Wednesday, November 16, 2011

Linear work flow (LWF ) & Gamma 2.2

3D Visualizer  Pipe line မှာ   ရပ်တည်နေတဲ့  သူတွေ  အတွက် ကမ္ဘာ့  CG  ၀န်းကျင်မှာ  တွင်တွင် ပြောနေပေမယ့်   ကျွန်တော်တို့ ၀န်းကျင်မှာ တော့ ပြောတာ အတော်နည်းသလို စီနီယာ တွေ ၀န်းကျင်မှာ ကို   တွင်တွင်  ကျယ်ကျယ် အသုံး မပြုကြသေးတဲ့   workflow   တစ်ခုကတော့  (LWF) Linear work flow & Gamma 2.2  setup ပါ ။ ကျွန်တော် အဓိက အခြေခံပြော မှာကတော့ 3ds max နဲ့ vray  ပေါ်   အခြေခံပြီး  ပြောမှ   ဖြစ်ပေမယ့်  ဒီ concept ဟာ 3d software  renderer  အားလုံး  အတွက်  အသုံးဝင် ပါတယ်လို့   ပြောချင်ပါတယ် ။
3ds max မှာ default  system gamma value  အနေနဲ့  1 ပါ ။ ထို့ အတူ  material အတွက်  texture တွေ ခေါ် ထည့် တဲ့  အခါမှာလဲ   အဲဒီ  ဖိုင်တွေ ကို  gamma value 1 အနေနဲ့   ခေါ်သွင်းဖို့လဲ  input gamma setting မှာ   system gamma value  အနေနဲ့ လဲ  1 ပါ ။ gamma value ကို အကြမ်းအားဖြင့်   လွယ်လွယ် သဘောပေါက်အောင်    ပြောမယ်ဆိုရင်   gamma တန်ဖိုး   များလာရင်   ပိုပြီး  လင်းလာ  လေလေ တန်ဖိုးနည်းလာတာနဲ့   အမျှ   ပိုမှောင်လေလေ လို့  ပြောရင် မြင်မယ် ထင်ပါတယ် ။

Gamma အနေနဲ့ 3d software တွေကို  ဘယ်လို  effect တွေ ဖြစ်စေလဲ ?
ကျွန်တော်တို့ အသုံးပြူနေတဲ့  monitor screen (digital screen) တွေ မှာ အ၀င် input  voltage လိုပြီး  output အနေနဲ့  Light intensity အနေနဲ့   ထွက်ပါတယ် ။ သီအိုရီ  အနေနဲ့  ဆိုရင်  input  voltage နဲ့ output  Light intensity က တိုက်ရိုက် အချိုးကျနေ  ရပါမယ် ။ input power  များလာရင်  output  Light intensity များလာ  ရမယ့်  သဘောပါ ။ နမူနာ graph လေးကို ကြည့်ပါ ..





တစ်ကယ်  လက်တွေ့ မှာ  input  voltage  များသလောက်  output  Light intensity က  တိုး မလာပါဘူး ။ input  voltage   တိုးရင်း တိုးရင်းနဲ့   တစ်နေရာ ရောက်မှ  ရုတ်ချည်း  တက်လာပါတယ် ။ နမူနာ graph လေးကို ကြည့်ပါ ..


ပုံထဲ ကလို  နည်းနေတဲ့ (curve  ဖြစ်နေတဲ့) အခြေအနေ မျိုးမှာ  3d  software မှာ  ဖော်ပြတဲ့   light နဲ့  shadow  area  တွေ  မှာ  ရှိသင့်တာ ထက်   ပိုပြီးမှောင် နေပါတယ် ။  mid tone တွေက  bright ဖြစ်နေပြီး  highlights   တွေ က  overbright  ဖြစ်နေပါတယ် ။

အဲဒီ လွဲနေတာ ကို ပြန်ပြီး correction  လုပ်ပေးဖို့  လိုပါမယ် ။ နမူနာ graph လေးကို ကြည့်ပါ ..


ပုံမှာ  မြင်ရတဲ့  အတိုင်း  ပြောင်းပြန်  အချိုးကျ  curve  လေး ပြန်ထည့် ပေးခြင်း သဘောတရားနဲ့  ပြန်လည် ချိန်ညှိနိုင်ပါတယ် ။ ဒီလို လုပ်ဆောင် ချက်ကို   Gamma  လို့  ခေါ်ပါတယ် ။



Autodesk  3ds max  software  မှာ ပုံမှန် အားဖြင့်   အထက်မှာ ဖော်ပြခဲ့  သလို  system gamma & input gamma default  value တွေ ကို 1  အနေနဲ့  linear  space  အနေနဲ့  သွားပါတယ် ။ အဓိကက   ကျွန်တော်တို့   ခေါ်သွင်းမယ့်  material texture  တွေ ဟာ အများစုက  digital camera တွေ က မှ ရိုက်ယူထားပြီး   edit လုပ်ထားတာ တွေ အများဆုံးပါ ။  digital  camera  တွေ ထဲမှာ ရိုက်ယူလိုက်တဲ့   ပုံရိပ်တွေ ကို  gamma 1  အနေနဲ့ ပဲ ဖဖ်းပါတယ် ။ပြီးမှ  gamma 2.2   auto ပြောင်းပေးလိုက်ပါတယ် ။ Raw image တွေ မှသာ  1 နဲ့ ထုတ်ပေးလေ့ရှိပါတယ် ။   ဒါကြောင့်  ကျွန်တော်တို့ ခေါ်သွင်းမယ့်  ပုံတွေ  အများစုက  ကိုယ်ပိုင်  gamma  2.2  ရှိပြီး သားပါ ။ 3ds max  system  မှာ  input  အနေနဲ့  1 လို့ ယူဆ ပြီး   gamma 2.2 images  တွေကို   ခေါ်သွင်း  ပြီး  system gamma  တန်ဖိုး 1  အတိုင်းပဲ  screen  မှာ ဖော်ပြတဲ့ အတွက်   computer screen  မှာ မြင်ရတဲ့  texture အရည်အသွေးထက်  3ds max  material  အနေနဲ့ ဖော်ပြ render လုပ်တဲ့  အခါ  ပိုပြီး Dark  ဖြစ်နေတာ ကို သတိထား ကြည့်ရင်  မြင်နိုင်ပါတယ် ။
HDRI , Normal map ,bump map ..စသဖြင့် file အမျိုးအစားတွေက တော့ နဂိုတည်းက   gamma  value  1  ဖြစ်နေတဲ့ အတွက် ပြဿနာ မရှိပါဘူး ။ ထို့ အတူ color တွေ အနေနဲ့ လဲ  system gamma  1  အနေနဲ့ပဲ ဆိုတော့  အခုနက  material   တွေ လိုပဲ  dark ဖြစ်နေပါလိမ့်မယ် ။

