်ရင့် ၊ လိမ္မော်စင်းစင်း ၊ စိမ်းစိုစိုရောင်တို့ဟာ သစ်လွင်တောက်ပမှု့များရောယှက်နေကြသည်။ အရသာထူးကဲသော ဟင်းသီးဟင်းရွက်များဖြစ်ကြသည့် ခရမ်းသီး ၊ သံလွင်ပင် ၊ ကုံကုမံ နှင့် ဇီရာပင်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင် နှင့် သဖန်းသီးလိုအသီးများသည် အရောင်ကွန့်မြူးမှု့ကို ထပ်လောင်းဆင့် ကမ်းလှမ်းနေကြသည်။

ထိုသို့ သဘာဝ ပတ်ဝန်းကျင်မှာ ရရှိသော သဘာဝ အရောင်များကို အခြေပြု ဖန်တီး ပေါင်းစပ်ထားသော Color Theme များသည် အမှန်တကယ် စိုပြည်လှပနေပါလိမ့်မည်။

အာဖရိကန် (အာဖရိကတိုင်းပြည်နေထိုင်အာဖရိကလူမဲမျိုး) အရပ်မှာ နေ ပူပြင်းလွန်းမှုကြောင့် နေ့လယ်တွေမှာဆို တစ်နိုင်ငံလုံးကို ဖြူဖွေးလောက်နိုင်လောက်ပါတယ်။
အဲဒီလိုအချိန်တွေမှာဆိုရင် မြက်ဦးထုပ်ဆောင်းပြီး အရိပ်အာဝါသကိုခိုလှုံဖို့ရန် ကျွန်တော်တို့ ရှာဖွေချိန်ပေါ့။ အဲဒီလိုချိန်လေးဆိုရင်ဖြင့် မော်ရက်ကန် လက်သစ်အနုပညာရဲ့ပြောင်မြောက်မှု့ကို တ၀ကြီး တွေ့မြင်ရတဲ့အခွင့်ကောင်းချိန်လေးတစ်ခုပါ။
အရိပ်အာဝါသထဲမှနေပြီး အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားတာတွေကို နွယ်ပင်ဟာ မြေကြီးမှ နေ သို့ တရွ့ရွေ့တက်သွားသလို ခံစား ကြည့်ရှု့နိုင်ပါလိမ့်မယ်။
နေရောင်ဟာ အရောင်တွေကို ပြောင်းလဲစေနိုင်တယ်ဆိုတာကတော့ အင်မတန်မှ သတိမှုသင့်တဲ့ အချက်တစ်ချက်ဆိုတာကိုတော့ အဆိုပြုပါရစေ။
အာဖရိကန်နေရာင်ဟာ အရောင်တွေကို ပိုမိုပြောင်းလဲစေပါတယ်။
ဒီဇိုင်းနာတွေဟာ အရောင်တွေကို မော်ရက်ကန်နေရောင်နဲ့ တင့်တယ်လိုက်ဖက်အောင် အနုပညာမြောက် ဖန်တီးကြတယ်။
မော်ရာက်ကို ဒီဇိုင်း သုခုမ အနုပညာတွေဟာ အလင်းနဲ့အရောင်ကို အထူးပေါင်းစပ်ပြီး
မြင်သူငေးမောလောက်အောင် စွဲဆောင် ဖန်းတီးတတ်ကြပါတယ်။
မော်ရက်ကိုမှာရှိတဲ့ အလင်းနဲ့အရောင်တွေကိုခံစားနိုင်ဖို့ ကြိုးစားကြည့်ချင်ပါသေးတယ်။
ဒါပေမယ့် နေနဲ့ သူ့ရဲ့နေ့တစ်နေ့တာ လှုပ်ရှားမှု့ကိုမမြင်တွေ့ရတဲ့နေရာမှာ အဲဒီအရာတွေကို ခံစားဖို့လုံးဝမဖြစ်နိုင်ပါဘူး။
အရောင်ရင့်ရင့်တွေဟာ နေရာပိုသေးစေတယ်လို့အမြဲဖတ်ရဖူးတယ်။

ဒါပေမယ့်အောက်ကပုံကိုကြည့်လိုက်ရင်တော့ ဘယ်အရာက အဝေးကြီးကိုပိုမြင်သာစေပါသလဲ အလင်း ရင့်ရောင်လား?