Conclusion
ကျွန်တော်တို့  gamma ကို 2.2 ပြောင်း correction လုပ်ပြီး စမယ် ( ပိုပြီး လင်းတဲ့ အခြေအနေ )  ဆိုရင်ပဲ  ဖြစ်ဖြစ် 
gamma ကို 1 ပဲထား  စမယ် ( မှောင်တဲ့  အခြေအနေ )  ဆိုရင်ပဲ  ဖြစ်ဖြစ်   နောက်ဆုံး  Result ကတော့  realistic  ဖြစ်မယ့် အခြေအနေ ကိုပဲ  ဦးတည် ပြီးတော့    သွားမှာ ဖြစ်တဲ့  အတွက် အတူတူ ပါပဲ ။
လက်ရှိ ကိုယ့် ဟာကိုယ်ပဲ   render လုပ် client  ကို ပဲ ပြ ဆိုရင်တော့ ဒီတိုင်းပဲ  ဆက်လုပ်လဲ  အဆင်ပြေပါတယ် ။
Compositer  တွေ အနေနဲ့ ကတော့  beauty pass ရအောင် render elements တွေ ပြန်ထပ်ရမှာ ဖြစ်တဲ့  အတွက် မဖြစ်မနေ သုံးဖို့ လိုပါမယ် ။

ကျွန်တော့် အနေနဲ့ လည်း Compositor  တွေ လို အထိ လုပ်နေရတာ မဟုတ်ပဲ  render ထုတ်  postproduction  လုပ် အဲဒီ အထိပဲ ဆိုတော့ ဒီအတိုင်းပဲ  သုံးလို့ တော့  အဆင်ပြေပါတယ် ။

ဒါပေမယ့်  ကျွန်တော် ဒီ အကြောင်းသိတဲ့  အချိန်က စပြီး  gamma setup 2.2 နဲ့  linear workflow  ကို သုံးပါတယ် ။
အဓိက  အချက် ၂ ချက် ရှိပါတယ် ။
၁ ။ gamma value 1 အနေနဲ့  မှောင်နေတာ က စပြီး  lighting တွေ ချိန်မယ်ဆိုရင်  light intensity တွေ အများကြီးတိုး ရမယ် light တွေ ပိုလိုမယ်  ဒါတွေကြောင့်  shadow တွေ ပိုတွက် ရမယ် …memory ပိုသုံးရသလို  rendering  times လဲ  ပို ကြာစေပါတယ် ။
ဥပမာ - ကိုယ်လိုချင်တဲ့  Result ရဖို့ အတွက်  gamma value 1 နဲ့ သွားမယ် ဆိုရင် အဆင့် 10  ဆင့်သွားရမယ် ဆိုရင်
LWF (gamma 2.2 ) နဲ့ ဆိုရင် 5 ဆင့်  လောက်ပဲ သွားရမယ့် သဘောပါ ။
၂ ။ ကိုယ် က တစ်ချိန် မှာ ဒီထက်ပိုပြီး  တိုးတက်အောင် သွားဖို့   ရည်ရွယ်ထားတဲ့   အတွက်  professional  pipe  line မှာ compositor တွေ နဲ့ ဆက်ဆံရမယ် ထို့ အတူ ကိုယ်လဲ  တစ်ချို့ ဟာလေးတွေ  ကိုယ်တိုင် ဖန်တီးချင်မယ်  ဆိုရင်  အခက်အခဲ  တွေ နည်းတာမို့ ပါ ။

နောက် အရေးကြီးတဲ့ အချက်လေး ကတော့  ကျွန်တော်တို့   realistic  lighting units  တွေ နဲ့  actual dimension တွေ သုံးပြီး ဆွဲထားတဲ့  အခန်းတွေ မှာ  render လုပ်တဲ့  အခါ  light ကို တစ်ကယ် ရှိရမှာ ထက် အများကြီး  မြှင့်ပြီး  သုံးနေရပါတယ် ။ အဲဒီ  အတွက် တစ်ချို့  နေရာတွေ မှာ burn တာတွေ လဲ  ပါလာတတ်ပါတယ် ။  အဓိက ပြောချင်တာက တော့   အဲလို   အပြင် အတိုင်း    ဖြစ်ချင်ရင်  gamma setup 2.2  နဲ့  စမှ  light intensity  အများကြီး တင်ဖို့ မလိုသလို  သူတစ်ခုတည်း နဲ့ မပြီးပါဘူး ။နောက် တစ်ခုက  vray physical camera ကို တွဲသုံး မှ  ဖြစ်မှာ ပါ  ။
LWF (gamma 2.2 ) + vray physical camera  ကို တွဲ သုံးမယ်  ဆိုရင်    တစ်ကယ့် lighting units တွေ နဲ့  အနီးစပ် ဆုံး  အဆင်ပြေပါတယ် ။ ပိုပြီး  realistic approach  လဲ  ဆန်ပါတယ် ။

အချိန်ရရင်  3ds max နဲ့ vray  မှာ gamma 2.2  setup  ဘယ်လို လုပ် သလဲ ဆိုတာ ရေးပေးပါ့မယ် ။ lighting units တွေ နဲ့ ပတ်သတ်ပြီး ကျွန်တော် ရေးထားတဲ့  lighting နဲ့ ပတ်သတ်တဲ့ ပိုစ်တွေ မှာ  လေ့လာ နိုင်ပါတယ် ။

လေးစားစွာဖြင့်
ဝေဖြိုး

ဆက်ဖတ်ရန်

Thursday, July 28, 2011

Interior Design ဆို သည်မှာ



ဒီနေ့  ခေတ်မှာ   Interior Design   ဆိုတဲ့   စကားလုံးက   အတော့်ကို   တွင်တွင်ကျယ်ကျယ်  ကြားနေရပါတယ်။ ကျွန်တော့်   အနေနဲ့  လဲ  ပြည့်ပြည့် စုံစုံတော့   သိလှ တယ်တော့   မဟုတ်ပါဘူး။ ဒါပေမယ့်  သိသမျှ   လေးတွေ ကို စနစ်တစ်ကျ  ဝေမျှ  ပေးချင်ပါတယ်။  ရည်ရွယ်ချက်   ကတော့       Interior Design   နဲ့ ပတ်သတ်နေတဲ့  ၀န်းကျင်   စိတ်ဝင်စား  တဲ့ သူတွေ အတွက် သိသင့်တဲ့ ဗဟုသုတ  လေးတွေ  ဝေမျှ ပေးချင်တာပါ။ ဒါမှ လဲ Interior Design နဲ့ ပတ်သတ် ပြီး ဘယ်လို လုပ်ငန်း ဆောင်တာတွေ   ပါဝင်တယ် ၊  ဘယ်လို  တာဝန်တွေကို  ယူရတယ် ဆိုတဲ့ အသိတွေ   ရှိလာပြီး    မှန်ကန်တဲ့   တာဝန်ယူသူတွေ ကို  ဘယ်လို  တန်ဖိုးထား   ရတယ် ဆိုတာ  သဘောပေါက် နားလည်လာမှာပါ။
Interior Design ဆိုတဲ့   ၀န်းကျင်ကို   လက်ရှိ သတ်မှတ်ထားတဲ့   တာဝန်တွေ ပေါ်မူတည်ပြီး  လုပ်ဆောင် ရမယ့်  အပိုင်းတွေ   အလိုက် သက်ဆိုင်ရာ နာမည် တွေ သတ်မှတ်  ပေးထားပါတယ်။

၁။  Interior Architect
၂ ။ Interior Designer
၃ ။ Interior Decorator
ဆိုပြီး  ယေဘူယျ အားဖြင့် ၃  မျိုး ခွဲ ထားပါတယ်။

Interior Design ဆိုတဲ့ အဓိပ္ပါယ်ကို International  Interior  Design Association ( IIDS ) အဖွဲ့ အစည်း က ကြီးမှူးကျင်းပတဲ့  National Council  For  Interior Design Qualification  ( NCIDQ ) Exam အတွက်   သတ်မှတ်ထားတဲ့  အဓိပ္ပါယ် ကို ကျွန်တော် နားလည် သလောက် Overall   ခြုံငုံ    ဖော်ပြပါ့မယ်။

Interior Design  ဆိုတာဟာ အဆောက် အဦး အတွင်းပိုင်း  တွေ မှာ နဂို ရှိပြီး သား  structural အပိုင်းတွေ နဲ့  အံဝင်ဂွင်ကျ ဖြစ်ပြီး  နည်းပညာ   အရကော    တီထွင်ဖန်တီးမှူ  အပိုင်းတွေပါ  အဆင်ပြေအောင် လုပ်ဆောင် ပေးရပါတယ်။ ဘယ်လို အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်မလဲ ဆိုတာ ကတော့ နေထိုင်မည့် သူတွေ အတွက် အသုံးဝင်ပြီး   သူတို့ ရဲ့  ယဉ်ကျေးမှူနဲ့   လိုက်ဖက်ပြီးတော့  အမြင်အားဖြင့်လဲ  မျက်စေ့ ပဒါဿ    ကျကျ ဆွဲဆောင် မှူ ရှိပြီး  ကောင်းမွန် တဲ့  ပတ်ဝန်းကျင်လေး ဖြစ်အောင် လုပ်ပေးရမှာပါ။ ဖန်တီး  လိုက်တဲ့ Design ဟာ လည်း  လက်ရှိ  structural shell ( eg. Existing beam ,column,exterior wall..etc ) တွေနဲ့  အတွင်း မှာ ထားရှိမယ့်  လူ အသုံး အဆောင် ပစ္စည်းတွေ နဲ့ အံဝင်ခွင်ကျ  ဖြစ်နေဖို့လဲ လို ပါမယ်။
  
ထို့ အတူ သတ်မှတ်ထားတဲ့ အဆောက် အဦးအတွက်   လိုက်နာရမည့်     ဥပဒေ   စည်းမျဉ်း  စည်းကမ်းတွေ  နဲ့ လဲ ကိုက်ညီ ပြီး   နေထိုင်မည့်  သူတွေ အတွက် safe ဖြစ်ရမယ် ၊ လေ၀င်လေ ထွက် ကောင်းမွန် ရမယ် ၊ သန့်ရှင်း ရမယ် ၊  ကျန်းမာရေး ရှုထောင့် အရပြေလည် ရမယ် ၊ အပူ ချိန် က အစ သက်ဆိုင်ရာ အသုံးပြူမယ့်  ပစ္စည်းတွေ က လည်း အသုံးပြူမည့် သူတွေ အတွက် အဆင်ပြေရမယ် ( ergonomic) ဖြစ်ရမယ် ။

နောက်ဆုံး အနေနဲ့  Design ကို ဖန်တီးတဲ့ အခါမှာလည်း   စနစ်တစ်ကျ နဲ့ သီအိုရီ knowledge ကြွယ်ဝပြီး ပုံမှန် သမာရိုးကျ ထက် ဖောက်ထွက်နိုင်တဲ့  ဖန်တီးမှူ  မျိုးတွေ ကို client ရဲ့  လိုအပ်ချက်တွေ ပေါ် စူးစမ်းလေ့လာပြီး   client ကျေနပ်နှစ်သက်တဲ့   Interior Space ရပ်ဝန်းလေး  တစ်ခု ဖြစ်ပေါ်အောင် ဖန်တီးနိုင်တာက  အဓိက ရည်ရွယ်ချက်  ပါပဲ။