အလင်းအမှောင် ချုံ့ချဲ့မှု့တွေ မရှိရင် မူစလင်ဘုရားကျောင်းတစ်ခုရဲ့ မုခ်ခုံးတွေဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ ပုံဖော်မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။
တကယ်လို့များအဲဒီမုခ်ခုံးတွေအကုန်လုံးဟာ အဖြူရောင်ဗလာပိတ်သားပြင်လိုဖြစ်နေမယ်ဆိုရင် အဲဒီမုခ်ခုံးတွေရဲ့နောက်မှာ နေရာခုံးအလွတ်တွေရှိနေတယ်လို့ ကျွန်တော်တို့ ခံစားပုံဖော်မြင်ယောင်မိပါ့မလား?။
အဲဒါကြောင့် အလင်းအမှောင်ချုံ့ချဲ့မှု့ဟာ ဒီဇိုင်းအတွက် အလွန်အရေးကြီးသော အချက်ဖြစ်ပေသည်။
ထိုအချက်ကို ကောင်းမွန်စွာအသုံးပြုဘို့ ကျွန်တော်ကိုယ်တိုင် လေ့ကျင့် ကြိုးစားယူရပါအုံးမယ်။
တကယ်လို့ နေရောင်ကအလင်းအမှောင်ချုံ့ချဲ့မှု့ကို ဖြစ်ပေါ်စေခဲ့ရင် အရမ်းကောင်းမွန်တဲ့ သဘာဝပေးတဲ့ လက်ဆောင်ပါ။
တကယ်လို့သဘာဝနေမင်းက မဖန်တီးပေးခဲ့ရင်တော့ ကျွန်တော်တို့ရဲ့Design life မှာ ဆေးရောင်နှင့်အလင်းအမှောင်ချုံ့ချဲ့မှု့တွေထည့်ဘို့ အမှန်တကယ် လိုအပ်နေပါတော့မယ်။
ထို့ကြောင့် ဒီိဇိုင်းတစ်ခု မလုပ်မှီ ကျွန်တော်တို့ တာဝန်ယူလုပ်ဆောင်ပေးရမယ့် အိမ်ရဲ့ အခြေအနေကို
( ဖြစ်နိုင်ယင် ) ကိုယ်တိုင် သွားကြည့်ပြီး နေအ၀င်အထွက် အလင်းရောင်အခြေအနေကို သွားရောက် လေ့လာစူးစမ်းမှု ပြုသင့်ပါတယ်။ ကိုယ်တိုင် မသွားနိုင်သော်မှ တစ်ဦးတစ်ယောက်ယောက်ကို သွားရောက်ပြီး ဓာတ်ပုံရိုက်ယူဘို့ မှာသင့်ပါတယ်။ ကျွန်တော်တို့ ဖန်းတီးသုတ်လိမ်းထားတဲ့ ဒီဇိုင်း အရောင်များနှင့် materialအရောင်များသည် နေအရောင်၏ လွှမ်းမိုးခြယ်လှယ်မှု ရှိနေသည်ကို သတိမမူမိခဲ့လျှင် မမျှော်လင့်ထားသော အရောင်ပျက်များ ပေါ်ပေါက်လာတတ်ပါသည်။

မော်ရာက်ကန် ( Moroccan ) တွေဟာ
အမေရိကန်ပြည်ထောင်စုတွင်အသုံးပြုထားသော အရောင်များ ( color paint ) ကို Contrast and Highlights ဖြစ်အောင် မော်ရက်ကန်ဓလေ့မှ လာသောအရောင်များနှင့် ပြန်လည်ပေါင်းစပ်ထားပြီး ပြည်ပရောင်းကုန်တွေအဖြစ် စိတ်ဝင်စားဖွယ်ကောင်းအောင် ထုတ်လုပ်ရောင်းချလာကြသည်။

အလင်းအမှောင် အနည်းငယ်ချုံ့လိုက်၊ ချဲ့လိုက်၊ ပုံသဏ္ဍန်ကို နဲနဲရင့်လိုက်၊ နုလိုက်၊ အရောင်များကို မထင်မှတ်သော နေရာရွှေပြောင်းလိုက်ခြင်းအားဖြင့်
ဒီဇိုင်းနာများဟာ ပတ်ဝန်းကျင်ရှိလူသားများစိတ်ကို ပတ်ဝန်းကျင်နှင့်ပိုပြီး လိုက်ဖက်ညီအောင် ထိန်းနိုင်ဖို့ ကြိုးစားလာခဲ့ကြတယ်။
အရောင်များသည် ခံစားတတ်သော သူများအတွက်
အခြေခံကျနလိုက်ဖက်မှုသော အာရုံခံစားမှု့များကို ပိုမို ထုးကဲစွာ ပေးစွမ်းနိုင်ပါသည်..ဟု
အရောင်များ၏ အရေးပါမှုကို တစ်စိတ်တစ်ဒေသ ညွှန်းဆိုဖွင့်ရင်း
မော်ရာက်ကန်များရဲ့ အရောင်းပေါင်းစပ်မှုနဲ့
ကျွန်တော်ရေးသော
မော်ရာက်ကန် တို့၏ History အကျဉ်း ကား.. ဤမျှတည်း။

သမိုင်းကြောင်းကို လေ့လာသမှုပြုခဲ့သည်ပြီးနောက်...
မော်ရာက်ကန် နိုင်ငံ၏ ထင်ရှားကျော်ကြားသော အဆောက်အဦပုံစံများကိုလည်း တစေ့တစောင်း လေ့လာကြည့်ချင်ပါသေးတယ်။

ထို့နောက် သမိုင်းကို လေ့လာခြင်းဖြင့်
Historical Point Of View မှ Design Creation အဖြစ် ဆွဲငင်ယူ ဖန်တီးပုံကိုလည်း..
ကျွန်တော် တတ်စွမ်းသမျှ ရေးသားတင်ပြရန် ကြိုးစားပါအုံးမည်။
~~~ JarJar ~~~




ဆက်ဖတ်ရန်