            Professional Interior တွေဟာ  သတ်မှတ်ထားတဲ့  ပညာ အရည်အချင်း , အတွေ့ အကြုံ , အသိအမှတ် ပြူ စာမေးပွဲ တွေ ဖြေဆိုပြီး  သတ်ဆိုင်ရာ certificate တွေ ရှိထား ရပါမယ် ။ ဒါတွေ ရှိထား ခြင်း အားဖြင့် client အတွက်  ကျန်းမာသန့်ရှင်းပြီး   မြင့်မားလုံခြုံတဲ့  လူနေမှု   ဘ၀  တွေ အပြင် ငွေကြေးအရလဲ  မလိုအပ်ပဲ   မကုန်ကျစေ  အောင် စတဲ့  Interior Designer တွေ  တာဝန်ယူ ရမယ့် နယ်ပယ်တွေ အတွက် ဆောင်ရွှက်နိုင်တဲ့   ယုံကြည် ရမယ့် အရည် အချင်း တွေ ရှိတယ် ဆိုတဲ့ အမှတ် အသား တွေ ကို ကိုယ်စားပြုနိုင် တဲ့ သူတွေ လို့ အသိ အမှတ် ပြူထားတဲ့  သဘောပါ။ အသေး စိတ် တာဝန်တွေ ကို လဲ သတ်မှတ်ထား ပေးပါတယ်။ ဒါတွေကို တော့ နောက်ထပ် ပိုစ် တစ်ခု အနေနဲ့ ဆက်ပေးပါ့မယ်။
လေးစားစွာဖြင့်
ဝေဖြိုး
ဆက်ဖတ်ရန်

Saturday, July 23, 2011

မိရိုးဖလာ အနာဂတ် နှင့် အလုပ်



ပတ်ဝန်းကျင်  တစ်ခုလုံး  အိပ်မောကျ  နေချိန်မှာ အတွေးတစ်ချို့     နှင့်   မောင်မောင်  တစ်ယောက် အိပ်မပျော်ခဲ့ပါဘူး ။ မနက်ဖြန် သူ့ရဲ့ မိရိုးဖလာ လုပ်ငန်းစဉ် ဖြစ်တဲ့ ဘ၀ ရှေ့ရေး  အတွက် တိုင်းတစ်ပါး သို့  သွားပြီး အလုပ်ရှာ  ဖို့  လေဆိပ် သွားရတော့မယ်လေ ။ ပညာတတ်တွေ အသွားများတဲ့ စင်ကာပူ ပေါ့ ။
           ဆယ်တန်းအောင် လို့    အင်ဂျင်နီယာ ကျောင်းလေးပြီး အသက် ၂၀ ၀န်းကျင်ပါပဲ ။ အလုပ်ထဲ တစ်နှစ်လောက်လုပ်သက်  ရှိလာတော့  လစာ  ၆ သောင်းလောက် နဲ့ အဆင်မပြေလို့    တစ်ခြား အလုပ်ပြောင်းဖို့  စီစဉ် မိပြန်တော့ ကိုယ့် အရည်အချင်းနဲ့က  တစ်သိန်းလောက် ရတောင်  ရေရှည် အဆင်ပြေဖို့   မလွယ်ပါဘူး။ ဒါနဲ့ပဲ နိုင်ငံခြား   ထွက်လုပ်မယ်   ဆိုပြီး   အော်တိုကတ်  သင်တန်းတက်    ပြီးပြန်တော့  3D လည်း  လိုတယ်ဆိုလို ထပ်တက် လိုက်ပါတယ်။ 3ds max  တတ်ထားရင် လာစာကောင်းတယ် ဆိုလို့  အပြေးအလွှား တက်ရပြန်နဲ့  ၆ လ..ရ လ လောက်  အကြာမှာ အားလုံး  ပြီးသွားခဲ့ပါတယ်။ စပီကင်  သင်တန်းလည်း  ဒီကြားထဲ တွဲတက်ထားတာပေါ့နော် ။  ကိုယ့်ဘက်ကတော့  အတော်ပြည့်စုံအောင်   ပြင်ဆင်ထားတာပါပဲ။ အဆင်ပြေကောင်း  ပါရဲ့  ။ မပြေရင်တော့ ရှက်စရာကြီး ??? ပြေမှာပါ …သူများတွေ တောင်ကိုယ့်လောက်  မတတ်ပဲ  အလုပ် အဆင်ပြေနေ  ကြတာပါပဲ ။


၁ ။ ဟိုရောက်ရင် အင်မီဂရေးရှင်းက ရစ်ပြီး ပြန်လွှတ်ရင် ပြဿနာပဲ ?
၂ ။ အင်မီဂရေးရှင်း က တစ်လ မပေးပဲ  ၂ ပတ်ပဲ တုံးထုပေးရင်တော့ ဒုက္ခပါ ပဲ ?
၃ ။ အဲဒါ တွေ အဆင်ပြေဖို့ အရေးကြီးတယ်..ကျန်တာက ဟိုရောက်ရင် ကြည့်လုပ်လို့ရတယ် ….
၎ ။ အင်း အလုပ်ရပြန်ရင်လဲ ပတ်စ် တွေ မကျဘူး ကျပ်နေတယ်တဲ့ ?........etc


         ဒီဖြစ်စဉ်လေးမှာ  မောင်မောင်တစ်ယောက် ဘာလို့ ဒီလိုတွေ စိတ်ပူနေရလဲ ။အဲဒါတွေ အဆင်ပြေသွားရင်ကော ဘာတွေ ထပ်ပြီး အခက်အခဲ ကြူံမလဲ ။နောက်ဆုံး အလုပ်ရသွားတောင် ဘယ်လို အလုပ်မျိုး ရနိုင်မလဲ ။ အဆင်ပြေတဲ့ အလုပ်ဆိုတာကကော ??? လစာ ကောင်းကောင်းနဲ့  သက်သက်သာသာ လား ?

     ဟုတ်ပြီ အဲလိုတွေ အဆင်ပြေသွားတောင် ရေရှည်ကို ဘာနဲ့  professional ဖြစ်အောင် ရပ်တည်မလဲ ?
ဖြစ်ချင်တာတော့  “ အများအားဖြင့် အလုပ် အထိုင်ကျရင် ကျောင်းဆက်တက်မယ် ပြီးမှ အဲဒီ လိုင်းပေါ်ရပ်တည်မယ် ’’ ။ ဒါ အဖြေတွေ အတော် များများထဲက အကောင်းဆုံး အဖြေလို့ ပုံမှန် အားဖြင့်             ယူဆလို့  ရပါတယ်။
      ကျွန်တော့် အမြင်အရ  ပြောရမယ်ဆိုရင်  မောင်မောင်လို လူငယ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ နေရာစုံ အလွှာ ပေါင်းစုံ မှာ  ရှိနေပါတယ်။ တစ်ကယ်ဆိုရင် တိုင်းပြည်ရဲ့  အနာဂတ်တွေ ပါ။
    
     သေချာ တွေးမိမယ် ဆိုရင် သူတို့ တွေ မှာ ကိုယ်ပိုင် အနာဂတ် ရည်မှန်းချက် ရေရေ ရာရာမရှိပဲ ရှေ့က သူတွေ အများစု လုပ်နေကြတာ ပဲ အတုယူပြီး  ကြုံသလို သွားနေကြတာပါ။
      သူတို့ တတွေ ရဲ့  အနာဂတ် မရေရာ ဘူးဆိုရင် တိုင်းပြည်ရဲ့  အနာဂတ် ဟာလဲ ဘယ်လိုမှ ရေရာမှု ရှိဖို့ အတော့်ကို မသေချာတော့ပါဘူး ။

          ကျွန်တော် ပြောတဲ့ အနာဂတ် ရည်မှန်းချက်ဆိုတာ မြန်မာပြည်မှာ  တင်မဟုတ် ပါဘူး။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေသူတွေ အများစုလဲ  ဒီရေစီးကြောင်းထဲ မြောပါရင်း အဆင်ပြေသလို ရှင်သန်နေကြတာပါပဲ။ အနေ  ဆင်းရဲ အစားဆင်းရဲ ပေမယ့် အတွေး မဆင်းရဲဘူး  ဆိုရင် မျှော်လင့်ချက် ရှိပါသေးတယ်။ အနေချမ်းသာ အစားချမ်းသာပေမယ့် အတွေးဆင်းရဲနေမယ်ဆိုရင် ဘယ်အချိန် ပြဿနာ နဲ့ ရင်ဆိုင်ရပြီး အခြေအနေတွေ ပြောင်းသွားမလဲ လို့ အမြဲ ပူပန်နေရဦးမှာပါပဲ။
 
အများစု အနေနဲ့ သိကြမှာပါ။ ငယ်စဉ်ကတည်းက   အရမ်းဖြစ်ချင်တာ ရှိပြီး အဲဒီ  ဖြစ်ချင်တဲ့  အတိုင်းပဲ မဖြစ်ဖြစ်အောင် တစ်စိုက်မတ်မတ်   အားစိုက်ပြီး လုပ်ကြတာ။တစ်ကယ်က  အဲဒီလို လူတွေက အတော်နည်းပါတယ်။  ငယ်ငယ်တုန်းက   ဖြစ်ချင်တာ တစ်မျိုး လူငယ် ဖြစ်စမှာ တစ်မျိုးနဲ့ ကျောင်းပြီးကာစမှာ တစ်မျိုး စသဖြင့်   နီးစပ်ရာ ပတ်ဝန်းကျင်ရဲ့  လွှမ်းမိုးမှု ပေါ်မှာ  ပြောင်းလဲ သွားကြတာ များပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်  အများအားဖြင့်  ဆယ်တန်းအောင်  university တက်စ အချိန်အရွယ် ၀န်းကျင်မှာ ကိုယ့်ကိုယ်ကို သေချာ ဆန်းစစ်ကြည့် ဖို့ လိုပါပြီ ။
       
       ကိုယ် ဘယ်လို အလုပ်မျိုးတွေ လုပ်ရတာ ပျော်မွေ့ သလဲ ? ဘယ်လိုမျိုးတွေ နဲ့ အကျိုးပေးများသလဲ စသဖြင့် သေချာ စန်းစစ်သတိထား ခဲ့မယ်ဆိုရင် ကိုယ် ဘယ်လို လမ်းကိုလျှောက်ရမယ် ဆိုတာ သတိပြူမိလာမှာပါ။ ငယ်စဉ်ဘ၀ တည်းက တောက်လျှောက် ၀ါသနာ ပါခဲ့တာမျိုး ရှိရင် ပိုကောင်းပါတယ်။ ဒါပေမယ့် လက်ရှိကျွန်တော်တို့ ရှင်သန်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် နဲ့ ဆိုရင်တော့ ဘွဲ့ရခါနီး  အရွယ်လောက်မှာပဲ သေချာ ဆုံးဖြတ်လို့ ရတာ များမှာပါ။  
               
  ဥပမာ အနေနဲ့   graphic designer တစ်ယောက် ဖြစ်ချင်တယ် ဆိုပါစို့ ။ ဒါနဲ့ ပတ်သတ်တဲ့ အခြေခံ သင်တန်းတွေ အရင်တက်ရမှာပါ ။ အဲဒီ အချိန်လောက်ဆို ဗဟုသုတ လဲ အနည်းငယ် ရှိပြီ ဆိုတော့ ဒါနဲ့ ပတ်သတ်တဲ့ ၀န်းကျင်ကို သေချာ လေ့လာရတော့ပါမယ်။ webdesign   ဆွဲချင်တာလား ၊ logo တွေ magazine   ဒီဇိုင်းတွေ ဆွဲချင်တာလား…နောက် bill board တွေက အစပေါ့   media လုပ်ငန်းတွေ နဲ့ ပတ်သတ်တဲ့ ကြီးကြီး မားမား  တွေ လုပ်ချင်တာလား။ ဒါတွေက ဘယ် လို ခေါင်းစဉ်တွေ အောက်မှာ ရှိမလဲ စသဖြင့်   professional ကျကျ သွားနေတဲ့ လမ်းကြောင်းတွေ detail တွေ လေ့လာပြီး ကိုယ်လိုက်ချင်တဲ့ လမ်းကြောင်းကို သေချာ ထပ်ဆင့်လေ့လာ ရပါမယ်။
                       
ဒီဇိုင်း သီအိုရီ  အခြေခံတွေ ကအစ  အဆင့်မြင့် အထိ လုပ်ငန်းအတွေ့ အကြူံတွေ လဲ ယူ ..ထပ်လဲ လေ့လာ …selfstudy  အပိုင်းအနေနဲ့ လဲ လေ့လာ စသဖြင့် အချိန်ယူ ကြိုးစားဖို့ လိုပါတယ်။ ဥပမာ- intermediate Level  လောက်ရောက်တဲ့ အချိန်မှာ ကိုယ် ရှေ့ဆက်လျှောက် ရမယ့် လမ်းကို ကိုယ်တိုင်တွေးခေါ် စဉ်းစား ဖြတ်သန်းရမယ့်  အသိရှိလာပါ လိမ့်မယ်။
 
         အဲဒီ အချိန်ဆိုရင် ဥပမာ- နိုင်ငံခြား သွား အလုပ်လုပ်မယ်  ဆိုပါစို့ ။ဟိုမှာ ကိုယ် ရပ်တည်တဲ့ လိုင်းနဲ့ ဆက်စပ်ပြီး ဘာတွေ လုပ်နေလဲ ဘယ်လိုဟာတွေ အထိ လုပ်နိုင်ဖို့ လိုလဲ စသဖြင့် ပြင်ဆင်ပြီး အဲဒီ လိုင်းနဲ့ ပတ်သတ်တဲ့ အလုပ်ကိုပဲ  ဦးတည်ပြီး   ပြင်ဆင်သင့်ပါတယ်။ ထို့ အတူ အလုပ်လုပ်ရင်းကျောင်းတွဲတက်မယ်  ဆိုရင်လဲ  ကိုယ်လဲ ၀ါသနာပါ ။လက်ရှိလဲ   လုပ်နေတဲ့ အတွက် အခက်အခဲ အကြီးအမား မရှိပဲ ကျောင်းကိုလဲ ထပ်ဆင့်တက်နိုင် ကိုယ့်ကိုယ်ကို upgrade  လုပ်နိုင်တာပေါ့။ နိုင်ငံခြား မသွားချင်ဘူး ဒီမှာ ပဲ အဆင်ပြေနေတယ်ဆိုရင်လဲ   လက်ရှိ အခြေအနေမှာ ကျေနပ်မနေပဲ  international မှာ ဘာတွေ လုပ်နေလဲ အဲဒီ quality တွေ ကိုယ်လဲ လုပ်နိုင်အောင် ကြိုးစား နေဖို့ လိုပါမယ်။
 
  ဒီလိုမျိုးလေးတွေ ကိုယ်ဖြစ်ချင်တဲ့ လမ်းကို ဦးတည်ပြီး သေချာ လျှောက်လှမ်းမယ်ဆိုရင် နိုင်ငံတစ်ကာမှာ လုပ်တဲ့ သူတွေလဲ တိုင်းပြည်မှာ ရှိတဲ့သူတွေနဲ့    ချိတ်ဆက်ပြီး    အများကြီး  တွဲလုပ်ပြီး  နိုင်ငံတစ်ကာ နဲ့ ယဉ်ဘောင်တန်း နိုင်အောင် ကြိုးစားနိုင်သလို ၊ ပြန်လာခဲ့ မယ်ဆိုရင်လဲ  အချိန်မရွေး  ရပ်တည်နိုင်ပါတယ်။
                  
       ဥပမာ အနေနဲ့ ဆိုရင် ..ကျွန်တော် စကာင်္ပူ မှာ အလုပ်လုပ်တုန်းက  ရုံးက စီနီယာ visualizer တစ်ယောက်က အင်ဒိုနီးရှားက ပါ။ သူ တစ်နှစ်ခွဲလောက် အလုပ်လုပ်ပြီး အထာကျလာတော့ သူ့နိုင်ငံပြန်သွားပြီး  ဟိုကပဲ online ကနေ ရုံးတက်ပြီး လစာကောင်းကောင်းနဲ့ အိုးမကွာ အိမ်မကွာ လုပ်နေတာ တွေ့ရပါတယ်။ အလုပ်ရှင် အနေနဲ့ လည်း လုပ်ငန်းလဲ အထာကျ လစာလဲ အများကြီး ပေးစရာ မလို ၊ စက်ပစ္စည်းက အစ ရင်းနှီးစရာ မလိုပဲ အလုပ်က အဆင်ပြေနေတော့ အတော် သဘောကျစရာကောင်းပါတယ်။ သက်ဆိုင်ရာ နယ်ပယ် အလိုက် ဒီလို အဆင်ပြေတဲ့ အခြေအနေ မူကွဲတွေ အများကြီး ရှိပါလိမ့်မယ်။
             တစ်ကယ်တော့ ကျွန်တော်တို့ ရဲ့  အနာဂတ်ဟာ ကျွန်တော်တို့တတွေ ရဲ့  လက်ထဲမှာပါ။ကျန်တဲ့ policy ပိုင်းတွေ ကြောင့် အခက်အခဲ တော့ ရှိပေမယ့် ကျော်ဖြတ်လို့ ရပါတယ်။ ကိုယ်တိုင် သိဖို့ အတွေး မဆင်းရဲ ဖို့ လိုပါတယ် ။
       ဒီလိုသာ ဆိုရင် မောင်မောင် လို မလိုအပ်တဲ့ ပူပန်မှုတွေ အစား အဓိက ထားပြီး အားစိုက်သင့်တာ ကို အချိန်ပေးနိုင်ပြီး ဘ၀ ရည်မှန်းချက်လဲ ရှိ တိုင်းပြည်လဲ အကျိုးရှိမယ့် အနာဂတ်တွေ စိုပြည်လာမယ်လို့ မျှော်လင့်ရင်း ……


ဆက်ဖတ်ရန်

Thursday, May 26, 2011

" မိုးညိုပြာ " နှင့် တွေ့ဆုံခြင်း


ဒီ မနက် အိမ်မက်ထဲမှာ မိုးနဲ့ တွေ့ဖြစ်တယ်လေ။မိုးမျက်နှာမှာ ဝေခွဲမရတဲ့ အမူအယာ အပြည့်နဲ့ ဖြစ်နေတာ သတိထားမိလိုက်တယ်။" "  ' မိုး ' ဘာတွေ စိတ်ညစ်စရာ ရှိလဲ  ပြောပါဦး " " မပြောတတ်တော့ပါဘူး အစ်ကိုရယ် .. ' မိုး' ကို သူတို့က စွပ်စွဲနေကြတယ် +?+????+" ၊ (((ဘာ))) မိုးကို သူတို့က +?+????+++။  "မိုး တစ်ကယ် သူတို့ပြောသလို ဖြစ်နေတာလား ဟင် " ကျွန်တော့် စိတ်ထဲ အတွေးများ ဖြတ်ခနဲ မိုးရဲ့  အတိတ်များဆီသို့  အာရုံများသွားမိတယ်။
        " မိုးညိုပြာ " ၏ ကဗျာများ ၊ အက်ဆေးများ သည် အင်တာနက် စာပေလောကတွင် အတော်ပင် လူကြိုက်များသည်။ မိုးညိုပြာ ၏ ကဗျာများကို အသည်းကွဲသူများက တစ်စု ၊ ချစ်တတ်သူများက တစ်သင်း ၊ ချစ်သူများက တစ်တပ် ၊ တစ်ကိုယ်ရေ သမားများက တစ်အား အစားစား  ကွဲပြားစွာမြတ်နိုးကြ၏  စွဲလန်းကြ၏ ။
        မိုးညိုပြာ ၏  အက်ဆေးများသည်လည်း ကိုရီးယား ဇာတ်လမ်းတွဲများနှင့် အပြိုင် သူ၊သူမ အတွဲများ သူ၏ ၊သူမ၏ အတွဲများ မှာကျော်ကြားလှသည်။အထူးသဖြင့် ထို အက်ဆေး အခန်းဆက်များ တစ်ပတ် တစ်ကြိမ် အက်(ပ်)ဒိပ်တင်သော နေ့များတွင် မိုးညိုပြာ ၏ အင်တာနက်စာမျက်နှာတွင် အချစ်ကို ကိုးကွယ်သော လူငယ်၊လုံမငယ်ကလေးများမှာ ညနေအစောပိုင်းကတည်းက ကြိုတင်ပြီး  မိုးညိုပြာ ၏  အင်တာနက်စာမျက်နှာကို ၀င်ထားကြပြီး နိုင်ငံခြားမှသူများက ကွန်ပြူတာ အနည်းဆုံးသုံးလုံးထက်မနည်း တစ်ပြိုင်တည်းဖွင့်ထားပြီး အင်တာနက် မီးပျက်သော ရပ်ကွက်မှ သူများကလည်း မတော်လို့ ကောနက်ရှင်ပြုတ်ရင်တောင် အော့ဖစ်လိုင်း မုတ်နှင့်  ကြည့်ဖို့ အထိ ဖတ်ဖို့ အသင့်ပြင်ဆင်ကြကုန်၏။
         အိမ်ပြန်နောက်ကျပြီးမှ နောက်ကျဝင်ကြသူများ အင်တာနက်ဆိုင်များသို့နောက်ကျပြီးလာမည့်သူများ မှာ bandwidth limit ပြည့်သွားပြီး ၀င်မရတော့ပဲ အရင်ဝင်ပြီးထားသူများ နှင့်ကပ်ပြီး ဖတ်ဖို့ တောင်းတောင်း ပန်ပန် လုပ်ပြီး ကြည့်ရသည် အထိ စွဲလန်းကြကုန်၏ ။
          အလားတူပင်  မိုးညိုပြာ ၏ အလယ် ၊ အလတ် ၊ အလယ်၏ အချစ် ၊ အလတ်၏ အမုန်း ..စသော အက်ဆေး အခန်းဆက်များ ကိုလည်း မြန်မာနိုင်ငံနှင့်တစ်ကွ အပြည်ပြည်ဆိုင်ရာ အလှဖန်တီးရှင်များ ၊ မာမီလေးများ ၊မာမီကြီးများ ၊ မာမီလောင်းလျှာများအထိ တစ်ဆတ်ဆတ်တုန် ရင်ခုန် စွဲလန်းရပြန်ပါတယ်။

        တစ်ကိုယ်ရေ သမားများကလည်း မိုးညိုပြာ ၏  တိတ်တိတ် ၊တိုးတိုး ၊တိတ်တိတ်လေးကွဲ၊တိုးတိုးလေးကြေ စတဲ့ အက်ဆေး အခန်းဆက်များနှင့် စိတ်၏စေရာနာခံကြကုန်၏ ( ကိုမိုးမြင့်တိမ်၏ လက်သုံးစကား အဌားသုံးထားပါသည်း) )။
       မှတ်မှတ် ရရပင် တိုးတိုးလေးကွဲ အခန်းဆက် ဇတ်သိမ်းပိုင်းနေ့က အပျိုကြီးတစ်ယောက် မခံစားနိုင်တော့လို့ သူတစ်သက်လုံးစောင့်စားလာခဲ့ရတဲ့ ချစ်သူဟာ သူ့ ညီမ သူငယ်ချင်းဖြစ်ကြောင်း မိုးညိုပြာ စီပုံးနှင့် စာတွင် မန့်ပြီး အိပ်ဆေးတွေ တရားလွန်သောက်ပြီး ဘ၀ထဲက ထွက်ပြေးတော့မည်အထိ မိန်းခလေးချင်း ချစ်တဲ့ အချစ်ကို ရဲဝံ့စွာပင် ကြေငြာသွားသည် အထိ လှုပ်ရှားအောင်မြင်ခဲ့ပါသည်။

       မန့်ဆိုလို့ သူ၏ ကော်မန့် ဘောက်စ် တွင် မန့်လွန်းလှသဖြင့် အင်တာနက်စာပေဆိုင်ရာ ထရက်ဖစ် ဂျန့် အဖွဲ့ကြီးမှ လာရောက်ပြီး ဘလော့ကာဆိုင်ရာ မီးနီ မီးဝါ များ တပ်ဆင်ရသည် အထိ အောင်မြင်လှပါသည်။ထိုမျှအထိ အောင်မြင်လှသော  " မိုးညိုပြာ " တစ်ယောက် အင်တာနက်စာပေလောကမှ လွန်ခဲ့သော ၆ လ ခန့်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပါသည်။
       ဘာကြောင့်လဲ ????? ဘာလို့လဲ လူတိုင်းရင်မှာ မေးခွန်းပေါင်းစုံနဲ့  ထင်ကြေးပေါင်းစုံ ထွက်နေကြခဲ့ပါတယ်။ခက်တာက " မိုးညိုပြာ " ဆိုတာ ဘယ်သူဘယ်ဝါမှန်း တစ်ယောက်မှ မသိတာလဲ အတော့်ကို လမ်းစပျောက်နေပါတယ်။ခုထိ " မိုးညိုပြာ "သည် စာဖတ်သူတို့ စိတ်ထဲတွင် အမျိုးသားလား ၊ အမျိုးသမီးလား ၊ ဒါမမဟုတ် ..?? စသဖြင့် အတွေးခက်နေဆဲပါ၊
     နောက်ဆုံးတော့ " မိုးညိုပြာ "၏ အင်တာနက်စာမျက်နှာမှာ အစောပိုင်းတော့ တမ်းစာတွေ လွမ်းစာတွေ ရေးကြတယ် တစ်ဖြည်းဖြည်းနဲ့ တမ်းရင်းလွမ်းရင်းက ကရုဏာဒေါသ စာတွေ ရေးလာကြတယ်။နောက်ဆုံး အသွင်ပြောင်းပြီး ကွဲစာ ဆဲစာတွေပါဖြစ်လာပါတော့တယ်။ဖြစ်လာရတဲ့ အကြောင်းကလဲ အများကြီးပါ။
         ဥပမာ တစ်ခုဆွဲထုတ်ရရင် " မိုးညိုပြာ " နောက်ဆုံး အခန်းဆက် အက်ဆေး အတွဲများမှာ အဆုံးမသတ်သေးပဲ အထူးသဖြင့်  သူ သူမတို့၏ အက်ဆေးမှာ သူမှန်းမသိ သူမမှန်းမသိ ကြားကာလဖြစ်နေတာမျိုး ၊ အလတ်နှင့်အလယ် တွေ့ရာဝယ် ဆိုသော အခန်းဆက် အက်ဆေး အတွဲများမှာလည်း အလတ်ယောင်ယောင် အလည်တောင်တောင် ဖြစ်နေဆဲ ၊ တိုးတိုးလေးကြေ အက်ဆေး အတွဲမှာလည်း ကြေလုကြေဆဲ မကြေကွဲ သေးတဲ့ အဆင့်မှာ က တစ်မှုနဲ့ အဆုံးသတ်ကို စာဖတ်သူတွေ အချင်းချင်း ကွန်ကလူးရှင်းတွေ ဆွဲကြရင်း ချစ်သူအချင်းချင်း အယူအဆတွေကွဲကြ ၊ သူငယ်ချင်းအချင်းချင်း ပြဿနာတွေ တက်နဲ့ နောက်ဆုံး " မိုးညိုပြာ " ဆီ စုတော့တာပါပဲ။
       မိုးညိုပြာ ရဲ့ အင်တာနက် စာမျက်နှာလေးကိုလည်း နောက်ဆုံး ဖျက်သိမ်းရသည်အထိ အရေးယူခဲ့ရပါတယ်။စာဖတ်သူတွေကလဲ အဲဒီ အချိန်တုန်းက စိတ်အရမ်းဆိုးကြပြီး backup တွေ ဖတ်မိပြီး စိတ်ထဲမှာ အနာပေါ်တုတ်ကျပြန်တာမို့ အကုန်လုံး အစမပေါ်အောင် ဖျက်ပစ်ခဲ့တာဆိုတော့ အခု မိုးညိုပြာနဲ့ ပတ်သတ်လို့ နောက်လူတွေ ပုံပြင်လိုပဲ နားထောင် စိတ်ကူးလို့ပဲ ရပါတော့တယ်။
      ကျွန်တော်လည်း အတွေးထဲကနေ ခဏထွက်ပြီး "မိုး" ကို ပြန်ပြောဖို့ အားယူရင် မိုးမှာတစ်ကယ်တော့ ???????? ။ ဆောရီးဗျာ ကျွန်တော် အိမ်မက်က နာရီနိုးစက်နဲ့ အတူ လန့်နိုးလာလို့ ဘာပြောခဲ့မှန်း မမှီခဲ့ဘူးဗျာ။ စာဖတ်သူမိတ်ဆွေတို့လဲ ကူညီပြီး မိုးအတွက် အဖြေ ပေးကြပါဦးဗျား( ကျွန်တော်လည်း သိချင်လို့ပါ။
ဆက်ဖတ်ရန်